သခင်ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူခြင်းသည် အသင်းတော်၏ မျှော်လင့်ချက်ဖြစ်၍ လူတို့၏ သမိုင်းပြဿ နာအပေါင်း၏ အဖြေလည်းဖြစ်သည်။ ကျွန်ုပ်တို့ သိပြီးဖြစ်သော အချက်မှာ ကိုယ်တော်ရှင်သည် ပထမအကြိမ် ကြွလာပြီးဖြစ်၍ ကမ္ဘာသမိုင်း၍လည်း တကဏ္ဍ ပါဝင်ပြီးဖြစ်သည်။ ကိုယ်တော်ရှင် ကြွလာဦးမည်ဖြစ်ကြောင်း အကျွန်ုပ်တို့သိမြင်ကြသည်။ ဤသို့ဆိုရာ၌ ပရောဖက်ပြုခြင်း ကိစ္စ ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာတော်မူရာ၌ လူတို့၏ဝိညာဉ်ကို ကယ်တင် ရန် ဖြစ်၍ နောက်တစ်ဖန် ကိုယ်ခန္ဓာကို ကယ်တင်ရန် ကြွလာဦးမည် ဖြစ်သည်။ ပထမအကြိမ် ၌တစ်ဦးချင်း ကို ကယ်တင်ရန် ဖြစ်၍ ဒုတိယအကြိမ် ကြွလာတော်မူခြင်း၌ အသင်းတော်အဖွဲ့အစည်းကို ကယ်တင် ရန် ဖြစ်သည်။ ခရစ်တော်သည် လက်ဝါးကာတိုင်တွင် အသေခံရန် ပထမအကြိမ် ကြွလာခြင်း၌ ဖြစ်သော် လည်း ရှင်ဘုရင်ဘိသိက် ခံခြင်းငှာ ဒုတိယကြွလာ တော်မူလိမ့်မည်။
ပထမ၌ သစ်တိုင်သို့ ရှေ့ရှုခဲ့သော်လည်း ဒုတိယအကြိမ်၌ ရာဇပလ္လင်သို့ ကြွလာခြင်း ဖြစ်သည်။ သခင်ယေရှု ပထမအကြိမ်၌ ပိလတ်မင်းရှေ့တွင် အစီရင်ခံရသော်လည်း နောက်တစ်ဖန်ကြွ လာသောအခါ ပိလတ်မင်းကို ရှေ့တော်၌ စီရင်ရန်ဖြစ်သည်။
ကိုယ်တော်ရှင် ဒုတိယအကြိမ် ကြွလာခြင်းသည် လူတို့၏ခွန်အား နည်းမှုကြောင့် ပေါ်ပေါက်ရမည့် အမှုကိစ္စ ဖြစ်သည်။ သတ္တဝါသည် မှီ၍သက်ရှင်ကြသည်ဖြစ်၍ မိမိအောင်မြင်သမျှတို့သည် တီထွင်ဖန်ဆင်းခြင်းဖြင့် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ပေါင်းစပ်ဖော်ထုတ်ပြသော အရာများ ဖြစ်သည်။ သခင်ယေရှုခရစ် ပထမအကြိမ် ကြွလာတော်မူရသည်မှာ လူသည် မိမိကိုယ်မိမိ ကယ်ဆယ်မြှင့်တင်ပေးရန် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ လူမျိုးတစ်မျိုးလုံးသည် မိမိတို့ကိုယ်ကို ကယ်တင်ခြင်းရရန် ကြိုးစားပေါင်းများလှပြီ ဖြစ်သေည်။ အာဒံနှင့် ဧဝသည် ဧဒင်ဥယျာဉ်ထဲ၌ မိမိတို့ အဝတ်အချည်းစည်း ရှိသည်ကို သင်္ဘောသဖန်းရွက်တို့ဖြင့် ဖုံးအုပ်ရန် ဆောင်ရွက်ကြသည့် အချိန်ကပင် မိမိတို့ကိုယ်ကို ကယ်တင်ရာ ကယ်တင်ကြောင်း ကြိုးစားမှု စတင်ခဲ့လေသည်။
ထိုအချိန်မှ ယခုအချိန်နာရီ တိုင်အောင် လူတို့၏ ဆိုးရွားယုတ်လျော့သော အခြေအနေနှင့် လိုက်ပါမသွားစေရန် ကြိုးစားပြုခဲ့ကြပေသည်။ ဤကြိုးစားမှုသည် အောင်မြင်မှု မတွေ့ရကြောင်း ရာဇဝင် တစ်လျှောက်လုံး၌ ထင်ရှားခဲ့သည်။ ကောင်းသောအကျင့်၊ ကောင်းမှုပြုခြင်း၊ ဖြောင့်မတ်စွာ ဆက်ဆံခြင်း မှစ၍ ၎င်းတို့အားဖြင့် ပြဿ နာ မပြေလည်နိုင်။ လူအနေဖြင့် ကောင်းမြတ်ကြသော်လည်း သန့်ရှင်းတော် မူသော ဘုရားသခင်၏ စံချိန်အောက်တွင် နိမ့်ကျလျက်သာ ရှိကြသည်။
ထိုအကြောင်းကြောင့် လူအနေဖြင့် မိမိကိုယ်ကို ကယ်တင်ရန် မစွမ်းသည့် အခက်အခဲကို ဖြေရှင်းရန် လက်ဝါးကားတိုင် တရားဖြစ်ပေါ်လာချေသည်။ လက်ဝါးကားတိုင်တော်သည် ဘုရားသခင်အား တတ်နိုင်ဆုံး ဖော်ပြ၍ လူ၏အခြေအနေ ဆိုးယုတ်ဆုံးအဖြစ် ကိုလည်း ဖော်ပြသည်။ သခင်ယေရှုက လက်ဝါးကားတိုင်တော် တွင် အသေမခံမူမှီ အချိန်က လက်ဝါးကားတိုင်သို့ သွားသော သူသည် အသေခံရန်ဖြစ်သည်။ ဆိုးယုတ်သောအပြစ်ဒဏ်ကို စီရင်ရာ၌ လက်ဝါးကားတိုင် ဖြစ်သည်။ ထိုကားတိုင်မှာ ယခုခေတ် ကြိုးစင်၊ လျှပ်စစ်တပ်ကုလားထိုင်နှင့် ဓာတ်ငွေ့လွှတ်သော လေလုံခန်းနှင့် အလားတူ သုံးစွဲသော စနစ်ဖြစ်သည်။ ခရစ်တော်သည် လက်ဝါးကားတိုင်၌ အသေခံတော်မူ ပြီးသည့်နောက် လက်ဝါးကားတိုင် သို့ ချည်းကပ်သူလူတိုင်းသည် အသက်ရှင်ရန် ချည်းကပ်ခြင်း ဖြစ် သည်။ သေဒဏ်ကို ခံရာဖြစ်သောအရာသည် အသက်ကိုသွင်းပေးရာ ဌာနဖြစ်လာသည်။ ဤကား လူ တစ်ဦးစီ တို့၏ အခြေအနေ၌ အားနည်းခြင်းအတွက် ပေးတော်မူသော ဘုရာသခင်၏ အဖြေဖြစ်သည်။
လူတစ်ဦးအခြေအနေသည် အားနည်းခြင်း၌ တည်သောကြောင့် ဘုရားသခင်သည် ဝင်ရောက် ကူညီရသည် သာမက ကယ်တင်ခြင်းအကြောင်း ဖြစ်ပေါ်လာစေရန် လက်ဝါးကပ်တိုင်၌ ရိုက်သတ်ခြင်း အမှု လည်း ပါဝင်လေသည်။ မှီခို၍ အသက်ရှင်ရသည့်အကြောင်း အခြားရှိသေးသည်။ ၎င်းမှာ လူတို့၏ ပေါင်း သင်းဆက်ဆံရေး ဖြစ်သည်။ သမိုင်းစာစောင်များကို လှန်လျောကြည့်ရသည့်အခါ ထင်ရှားစွာတွေ့မြင် နိုင် သည်။ စစ်ဖြစ်ခြင်း၊ စစ်ဖြစ်ရာဖြစ်ကြောင်း သတင်းများ တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည်ပြိုင်ဆိုင်မှု၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဖက်ပြုမှု၊ လူမျိုးရေးမုန်းတီးခြင်း၊ လူတန်းစား ပဋိပက္ခ၊ နိုင်ငံရေး ပုတ်ခတ်မှု၊ စီးပွားရေး ပြိုင်ဆိုင်မှုမှစ၍ ဤအရာအပေါင်းတို့သည်ကား လူ၏ အားနည်းမှု ကိုဖြေရှင်းရာ၌ ပြဿ နာကို တိုး၍ခက်ခဲစေသော အရာများဖြစ်ကြသည်။ စစ်ဖြစ်ရာ၌ စစ်အောင်ရန် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း ငြိမ်းချမ်းမှုကိုလည်း တစ်ဖက်က ဆုံးရှုံးစေသော လူတတ်လူကျွမ်းများ ဖြစ်ကြပြန်သည်။ သိပ္ပံပညာသည် ကမ္ဘာလောကကြီးကို ခြုံ၍ နီးကပ်စွာရှိရန် ဆောင်ကြဉ်းပေးနိုင်သော်လည်း ညီအစ်ကိုချင်းအဖြစ် သို့ ရှေ့ရှုပေးခြင်း မပြုနိုင်ခဲ့။ ဂျက်လေယာဉ်ကို စီး၍ မည်သည့်ရပ်ခြားသို့မဆို နာရီအနည်းငယ်အတွင်း သွားရောက်နိုင်ကြပေသည်။ ထိုအတိုင်း စက်မှုလက်မှု တိုးတက်သည့်ကမ္ဘာကို ပထဝီအနေအထားအားဖြင့် နီးကပ်လာစေသော်လည်း ဝိညာဉ်ရေး၌ ဆွဲဆောင်မှု မပြုလုပ် နိုင်ခဲ့ချေ။
ဘယ်အရာသည် အဖြေဖြစ်သနည်း။
ဘုရားသခင်သည် သက်ဆင်းဝင်ရောက် ဖြေရှင်းရန်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် က ခရစ်တော်ကြွလာ တော်မူရဦးမည်ဟု သွန်သင်သည်။ “ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင် အား လူတိုင်း မိမိနှုတ်ဖြင့် သစ္စာခံရမည်။” (ရောမ ၁၄း၁၁)။ “သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေ ခြင်းငှာ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလိမ့်မည်” (ဟေရှာ ၂း၎)။ “တောခွေးနှင့် သိုးသူငယ်တို့သည် အတူကျက်စား လိမ့်မည်” (ဟေရှာ ၆၅း၂၅)။ “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။ (ဟေရှာ ၁၁း၉)။
လူတိုင်း၏ မှားယွင်းချက်၊ ချွတ်ယွင်းချက်များ၏ အဖြေကား ဤသည်သာလျှင်ဖြစ်သည်။ လူအခြေ အနေအတွက် အခြားအဖြေ မရှိ။ “သခင်ယေရှုကြွလာတော်မူပါ” ဟူသောစကားများ အားဖြင့် သမ္မာကျမ်းစာ စာအုပ်ကို အဆုံးသတ်ထားကြောင်း ဖိတ်ရှုရသည်မှာ အံ့သြဖွယ်ရာ မဟုတ်ကြောင်း သိသာပါသည်။
ဟဗက္ကုတ် အနာဂတ္တိကျမ်း အခန်းကြီး ၁ တွင် ပရောဖက်သည် မိမိတိုင်းပြည်တွင်း အခြေအနေ သည် ကြောက်မက်ဖွယ်ရာ ဖြစ်သောကြောင့် ဝမ်းနည်းငိုကြွေးသော စကားများ ဖြစ် သည်။ ဖြုန်းတီးခြင်း၊ ကြမ်းကြုတ်စွာ ကျင့်ခြင်းအမှုတို့သည် ပျံ့နှံ့လျက်ရှိသည်။ ခိုက်ရန်ဖြစ်ခြင်း၊ ငြင်းခုန်ခြင်းအမှု တို့ကို တစ်ပြည်လုံး၌ တွေ့မြင်ရသည်။ တရားဥပဒေ စောင့်စည်းမှု လျော့ရဲလျက် တရားစီရင်ချက်တို့သည် မမှန် မကန်ရှိပေသည်။ ကောင်းမြတ် သူများတရားရှုံး၍ ဆိုးညစ်သူများ တရားနိုင်ကြသည်။ ဤအခြေအနေ များကြောင့် ပရောဖက်ကြီးက ဘုရားသခင်အားဖြင့် အဖြေပေးရန် တောင်းလျှောက်လေသည်။
ဟဗက္ကုတ် (၁း၅) တွင် “သစ္စာပျက်သောသူတို့ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြတော့။ အကြောင်းမူကား သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း သင်တို့မယူသော အမှုကို သင်တို့လက်ထက် ကာလ၌ ငါပြု၏။ ဤစကားကို တမန်တော် (၁၃း၄၁) ၌ ထည့်သွင်းထားကြောင်း တွေ့ရသည်။ သခင်ယေရှု အားဖြင့် အပြစ်ဒဏ်မှ ပယ်ရှားခြင်းကို လူတို့ခံစားရမည့် အကြောင်းနှင့် ဆက်စပ်ဖော်ပြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ဟဗက္ကုတ်အား မိန့်တော်မူလျက် ရှိသည်မှာ ငါသည် တိုင်းပြည်၌ ဖြစ်ပျက်လျက် ရှိသော အခြေအနေများကို ကြည့်ရှုမည့် ကယ်တင်ရှင်တစ်ပါးကို စေလွှတ်မည် ဟူ၍ ဖြစ်သည်။
ဟဗက္ကုတ်က ပြန်ကြားသည်မှာ ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိ ရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သော သူကို ကိုက်စား သောအခါ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။ တနည်းဆိုသော် ပရောဖက်ကြီးက အရှင်သခင်ဘုရား ကျွန်တော်သည် သစ္စာပျက်သောသူ ဖြစ်၍ ဆိုးသွမ်းမှုကို ကြည့်နိုင်ကြောင်း နားလည်ပါသည်။ သို့ရာတွင် ကိုယ်တော်သည် ထိုသို့ခံရပ် နိုင်ပါမည်လော။ ကိုယ်တော် က ဖြူစင်သန့်ရှင်းတော်မူသည် ဖြစ်၍ ဆိုးသွမ်းမှုနှင့် အဘယ်သို့ ရှိနိုင်ပါမည်နည်း။ သို့ဖြစ်၍ အဘယ်အဖြေ ကို ရှာတော်မူမည်နည်း။ ပရောဖက်ကြီးသည် သေရုပ်ကို ဆောင်လျက် ထိတ်လန့်ဖွယ်ဖြစ်သော အခြေအနေနှင့် ဘုရားသခင်သည် ထိုအခြေအနေကို ကြည့်နေသည်ကို အံ့သြကြောင်း ဖော်ပြသည်။ အဆုံး သတ်သောအခါ ဟဗက္ကုတ်သည် တုန်ရီသောနှလုံးဖြင့် ဘုရားသခင်၏ အဖြေကို စောင့်ဆိုင်းခဲ့သည်။
ထိုကြောင့် အခန်းကြီး (၂) မှစ၍ ရေးသောစကားများမှာ “ငါသည် ကယ်စင်ပေါ်မှာ ရပ်လျက် ရဲတိုက်၌ အမြဲနေလျက် ငါ့အားအဘယ်သို့မိန့်တော်မူမည်ကို လည်းကောင်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို လည်းကောင်း၊ ငါစောင့်၍ နေစဉ်တွင်.....” ဟူ၍ ရေးသားထားသည်။ ဤစကားတို့ကို ဖတ်သောအခါ ဟဗက္ကုတ်သည် တုန်ရီသောအသံနှင့် ရေးကြောင်းသိမှတ် ထားသင့်သည်။ အရှင်ဘုရားမူကား အစဉ်တိုင်း ဖြောင့်မတ်တော်မူပေသည်။ (၂း၂၄) တွင် ထာဝရဘုရားသည်လည်း ဖတ်သောသူသည် ပြေး၍ဖတ်နိုင်အောင် ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။ ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသားနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့.............. ဖြောင့်မတ်သော သူသည် မိမိယုံကြည်ခြင်း အားဖြင့် အသက်ရှင် လိမ့်မည်။
(ဟေရှာ ၁၀း၃၇-၃၈) တွင် ကြွလာလတ္တံ့သော သူသည် မဆိုင်းမလင့်ဘဲ မကြာမမြင့်မီ ရောက် တော်မူလိမ့်မည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။ တနည်းကား ပရောဖက်ကြီးက အရှင်သခင်ဘုရား ဤဆုတ်ယုတ်ခြင်းကို အဘယ်ကြောင့်ကျွန်ုပ်ကြည့်ရှုလျက် အသက်ရှင်နေရပါသလဲ၊ ဘယ်သို့ ကိုယ်တော်ရှင် ပြလို ပါသလဲ ဟု မေးသောအခါ ဘုရားသခင်က ငါသည် သားတော်ကို လက်ဝါးကားတိုင်ပေါ်သို့ တင်ထားပေးမည် ဟု ဖြေကြားတော်မူသည်။ တဖန် ပရောဖက်ကြီးက ဘယ်ကဲ့သို့ သုံးသပ်တော်မူပါမည်နည်း ဟု မေးပြန်သော် အရှင် ဘုရားက သားတော်ကို တဖန် စေလွှတ်တော်မူ ဦးမည်ဟု အဖြေပေးတော်မူသည်။ ယနေ့ရှိသော ဆိုးသွမ်းမှုတို့၏ အဖြေမှာ ဒုတိယအကြိမ် ကြွလာခြင်း ဖြစ်ပေသည်။
ဓမ္မဟောင်းကျမ်း၌ မေရှိယ ကြွလာတော်မူမည် ဟူ၍ ဖော်ပြသောအချက်များ၌ ပါရှိသော ဆန့်ကျင်သကဲ့သို့သော စကားများကြောင့် ရဗ္ဗိခေါင်းဆောင်များတို့ ရှုတ်ထွေးကြသည်။ အချို့သော မေရှိယ ကျမ်းချက်တို့က သေခံသောအစေခံအဖြစ် ဖြင့ လူတို့၏ လွန်ကျူးခြင်းအပြစ်များ ကြောင့်လည်းကောင်း၊ ခရစ်မည်သော ဒုက္ခဒဏ် အပေါင်းတို့ အတွက်ကြောင့် လည်းကောင်း ကိုယ်တိုင်ခံယူ မည် ဖြစ်ကြောင်း ပြသည်။ အချို့သော ကျမ်းများ၌ မူကား စစ်နိုင်တော်မူသော ဘုရင် အဖြစ်ကြွလာ၍ ဘုရားသားသမီးများတို့၏ ရန်သူများကို နှိမ်နှင်း အုပ်စိုးမည်ဟု ဖော်ပြသည်။ လူတို့က ကျမ်းတတ်တို့အား အဖြေမှန်ကို တောင်းဆိုကြသည်။ ရဗ္ဗိဆရာအချို့တို့က မေရှိယနှစ်ပါး ကြွလာတော်မူမည် ဟု ဖြေကြားကြသောဟူ၏။ ထိုသူတို့ အဖြေမှာ မှား၍ မေရှိယတစ်ဦးတည်းပင် နှစ်ကြိမ်ကြွလာတော်မူ မည် ဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင် အခန်းငယ်ပေါင်း (၂၅)ခန်း တိုင်းတွင် ပျမ်းမျှခြင်းအားဖြင့် တစ်ခန်းစီတို့၌ ခရစ်တော်သည် ဘုန်းထင်ရှား၍ ကြွလာတော်မူမည် ဖြစ်ကြောင်း ပါရှိပါသည်။
ထိုကြောင့် ဒုတိယအကြိမ် ကြွလာတော်မူခြင်း အကြောင်းအရာကို ဓမ္မသစ်၌ မကြာခဏ ဖော်ပြထားကြောင်း တွေ့မြင်ရသည်။ အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဓမ္မ သစ်ဆရာများကို ဒုတိယအကြိမ် ကြွလာတော်မူခြင်းအကြောင်းနှင့် ပတ်သက်၍ မကြာခဏ သတိပေး နှိုးဆော်စကား ရေးသားထားခဲ့စေပါသလဲ။ အကြောင်းမှာ အသင်းတော်သည် ခရစ်တော်ကို မမေ့ မပျောက်စေဘဲ အမြဲသတိရစေရန် ဖြစ်သည်။ လူတို့အတွက် ဘုန်းကြီးစေနိုင်သော နေ့ရက်များ ပစ္စုပ္ပန် ကာလ၌ ရှိနေသော်လည်း ဘုရားသခင်ဝင်ရောက် ဆောင်ကျဉ်းပေးမှ သာလျှင် ခေတ် သစ် နေ့ရက်သစ် တို့ကို ခံယူနိုင်ကြပေမည်။ ဖန်ဆင်းတော်မူခြင်း ခံရသမျှသည် ထိုသို့ ဝင်ရောက်ဆောင်ကြဉ်းပေးချက် ကို ရှေ့ရှုလျက် ရှိပေသည်။
မမလေး (ကျုံ တာ)
No comments:
Post a Comment