လှော်တက်
ငါဟာလှော်တက်ကိုကိုင်ရင်း
ငါဘ၀ကိုရှာဖို့
အနတ္တလောကသို့ ခြေကိုဆန့်လို့
ပျော်စရာရသစုံကို မစံစားရသေးပေမဲ့
ဘ၀မောစရာ ရသကတော့ စုံလို့
ရေစုန်ကိုမျှော
ဘယ်မှာလဲ ငါ့ဘ၀ ရှာလို့ မတွေ့ရ
ဟော.....သတိရလိုက်မိလေရဲ့
ငါ့လက်ထဲမှာ လှော်တက်
အော်.... မွန်းတောင်တည့်နေပြီကိုး.....။
ခင်လေး (သံလျင်)
No comments:
Post a Comment