(၂၁)ရာစုအတွင်း ဂုဏ်သိက္ခာရှိစွာကမ္ဘာလောကကြီးထဲတွင် အစေခံဝန်ထမ်းခြင်းနှင့်
ရင်တွင်းဖြစ်ဓမ္မအတွေးအခေါ် ဖြင့်ဖန်ဆင်းခြင်းကို ပကတိရှုမြင်ခြင်း
လူ့ဂုဏ်သိက္ခာဆိုသည်မှာ .........
- ဘုရားသခင်ဟာ လူသားများဖြစ်တဲ့ အမျိုးသမီး၊အမျိုးသား များကို သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းထား ပါတယ်။ ရည်ရွယ်ချက်ကတော့ သူဖန်ဆင်းထားတဲ့ ကမ္ဘာကြီးမှာ နေထိုင်ပြီး ကမ္ဘာကြီးကိုသစ္စာ ရှိစွာကြည်ရှုထိန်းသိမ်းဖို့ ဖြစ်တယ်။
- ဆာလံ(၈) မှာပါတုံအချက် တစ်ချက်က လူဟာ ဘုရားသခင်ရဲ့အောက် အနည်းငယ်နိမ့်စွာ ဖန်ဆင်းထားခြင်း ခံရတယ်လို ဆိုပါတယ်။ ဟေဗြဲဘာသာစကား “အီလိုဟင်” ကို ဘုရားသခင်(၀ါ) ကောင်းကင်တမန်လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ ဒါကြောင့် လူများဟာ ဖန်ဆင်းခြင်းမှာ အလွန်အရေးကြီး ပါတယ်။ လူသားဟာ ဖန်ဆင်းခြင်းရဲ့ သရဖူဖြစ်ပါတယ်။
- ဘုရားသခင် ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းခြင်းခံရသည် ဆိုရာမှာ သိက္ခာ(Dignity)၊ သီလ(ethics)၊ နဲ့ တန်ဖိုး(Value) ရှိခြင်းကို ဆိုလိုသည်။ လူ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့ကုလသမဂ္ဂ လူအခွင့်အရေး ကြေဌာစာတမ်း ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူသားအားလုံးဟာ တန်းတူညီမျှ စွာ ဖန်ဆင်းထားခြင်း ခံရပါတယ်။ လူမျိုး၊ အဆင့်အတန်း၊ အသက်အရွယ်၊ အမျိုးသမီး အမျိုးသား ခွဲခြားခြင်း မရှိကြပါဘူး။
- လူ့ဂုဏ်သိက္ခာ(Human dignity) ကို လုယူလို့ မရပေမဲ့ ချိုးဖျက်လို့ ရပါတယ်။ (ခေါင်းပုံဖြတ်ခံရခြင်း၊ ခွဲခြား ဆက်ဆံ ခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ ဆင်းရဲခြင်း၊ ရောဂါဘယစွဲကပ်ခြင်း)
- ခရစ်ယာန်ဓမ္မရှုထောင့်ကကြည့်ရင် ဆင်းရဲခြင်း (၃)မျိုး တွေ့ရပါမယ်။
ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်း(material poverty)၊ မတရားခေါင်းပုံဖြတ် ခံရမှုများကြောင့် ဂုဏ်သိက္ခာ၊ သြဇာ အာဏာကင်းမဲ့ခြင်း (Sociological poverty)၊ နဲ့ ကိုယ်ရဲ့ ဆင်းရဲနွမ်းပါးမှု၊ အားနည်းမှုကြောင့် သိမ်ငယ်နိမ့် ကျစိတ် ၀င်နေခြင်း (Spiritual poverty) တို့ဖြစ်သည်။
သီသြလော်ဂျီ (သို့) ဓမ္မအတွေးအခေါ် ဆိုတာဘာလဲ။
Theology ဆိုသည့်ဝေါဟာရ ဟာ မူရင်းဂရိဝေါဟာရဖြစ်တဲ့ Theo(God) နဲ့ Logos (rational utterance) ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
- ဓမ္မအတွေးအခေါ် ဆိုတာ ဘုရားသခင်ရဲ့အကြောင်းကို ဘာသာရေးရှုထောင့်မှလေ့လာသော ဘာသာရပ် (သို့) ပညာရပ်ဖြစ်ပါတယ်။ (Theology is the study of God from a religious perspective)
- အမေရိကန် နှစ်ခြင်းဂန္တ၀င် သီသြလော်ဂျီ ပညာရှင် Dr. Augustus H. Strong က “သီသြလော်ဂျီ ဆိုတာ ဘုရားသခင် အကြောင်းနဲ့ သူဖန်ဆင်းထားတဲ့ အရာခပ်သိမ်းတို့ရဲ့ ဆက်စပ်မှုအကြောင်းကို ဥာဏ်မှီ သလောက် လေ့လာခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။
ဘယ်လောက်အရေးကြီးပါသလဲ။
- သီသြလော်ဂျီဟာ လူသားတိုင်းရဲ့ အသက်ရှင်မှုကို ပုံသွင်း/ပုံဖော်ပေးသော အရာ ဖြစ်သည်။ သီသြလော်ဂျင်း Thomas Aquinas (၁၂၅၅-၁၂၇၄) ကတော့ “သီသြလော်ဂျီ ဆိုတာ ဘုရားရှင်က ဖွင့်ပြသော ပညာဖြစ်တယ်။ ဒီပညာအားဖြင့် ဘုရားသခင်ရဲ့ အလိုတော်နဲ့ အကြံအစည်တော်ကို သိခွင့် ရတယ်။ ရည်ရွယ်ချက်ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ထောင်ဖို့ပဲ။ ” ဆိုပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ တရားမျှတခြင်း (Justice)၊ ငြိမ်းချမ်းခြင်း (Peace)၊ ဖြောင့်မတ်ခြင်း (righteousness)၊ နဲ့ ဖန်ဆင်းခံ အရာခပ်သိမ်း သဟဇာတကျစွာ ညီညွတ်ခြင်း (The integrity of all creation)၊ တို့ အနှစ်သာရ ပါဝင်ပါတယ်။
သီသြလော်ဂျီရဲ့ သမိုင်းကြောင်း
- လူသားများ ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ ပညာရပ်တွေ အမျိုးမျိုး ပေါ်ပေါက်လာ ပါတယ်။ ဒဿ နိကဗေဒ (သို့) အတွေးအခေါ်ပညာ (Philosophy) ဟာ လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု အစောပိုင်းကာလများမှာ ပေါ်ပေါက်လာပါတယ်။ ဒီပညာရပ်နဲ့ ဆက်စပ်နေသော ပညာရပ်ဟာ သီသြလော်ဂျီ (သို့) ဓမ္မအတွေးအမြင်ပညာရပ် ဖြစ်ပါတယ်။ ဒီပညာရပ် နှစ်ခုဟာ တူညီမှုတွေရှိသလို၊ မတူညီမှု တွေလည်း ရှိပါတယ်။ တူညီတာက ဒီပညာရပ်တွေဟာ “လူ့ဘ၀အသက်ရှင် ရပ်တည်ရေးအတွက် အဓိက တွန်းအားပေး မောင်းနှင်နေသော ပညာရပ်များ” ဖြစ်ပါတယ်။ မတူညီတာက ဒဿ နိကပညာရပ် ဟာ “ကြောင်းကျိုး ဆင်ခြင်တုံတရား” ကို အခြေခံခြင်းဖြစ်တယ်။ Theology ကတော့ “ယုံကြည်ချက်” ကို အခြေခံထားခြင်း ဖြစ်ပါတယ်။
ခရစ်ယာန်များ ဘယ်အချိန်မှာ သီသြလော်ဂျီ ဆိုတဲ့ ဝေါဟာရကို စတင်အသုံးပြု ခဲ့ပါသလဲ။
- တမန်တော်များ ခေတ်မှာ စတင်အသုံးပြု ပါတယ်။ (ယုံကြည်ချက်များ ညှင်းပန်းနှိပ်စက်မှုကြောင့် ပျက်ပြားခြင်း၊ အယူဝါဒအမှားများ အသင်းတော်ထဲသို့ ၀င်ရောက်လာခြင်း၊ ခရစ်ယာန်ယုံကြည်ချက်များ အပေါ် မဟုတ်မမှန် စွပ်စွဲချက်များကို ပြန်လည်ချေပရန် သီသြလော်ဂျီစာပေများ ရေးသားခြင်း)
- ခရစ်တော်အသက်ရှင်ခြင်း အကြောင်း၊ ဒုတိယအကြိမ် ပြန်ကြွလာခြင်း အကြောင်း၊ သန့်ရှင်းသော ၀ိညာဉ် တော် အကြောင်းများကို အဓိကထား ရေးပါတယ်။
- ခရစ်ယာန်ဘာသာ နိုင်ငံတော် ဘာသာဖြစ်ပြီးနောက် အတွေးအခေါ် ပေါင်းစုံရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကို ကာကွယ်ဖို့ စဉ်ဆက်မပြတ် ရေးသားနေသော စာပေ ဖြစ်ပါတယ်။ (အသင်းတော် ဖခင်ကြီးများ၊ ခရစ်ယာန်စာပေ ရေးသားသူများ)
- အလယ်ခေတ်မှာ ဘာသာရေး ခေါင်းဆောင်များအတွက် ပြုပြင်ပြောင်းလဲခေတ်မှာ ဓမ္မပညာရှင်များအတွက် သီသြလော်ဂျီပညာရပ်ဟာ အသုံးချ ဘာသာရပ် ဖြစ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ယုံကြည်သူအားလုံနဲ့ စပ်ဆိုင်တဲ့ ပညာရပ် ဖြစ်နေပါပြီ။
ဘာကြောင့် သီသြလော်ဂျီ ပညာရပ်ဟာ ယနေ့ခရစ်ယာန်များနဲ့ သက်ဆိုင်ပါသလဲ။
(ခေတ်ရေစီးကြောင်းများ ပြောင်းလဲလာခြင်း၊ ၀ိဝါဒ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ ကျပ်တည်းလာခြင်း၊ အဖျက် အင်အားစုများ တန်ခိုးတက်လာခြင်း)
( ရှေးရိုးစွဲ အသင်းတော် အစဉ်အလာများ၊ ဓမ္မအတွေးအခေါ်များဟာ ယနေ့ခေတ်နဲ့ အံ့မ၀င်တော့ဘဲ တန့်နေခြင်း)
- စဉ်းစားဥာဏ်ရှိသော လူသားမှန်သမျှ သီသြလော်ဂျီနဲ့ မကင်းနိုင်ပါ။
- သမ္မာကျမ်းစာကို အခြေခံသော သီသြလော်ဂျီ (သို့) ခရစ်ယာန်သီသြလော်ဂျီဟာ ၁၉၆၀ခုနှစ်လောက် များကစပြီး လူအများ စိတ်ဝင်စားသော ပညာရပ် ဖြစ်နေပါပြီ။ အဲဒီအရင်က ဒီဘာသာရပ်ဟာ ဥရောပနဲ့ အမေရိကမှာသာ ခေတ်စားခဲ့ပြီး တတိယကမ္ဘာ နိုင်ငံများမှာတော့ အသင်းတော်နှင့် မသက်ဆိုင်သော ဘာသာရပ် တစ်ခုလို ရှိနေခဲ့ပါတယ်။
- သီသြလော်ဂျီတွေ အများကြီးရှိပါတယ်။ (ဥပမာ...... သမ္မာကျမ်းအခြေခံအတွေးအခေါ် (Biblical Theology)၊ ခရစ်တော်နှင့် စပ်ဆိုင်သော ဓမ္မအတွေးအခေါ် (Christology)၊ လွတ်မြောက်ခြင်း ဆိုင်ရာ ဓမ္မအတွေးအခေါ် (Theology of Liberation)၊ ဂေဟဗေဒဆိုင်ရာ ဓမ္မအတွေးအခေါ် (Eco-theology)၊ အာရှခရစ်ယာန် ဓမ္မအတွေးအခေါ် (Asian Theology)၊ ရေခံမြေခံ ခရစ်ယာန်ဓမ္မ အတွေးအခေါ် (Contextual Theology)၊ စည်းစနစ်ကျ ဓမ္မ အတွေးအခေါ် (Systematic Theology)
မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဆရာကြီး Rev. Dr. ဆိုင်မွန်ပေါင်ခန့်အင်း ကတော့ အခုလိုရေးသား ပါတယ်။ “ သမာရိုးကျ ဓမ္မအတွေးအခေါ် (Classical Theology) နဲ့ ၀ိဝါဒ (Ideology) တွေဟာ ယနေ့အာရှတိုက်က ဆင်းရဲသား နင်းပြားတွေ၊ အနှိမ်ခံတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ရသူတွေ အတွက် မလုံလောက်တော့ ပါဘူး။ ဘာကြောင့်လဲဆိုရင် ၀ိဝါဒ တွေဟာ ၀ါဒရေးရာ အပိုင်းကိုပဲ စိတ်ဝင်စားပြီး လက်တွေ့မကျတော့ပါ။ ထိုနည်းတူ သမာရိုးကျ ဓမ္မအတွေးအခေါ် တွေဟာ လည်း အနာဂတ်ကိုသာ အလေးပေးဂရုပြု နေပါတယ်။ ခရစ်ယာန်ဘာသာက သွန်သင်ပေးနေတဲ့ ကယ်တင်ခြင်းဟာလည်း တစ်ဦးတစ်ယောက်နဲ့သာ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ခရစ်ယာန်ဓမ္မ အတွေးအခေါ်ဟာ သစ်လွင်တဲ့ ဓမ္မအတွေးအခေါ် ဖြစ်ဖို့ သမ္မာကျမ်းစာကို အသစ်သောနားလည်မှု၊ အသစ်သောခံစားချက်၊ အသစ်သော မျက်လုံးတွေနဲ့ ဖတ်ဖို့ လိုအပ်လာပါတယ်။”
- သမာရိုးကျ ၀ိညာဉ်ရေး (Traditional spirituality) ဆိုတာ....
တိုင်းရင်းသား ဓမ္မအတွေးအခေါ်ပညာရှင Dr. A. Wati Longchar ကတော့ အခုလို ဆိုပါတယ်။ “ကျမ်းစာဖတ်ရခြင်းရဲ့ အခြေခံ ရည်မှန်းချက်က လွတ်မြောက်မှုကို ဖော်ဆောင်ရယူ ဖို့ဖြစ်သင်ပ ပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့လည်း နိမ့်ကျတဲ့ စိတ်ဓာတ်ဖွဲ့စည်းမှု (inferiority complex) ၊ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမှု(Exploitation) ၊ ခွဲခြားခံရမှု (discrimination) များမှ လွတ်မြောက်ရာ ရဖို့ ကျမ်းစာကို ကိုယ်အမြင်နဲ့ ဖတ်ရပါမယ်။ လွတ်မြောက်ခြင်းမှာ လူမှုရေး၊ စီးပွါးရေး၊ ပတ်ဝန်းကျင်.......... စသည်တို့ အကျုံးဝင်ပါတယ်။
လွတ်မြောက်ခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ် ဟာအဖိနှိပ်ခံများ၊ ဆင်းရဲသားများရဲ့ ခါးသီးလှတဲ့ ဘ၀အတွေ့အကြုံ နဲ့ ခိုင်မာလှတဲ့ သူတို့ယုံကြည်ခြင်း ပေါင်းစပ်ရာက ထွက်ပေါ်လာတဲ့ အတွေးအခေါ် တွေဖြစ်ပါတယ်။ တရားမျှတမှုမရှိတဲ့ ကမ္ဘာမှာ ဘုရားရှင်ရဲ့ တရားမျှတခြင်း အမှုတော်ကို ရှာဖွေတည်ဆောက်ခြင်း ဟာ ဒီအတွေးအခေါ်ရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ (ထွက်မြောက်ရကျမ်း၊ ဗာဗုလုန်မှာ ကျွန်ခံခြင်း၊ နာဇရက် ကြွေးကြော်သံ)
သူတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်က “ဘုရားသခင်ဟာ အဖိနှိပ်ခံ၊ အခွဲခြားခံဆင်းရဲသား တို့ရဲ့ ဘုရားဖြစ်တယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဘုရားသခင်ဟာ သူတို့ဘက်မှာ အမြဲရပ်တည်လျက် ကယ်တင်သောအရှင် ဖြစ်တယ် ဆိုတာပါပဲ။
ရေခံမြေခံ ဓမ္မအတွေးအခေါ် (Contextual Theology) ဆိုတာ ယဉ်ကျေးမှုအတွင်း စိမ့်ဝင် ပျံ့နှံ့ခြင်း ဆိုင်ရာဓမ္မ အတွေးအခေါ် ဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အမျိုးသားနိုင်ငံ များနျင့် နိုင်ငံရေးစနစ် များကြောင့် ဒီဓမ္မအတွေးအခေါ် ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ (လက်ဝဲ ယိမ်း နိုင်ငံရေးစနစ်၊ အာဏာရှင်)
တိုင်းရင်းသားမျက်လုံးဖြင့် ဖန်ဆင်းခြင်းလက်ယာတော်ကို ပကတိရှုကြည့်ခြင်း
တိုင်းရင်းသားများ (Indegenous people) ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုပါတယ်။ ဒါပေမဲ့ သူတို့ ဟာ အင်အားကြီးမားစွာ လွှမ်းမိုးထားတဲ့ လူ့အဖွဲ့အစည်း (Dominant society) မဟုတ်ပါဘူး။ တိုင်းရင်းသား မျိုးနွယ်စုများဟာ Tribal, Natives, Aboriginals၊ ကချင်၊ ကရင်၊ ချင်း ..... စသည်တို့လညိး အမည်ရပါတယ်။ (မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၀သန်းလောက်ရှိ ပါမယ်)
မတူညီတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့၊ ဒဏ္ဍာရီ၊ အက၊ သီချင်းနှင့် ဆိုရိုးစကား စသော ၀ိသေသများ တိုင်းရင်းသားများမှာ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။
- ကိုယ်ကိုယ်တိုင် ထောက်ပံ့ခြင်း
- ကိုယ်ကိုယ်တိုင် အုပ်ချုပ်ခြင်း
- ကိုယ်ကိုယ်တိုင် သတင်းကောင်းနှံ့ပြားခြင်း
- ကိုယ်တိုင်ကျမ်းစာကို အနက်ဖွင့် ဖတ်ရှုခြင်း ကိုတော့ အားမပေးပါ။
- Globalization ကြောင့် တိုင်းရင်းသားများ ဓားစာခံ ဖြစ်ရပါတယ်။
- Dr. Simon Pau Khan En expressed a brief survey on some various impacts of globalization to Myanmar.
(1) Impacts on the Socio-Economic Condition
The coming of globalization into Myanmar has widened the gap between the rich and poof. Those who can afford to deal with the transnational companies could enjoy the benefit of globalization as all the consumer and luxury goods are at their doorsteps. With the establishment of the transnational or multinational companies, the cost and the standard of living were rapidly raised and it became beyond the reach of the poor people. The hierarchical social structure has emerged as the gap between the rich and the poor becomes wider and eventually the poor are removed to the slum areas. There are unemployment, migration and violence has spread everywhere as the severe impact of poverty. Many people are misfit in the '' open market economic system" .
(2) Environmental Impacts
With the incoming of multinational and transnational companies hectares of virgin land are occupied for the establishment of factories and buildings. All the natural resources like and timbers, bamboos, etc. are cut down, deforested for economic purposes without and plan for restoration natural resources. Air and water are comparatively polluted and exploited unlike before as these are utilized just for the benefit of the people without thinking for their preservation and cleanliness. If things are going on this way, the country will become a barren land d natural resources are exploited for the immediate benefit of the companies.
(3) Polities Impacts
With the emergence of globalization, many multinational and transnational companies have tried to influence the government who holds all the economic systems in their hands. Any foreign company regardless of its size and significance has the right of access to the government's office to negotiate with the government for their business and finally the central political headquarters become a market [lace to deal with foreign companies. This makes to get lost of the political dignity and integrity of the country. Besides, Myanmar which was once an um-repented and faithful non-alliance country between the two political ideologies of capitalism and socialism now has become consciously or unconsciously the arena of capitalists. This has spoiled the mentality of the ruling sectors and most of the people as well. Profit, earning of foreign exchange, running a foreign company, etc..... all these become the determining factors in political sphere as an impact of globalization.
- တိုးတက်မှုကို အကြောင်းပြုပြီး တိုင်းရင်းသားများရဲ့ အခွင့်အရေးနှင့်ရပ်တည်မှု တွေကို ချိုးဖောက်ခဲ့ကြတယ်။
- မြေကြီးနှင့် တစ်သားတည်းဖြစ်နေသောသူတို့ရဲ့ ဂုဏ်သိက္ခာ နဲ့ ၀ိသေသ တွေ ဆုံးရှုံးသွားခဲ့ရတယ်။
ရင်တွင်းဖြစ် ရေခံမြေခံ ဓမ္မအတွေးအခေါ်ကို အနောက်တိုင်းသာသနာပြုများ မရောက်မီကတည်းက ရှိနှင့်နေပြီးဖြစ်သော တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဓလေ့၊ ဒဏ္ဍာရီ၊ အက၊ သီချင်း၊ မရေးသားထားသော ကျမ်းစာမျာိးု အခြေပြုပြီး ထုတ်ဖော်လာကြသည်။
“မြေဟာ အသက်ပါ။ မြောဟာ အမြင့်ဆုံးသက်ရှိပါ။ အသက်ရှင်ချင်ရင် မြေအတွက် လောဘမပွားနဲ့” (နာဂ)
“တစ်ဖန်..... ဘုရားသခင်က မြေသည်အသက်ရှင်သောသတ္တ၀ါမျိုး....... မွေးဖွားစေ ဟု အမိန့်တော် ရှိသည်” (ကမ္ဘာဦး ၁း၂၄)
“ကမ္ဘာမြေကြီးရဲ့ အစဟာ ရေမြှပ်ရေပွက်ပါ။ ရေမြှပ်ရေပွက် ဘယ်ကစပါသလဲ။ ဘုရားဆီက စတင်တာပါ” (ကရင်)
“Ga jarit hpe hkum sit, htingbu jan hpe mung hkum marit” (ကချင်) အဓိပ္ပာယ်က “ကိုယ်မြေမှတ်တိုင် ကိုလည်း မရွေ့နဲ့၊ အိမ်နီးချင်း အိမ်ရှင်မကိုလည်း မတမ်းတနဲ့” ဖြစ်ပါတယ်။ “ဘိုးဘေး...... စိုက်ဖူးသော မြေမှတ်တိုင်တို့ကို မရွှေ့နှင့်” (သု ၂၂း၂၈)
“ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို လည်းကောင်း၊ လောကသားတို့ကို လည်းကောင်း ပိုင်တော်မူ၏” (ဆာလံ ၂၄း၁)
- ခရစ်ယာန်များက (ကမ္ဘာ ၁း၂၆)ကို တစ်ဖက်သတ် ဖွင့်ဆိုလျက် ကမ္ဘာကို အောင်နိုင်သူအဖြစ် ခံယူပြီး ထင်တိုင်းကြဲ ဖျက်ဆီးခြင်း၊ လောဘအတွက် အမြတ်ထုတ်ခြင်းများပြု ခဲ့ကြသည်။
- “ကမ္ဘာကြီးဟာ ကျွန်တော်တို့ လိုအပ်သမျှ ပေးဝေထောက်ပံ့ပေး နိုင်ပေမယ့် ကျွန်တော် တို့ လောဘကို တော့ မဖြည့်ဆည်းပေး နိုင်ပါ” (မဟတ္တမ ဂန္ဒီ)
- လွတ်မြောက်ခြင်း သာသနာမှာ လူသားများရဲ့ လွတ်မြောက်ခြင်းနဲ့ ဘုရားသခင်ဖန်ဆင်းထားသော သဘာဝ တောတောင်ရေမြေရဲ့ လွတ်မြောက်ခြင်း ဆိုတဲ့ ဂဏ္ဍနှစ်ခု ပါပါတယ်။
- မြေကြီးသယံဇာတနဲ့ ဖန်ဆင်းခံအရာ အားလုံးအပေါ် တရားမျှတမှု ဖော်ဆောင်ခြင်း(Eco justice) ဟာ လူ့ဂုဏ်သိက္ခာ အတွက် လူမျိုးရေးတရားမျှတမှု ဖော်ဆောင်ခြင်း (Social justice) နဲ့ ဂုဏ်ရည်တူပါတယ်။ ဒီဖော်ဆောင်ခြင်း နှစ်ရပ်စလုံးဟာ ကျမ်းစာကဖော်ပြတဲ့ လွတ်မြောက်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်း ဆီသို့ ဦးတည်ပါတယ်။
- According to Dr. Samuel Ngun Ling, we need to change our nature conquering view of theology, human beings are no longer seen as the crown of creation but rather they are seen as part of the living organism.
“အာရှတိုက်မှာ ရှိတဲ့ တိုင်းရင်းသား ကျွန်တော်တို့ဟာ သဘာဝရင်းမြစ်တွေ၊ နယ်မြေတွေနဲ့ ပတ်သက်ပြီး ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒီအတွေ့အကြုံ တွေက အနောက်နိုင်ငံများရဲ့ ကိုလိုနီအလုပ်ခံရတာ တွေ၊ ကျွန်ပြု ခံရတာတွေ၊ လူမှုရေး၊ ဘာသာရေး ခွဲခြားခံရတာတွေ ဖြစ်ပါတယ်။ ကိုလိုနီကနေ ယနေ့ခေတ်အထိ ကျွန်တော်တို့ရဲ့ သမိုင်းဟာ လျစ်လျူ ရှုထားခံရသော သမိုင်း၊ ခွဲခြားခံရသော သမိုင်း၊ နာကျင်ခဲ့ရသော သမိုင်း ဖြစ်တယ်။ ဒါကြောင့် ဖိနှိပ်မှုများနဲ့ နာကျင်မှုများက လွတ်မြောက်ဖို့ရန် သဘာဝရင်းမြစ်တွေ၊ နယ်မြေတွေကို ကာကွယ်ထိန်းသိမ်း ဖို့က အလွန်အရေးကြီး နေပါပြီ”
- ဂျာဂန်မို့မန်း (jurgen moltmann) က “စစ်မှန်တဲ့ လွတ်မြောက်မှု ဓမ္မအတွေးအခေါ်” An authentic Christian Liberation Theology) အကြောင်း ဆွေးနွေးပါတယ်။ အနှစ်သာရ (၄) မျိုး ရှိပါတယ်။
(၁) လူသားများရဲ့ အလွဲသုံးစား ခေါင်းပုံဖြတ်မှုကို တိုက်ဖျက်ပြီး တရားမျှတတဲ့ စီးပွါးပြု မှုကို ဖော်ဆောင်ခြင်း။
(၂) နိုင်ငံရေး ဖိနှိပ်မှုကို တွန်းလှန်ပြီး လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ရယူဖော်ဆောင်ခြင်း။
(၃) စက်မှုလုပ်ငန်းများအတွက် သဘာဝ ပတ်ဝန်းကျင်အား ဖျက်ဆီးခြင်းကို တိုက်ဖျက်ပြီး သဘာဝ ငြိမ်းချမ်းမှုကို ဖော်ဆောင်ခြင်း။
(၄) လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး စတဲ့ ခွဲခြားမှုများကို တိုက်ဖျက်ပြီး မျှော်လင့်ခြင်းကို ထူထောင်ခြင်း တို့ဖြစ်ပါတယ်။
“ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့ရဲ့ စုပေါင်းအိမ်ရာ ဖြစ်တယ်။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ဖို့ အကြောင်းရင်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့”
Liberation of Nature
Today, Myanmar faces ecological crises. The forests and jungles of Myanmar have been disappearing day by day. The extinction of mineral resources, species and animals is getting worse and worse. In reality, our country needs liberation of Nature. Jurgen Moltmann says that we shall not be able to achieve social justice without doing justice for natural environment and in the same way, we shall not be able to achieve justice for nature withe social justice. Analyses of the root causes of environmental and resource destruction have pointed to such factor are poverty, unregulated populated increase, human greed, and corrupt politics.
In the sense, we can not achieve liberation without relating to the issue of land, space and creation. Therefore, mission in Christ's way must extend to God's creation. Because the earth is the Lord's , the responsibility of the church towards the earth is a crucial part of the church's mission. The responsibility of Christian churches are two fold; (1) to participate actively in establishment of sustainable usage of natural resources, and (2) to understand the meaning of being responsible steward.
Hence, in order to exercise more responsible stewardship to look after the created order; the following suggestions are inspired to us " First Christians themselves need to live in ways that persuade other to adopt a lifestyle that use fewer of the world's resources. Second, Christians individually and the churches as institutions can support and promote legislation that enhances the sustainability of the environment. Third, the church and again, Christians individually can support and promote the development of organic farming. Finally, the Christian mission for the preservation of God's creation finds expression in the support of and kind of initiative for the development or protection of wildlife areas, national parks and other places of natural beauty.
The Clash of Civilization by Samuel Huntington (ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း)
ကမ္ဘာအကွဲအပြားကြီး တစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားနိုင်တယ်လို့ မှန်းဆကြမယ်ဆိုရင် ဒီအငြင်းပွား ကွဲပြဲမှု အသစ်ကြီးဟာ အခြားစာမျက်နှာများမှာထက် ယဉ်ကျေးမှုစာမျက်နှာကို ဗဟိုပြုပြီး ဖြစ်ပေါ်လာ ပါလိမ့်မယ်။ ရှေ့လာမယ့် အနာဂတ်မှာ တစ်လောကလုံးဆိုင်ရာ ယဉ်ကျေးမှုကြီး တစ်ခု တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားနိုင်မယ့် အနေအထားမျိုး မရှိတော့ပါ။ ဗဟုယဉ်ကျေးမှုများ အပြိုင်တည်ရှိ နေမယ့် ကမ္ဘာကြီးဖြစ်ဖို့ များပါတယ်။ ဒီ အခင်းအကျင်းမှာ ယဉ်ကျေးမှုအချင်းချင်း အပြန်အလှန် နားလည်နိုင်ရေး ဟာ အရေးကြီးပါတယ်။ သို့မှသာ ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲ နေထိုင်တဲ့ ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်နိုင်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် ယဉ်ကျေးမှုချင်း တိုးတိုက်မိတဲ့ အန္တရာယ်ကြီးတစ်ခု ရှိနေပါလိမ့်မယ် (တိုးတိုက်မိပြီဆိုငြား အဖြေဟာ စစ်ပွဲ၊ တိုက်ပွဲမဟုတ် မျက်နှာချင်းဆိုင် ဖြေရှင်းခြင်း (deal) သည်သာ အနီးစပ်ဆုံးအဖြေ)
နိဂုံး
ယဉ်ကျေးမှုချင်း အပြန်အလှန်နားလည် နိုင်ခြင်းဟာ အရေးကြီးပါတယ်။ “ဒိုင်ယာလော့ဂ်” ဆိုတာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးနက်စွာ စကားပြောခြင်း ဖြစ်သည်။ တစ်ဦးရဲ့ ကိစ္စကို တစ်ဦးက ပိုမို နားလည်ဖို့ ရည်ရွယ်ပါသည်။ တစ်ဦးရဲ့ ခံယူချက်၊ ယုံကြည်ချက်များကို တစ်ဦးထံ အတင်းအကျပ် လွှမ်းမိုး သွပ်သွင်း စေဖို့ မဟုတ်ပါ။ ကိုယ့်ယုံကြည်မှုနဲ့ ၀ိသေသတန်ဖိုးများကို အခြေခံပြီး ဒိုင်ယာလော့ဂ် (dialogue of life and dialogue of action) လုပ်ခြင်းဖြင့် ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်တည်လာဖို့ ယနေ့ ယုံကြည်သူ အယောက်စီတိုင်းမှာ တာဝန်ရှိနေတယ်လို့ ဆိုချင်ပါတယ်။
တင်ပြသူ = မရမ်ခွန်ဆိုင်း
(ဘုန်းတော်ဝင်စားပြီဖြစ်သော သိက္ခာတော်ရဆရာဒေါက်တာမရမ်ခွန်ဆိုင်း အားဂုဏ်ပြုလျက်)
No comments:
Post a Comment