နာမည်ကျော် ပြင်သစ်တော်လှန်ရေးဟာ အသိဥာဏ်ပွင့်လင်းခြင်း ကာလရဲ့ အထွတ်အထိပ် ရောက်တဲ့ အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ဒီတော်လှန်ရေးကြောင့် ကက်သလစ် အသင်းတော်ရဲ့ လက်ကျန် နိုင်ငံရေးအာဏာဟာ တိုင်းပြည်အာဏာ ဘက်သို့ လုံးဝ လွှဲပေးလိုက် ရတာ လည်း ဖြစ်တယ်။ (၁၇၈၉) ခုနျစ်မှာ ပြင်သစ်ဟာ ငွေကြေးအကြပ်အတည်းနဲ့ ကြုံ နေရ ပါတယ်။ ဥရောပမှာ အချမ်းသာဆုံး ဖြစ်တဲ့ ပြင်သစ်နိုင်ငံဟာ ဒီအကြပ်အတည်းကြောင့် ထွက်ပေါက် ရှာပါတော့တယ်။
လူထုစည်းဝေးပွဲကြီး ကျင်းပပြီး နောက်ဆုံးပြင်သစ်ဘုရင် လူးဝစ်(၁၄) ကိုနန်းချပြီး တော်လှန်ရေးအစိုးရ ဖွဲ့နိုင်ခဲ့တယ်။ ပြင်သစ်ဘုန်းတော်ကြီး အသိုင်းအ၀ိုင်းက ဒီတော်လှန်ရေး ကို အစပိုင်းမှာ ထောက်ခံခဲ့တယ်။ ပြင်သစ်ဘုရင် လူးဝစ်(၁၄)နဲ့ သူ့အစိုးရကို လူတွေ မကြိုက်တော့ပါဘူး။ ဆင်းရဲသားတွေ ဆီကအခွန် တိုးကောက်ပြီး ချမ်းသာသူတွေကို သက်တောင့် သက်သာဖြစ်အောင် လုပ်ပေး တာကို လူထုက မခံနိုင်ဖြစ်လာတယ်။ အမေရိကန်တို့ရဲ့ ဒီမိုကရေစီ တော်လှန်ရေး အတွေးအခေါ် ကလည်း ပြင်သစ်တွေကြား စိမ့်ဝင်နေပါပြီ။ အမေရိကန်တို့ရဲ့ အင်္ဂလန်ကို တော်လှန်အောင်မြင် ခဲ့တာဟာ တိုင်းပြည်မှာ ဘယ်လိုအစိုးရမျိုး ရှိသင့်တယ်ဆိုတာ စဉ်းစားတတ်လာ ပါပြီ။
The French Revolution
ဒီလိုနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တောင်းဆိုခြင်း၊ ကက်သလစ်အသင်းတော်ကို အာခံခြင်း၊ သူဌေးသူကြွယ်တွေကို ဆန္ဒပြခြင်း တို့ဖြစ်လာပြီး ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပါတော့တယ်။ အစပိုင်းမှာ တက်လာတဲ့ အုပ်ချုပ်သူတွေက အသင်းတော်ကို မျက်နှာသာ ပေးပါသေးတယ်။ ဒါပေမဲ့ ဒါဟာ ဟန်ဆောင်မှု သက်သက်ပါ။
(၁၇၉၀) ခုမှာ အုပ်ချုပ်ရေး သမားအသစ် တွေက အသင်းတော်ရဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းပိုက်ပါတယ်။ ကက်သလစ် ဘုန်းကြီးတွေနဲ့ ဆိုင်တဲ့ မြို့ပြ အခြေခံဥပဒေမှာ ကက်သလစ်အသင်းတော် ကို တိုင်းပြည်ရဲ့ ဌာန၊ အဖွဲ့အစည်း တစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ ဆရာတော်နဲ့ ဘုန်း ကြီးတွေ နိုင်ငံတော် အစိုးရသစ်ကို သစ္စာရှိပါမယ်လို့ ခြွင်းချက်မရှိ သစ္စာဆိုဖို့ တောင်းဆိုထား ပါတယ်။ သစ္စာဆိုဖို့ ငြင်းဆန်သူတွေကတော့ မူလရာထူးတွေကို စွန့်လွှတ်ရပါတယ်။
(French First Republic) အစိုးရက ရေးဆွဲထားတဲ့ အသင်းတော်နဲ့ ဆိုင်တဲ့ ဥပဒေဟာ အသင်းတော်ရဲ့ လွတ်လပ်ခွင့်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ သြဇာလွှမ်းမိုးမှုကို ပိတ်ပင်တားဆီးခြင်း သက်သက်ပါပဲ။ ပုပ်ရဟန်းမင်းကြီးက ဒီဥပဒေကို (၈)လတိုင်တိုင် မတုန့်ပြန်ဘဲ နှုတ်ဆိတ်နေပါတယ်။ ဒီလိုလုပ်နေတာ တွေဟာ အသင်းတော်ကို နက်နက်နဲနဲ ရိုက်ခတ်မတန်ရာ လို့ ပေါ့တွေးတွေးပါတယ်။ ကက်သလစ်ဘုန်းကြီး တစ်ဝက်ကျော်က သစ္စာဆိုဖို့ ငြင်းဆန်ပါတယ်။ ဆရာတော်အပါး (၁၆၀)အနက် (၇)ပါးက သစ္စာ မဆိုခဲ့ပါဘူး။
ဒါနဲ့ပဲ ပြင်သစ်အသင်းတော်အတွင်း သစ္စာဆိုတဲ့ ဘုန်းကြီးတွေနဲ့ သစ္စာမဆိုတဲ့ ဘုန်းကြီး ဆိုပြီး အုပ်စု နှစ်စုဖြစ်လာပြီး၊ ဘာသာတူတွေ အတွင်းမှာ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ (၁၈၇၂)ခုနှစ် တွင် သစ္စာဆိုဖို့ ငြင်းဆိုတဲ့ ဘုန်းတော်ကြီး (၃၀၀၀)ကျော် (၄၀၀၀) နီးပါး နယ်နှင်ဒဏ် ခံရပါတယ်။ တချို့ ကတော့ ပုန်းခိုပြီး ကျန်ရစ်ပါတယ်။ ဘုရားကျောင်းတွေကိုပိတ်၊ ရသေ့ကျောင်းတွေကိုပိတ်၊ မစ္ဆားတက်ဖို့ ဘုရားကျောင်းသွား တဲ့သူတွေကို လမ်းမှာရိုက်နှက်နဲ့ အခြေအနေက အတော်ဆိုးဝါး ပါတယ်။ (၁၈၇၃)ခု၊ မတ်လ(၃)ရက်နေ့မှာ ဘုရားကျောင်းတွေ အားလုံးကို ပိတ်မိန့်ထုတ်ပြီး ဘုန်းတော်ကြီးအချို့ အသတ်ခံရ ပါတယ်။ စစ်သားတွေက ဘုရားကျောင်းထဲက ကြိုက်ရာကို ယူငင်ကြပါတယ်။
ဘုရင်ကိုဖြုတ်ချပြီး အစိုးရဖွဲ့ခဲ့တဲ့ ပြင်သစ်အစိုးရဟာ ဒုတိယအဆင့်အနေနဲ့ နိုင်ငံတော်ကို ခရစ်ယာန် တိုင်းပြည်အဖြစ်ကနေ အသွင်းပြောင်းဖို့ စီစဉ်ပါတယ်။ နိုင်ငံတော် ဘာသာတရားအသစ် တစ်ခု ကို မိတ်ဆက်ပေးဖို့ ကြိုးစားပါတယ်။ ခရစ်ယာန်ပွဲနေ့တွေ၊ ရုံးပိတ်ရက်တွေကို ဖျက်သိမ်းတယ်။ ကက်သလစ် ဘုရားကျောင်းတွေကို “ဆင်ခြင်တုံတရားရဲ့ ဗိမ္မာန်” (Temple of Reason) အဖြစ် ပြောင်း ပါတယ်။ နတ်ဘုရားရုပ်ထု “Goddess of Reason” ကို နော်တာဒိန်း ဘုရားကျောင်းတော် ကြီးအတွင်းမှာ တည်ထားပါတယ်။ နောက်တော့ ဒီလိုလုပ်တာဟာ ဘုရားမဲ့လုပ်ရပ်လို့ ပြင်သစ်အစိုးရက ဆုံးဖြတ်ပြီးနောက် တစ်မျိုးကြံ ပါတယ်။
နော်တာဒိန်းဘုရားကျောင်းတော်ကြီး
Deism အယူဝါဒကို ပြင်သစ်ရဲ့ တရားဝင်ဘာသာအဖြစ် ကြေညာတယ်။ Deism ဆိုတာ တန်ခိုးရှင်ဘုရားနဲ့ သူ့ရဲ့ဖန်ဆင်းခြင်းကို ယုံကြည်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ သူ့မှာ Dogma လို့ဆိုနိုင်တဲ့ အယူဝါဒ သင်ကြားမှုတွေ မရှိပါဘူး။ ဒီလိုလုပ်ရပ်တွေဟာ ယုံကြည်ခြင်း ခိုင်မြဲတဲ့ ခရစ်ယာန်တွေကို မပြောင်းလဲနိုင်ခဲ့ ပါဘူး။ ကက်သလစ်တွေကို ဖိနှိပ်တာ မခံနိုင်တဲ့ လူ(၃၀၀၀၀၀)ကျော် လမ်းပေါ် တက်လာပြီး “ကက်သလစ် တပ်မတော်” (Catholic Army) ဆိုပြီး ရရာ လက်နက်နဲ့ ပြင်သစ် အစိုးရကို ပြန်တိုက်ပါတယ်။
(၁၈၉၅) ခုနှစ်မှာ Deism အယူဝါဒဟာ နိုင်ငံတော်ဘာသာ အဖြစ်မှ ရပ်စဲသွား ပါတယ်။ (၁၈၉၆) ခုနှစ်မှာ နပိုလီယံ က ပြင်သစ်ရဲ့ ခေါင်းဆောင်အဖြစ် ခံယူပြီးတဲ့အခါ ပုပ်ရဟန်းမင်းကြီးနဲ့ အပေးအယူ လုပ်ပါတယ်။
နပိုလီယံနှင့် အသင်းတော်အကြောင်း
(၁၈၉၂)ခုနှစ်မှာ ပြင်သစ်တော်လှန်ရေး အောင်မြင်တော့ ပထမဆုံးပြင်သစ် ပြည်ထောင်စု (French First Republic) နိုင်ငံတော်ကို ကြေညာပါတယ်။ ပြင်သစ် တော်လှန်ရေးမှာ နပိုလီယံဘိုနာဘတ် ဟာ စစ်ရေး နိုင်ငံရေး ခေါင်းဆောင် အဖြစ်နဲ့ ထင်ရှားလာသူပါ။
(Napoleon)
(၁၈၉၈)ခုတွင် ပုပ်ရဟန်းမင်းကြီး ပီဦး (၆)နှင့် ညှိနှိုင်းတာ မအောင်မြင်လို့ သူ့ရဲ့စစ်သူကြီး လူးဝစ်အလက်ဇန္ဒားဘာသီယာ ကို အီတလီကို တိုက်ခိုက်စေပြီး ပုပ်ရဟန်းမင်းကြီးကို ဖမ်းဆီး ကာ ထောင်သွင်း အကျဉ်းချထား ခဲ့ပါတယ်။ ဒီလိုနဲ့ ပုပ်ရဟန်းမင်းကြီး ပီဦး(၆) ဟာ ထောင်ထဲမှာပဲ ပျံလွန်တော် မူ ခဲ့ပါတယ်။ နောက်တက်လာတဲ့ ပုပ်ရဟန်းမင်းကြီး ပီဦး(၇) (၁၈၀၀-၁၈၂၃) ဟာ နပိုလီယံရဲ့ လုပ်ရပ်တွေကို သတ္တိရှိရှိ ကြံ့ကြံ့ခံ ရင်ဆိုင်ပါတယ်။ အသင်းတော်ရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အလျော့ပေး စေ့စပ်ဖို့ ငြင်းဆိုပါတယ်။ (၁၈၀၁)ခုမှာ နပိုလီယံက အသင်းတော်ရဲ့ ထောက်ခံမှုကို လိုချင်တော့ ပုပ်ရဟန်းမင်းကြီး ပီဦး(၇)နဲ့ (Concordat) သဘောတူ စာချုပ်ချုပ်ပါတယ်။ ဒီစာချုပ်အရ ပြင်သစ်ရှိ ကက်သလစ်ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့် ရပါတယ်။ နှစ်ဖွဲ့ကွဲနေတဲ့ ဘုန်းကြီးတွေ အရေးလည်း ပြေလည်သွားပါတယ်။ နပိုလီယံက အသင်းတော်ကို တကယ်လွတ်လပ်ခွင့် ပေးချင်တာ မဟုတ်ပါဘူး။
( Pope Pius VII)
ဒီလိုလုပ်ပြ တာတွေကြောင့် လူထုထောက်ခံမှုရတဲ့ နပိုလီယံက (၁၈၀၄)မှာ သူ့ကိုယ်သူ ဧကရာဇ် တင်မြှောက် ပါတယ်။ ကိုယ်ဘာသာကိုယ်ပဲ သရဖူ ဆောင်းပါတယ်။ အဲဒီနောက် တစ်ဖန် ပုပ်ရဟန်းမင်းကြီးနဲ့ အသင်းတော်ကို ထိန်းချုပ်ဖို့ ကြိုးစားပြန်တယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး ပီဦး(၇)က အလျော့မပေးဘဲ တင်းခံနေပါတယ်။ ဒါနဲ့ပဲ နပိုလီယံက ပုပ်ရဟန်းမင်းကြီး ပီဦး(၇) ကို ပြင်သစ်မှာ (၁၈၀၈)မှ (၁၈၁၄)အထိ ခြောက်နှစ်တိုင်တိုင် ဖမ်းဆီးထားပါတယ်။ နိုင်ငံရေးဖိအားကြောင့် ပုပ်ရဟန်း မင်းကြီးကို ပြန်လွှတ်ပေးခဲ့ ရပါတယ်။ ရောမကို ပြန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ပီဦး(၇) ရဲ့ အပြန် ခရီး ကို အာဏာရှင်အပေါ် အောင်မြင်ခြင်း အဖြစ် အသင်းတော်က အောင်ပွဲခံပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ နပိုလီယံဟာ သူပြိုင်ဘက်တွေရဲ့ နန်းချတာ ခံရပြီး (Elba) လို့ခေါ်တဲ့ ကျွန်းမှာ ပြည်နှင်ဒဏ် ခံရပါတယ်။ တစ်နှစ်လောက်ကြာ ပြီးနောက် အဲဒီကျွန်းက လွတ်မြောက်လာပြီး အာဏာပြန်ရတယ်။
(၁၈၁၅)ခု ၀ါတာလူး စစ်ပွဲ (Battle of Waterloo) မှာ ရှုံးနိမ့်ပြီး ဗြိတိသျှအပိုင် (St. Helena) ကျွန်းတွင် ထိန်းသိမ်းတာ ခံရတယ်။ (၁၈၂၁) ခုမှာ အစာအိမ်ကင်ဆာ နဲ့ သေတယ် လို့ ဆေးမှတ်တမ်းက ဆိုပေမဲ့ (Arsenic) အဆိပ်သင့် သေရတာလို့ ပညာရှင်တွေက ယူဆတယ်။ ကက်သ လစ် အသင်းတော်ဟာ ပြင်သစ်မှာ တစ်ဖန် ပြန်လည်တည်ငြိမ် လာခဲ့ပါတယ်။
(Battle of Waterloo)
ပြင်သစ်တော်လှန်ရေးကရတဲ့ သင်ခန်းစာ
ပြင်သစ်တော်လှန်ရေးအတွင်း အသင်းတော်ဟာ အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်မှု၊ မတရား လုပ်တာတွေ ခံခဲ့ရပါတယ်။ ပြင်သစ်အစိုးရကို ပြောင်းလဲတဲ့နေရာမှာ နိုင်ငံရေး မဟာမိတ် အင်အားစုကြီး အဖြစ် ရှိနေတဲ့ ကက်သလစ်အသင်းတော်ဟ မညှာမတာ ဖြို ခွဲတာ ခံခဲ့ရပါတယ်။
ပထမအချက်အနေနဲ့ အသိဥာဏ်ပွင့်လင်းခြင်း ကာလရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ လွှမ်းမိုးမှု အယူအဆတွေကို အထင်အရှားတွေ့ရပါတယ်။ နှစ်ပေါင်း (၁၀၀၀)ကျော် ခရစ်ယာန်နိုင်ငံအဖြစ် ဂုဏ်ယူစွာ ရပ်တည်ခဲ့တဲ့ ပြင်သစ်နိုင်ငံဟာ နေ့ချင်းညချင်း ဘုရားမဲ့ဝါဒီ နိုင်ငံတော်ဖြစ်သွားပါတယ်။ ဒီနေရာမှာ အသိဥာဏ်ပွင့်လင်းခြင်း အယူအဆဟာ အပေါ်ယံသာ နားထောင်ကောင်းပြီး တကယ့် အနျစ်သာရပိုင်းမှာ မပ်ြည့်ဝခဲ့ပါဘူး။ ဒါကြောင့် ယုံကြည်မှုတစ်ခုအဖြစ် မူထားတဲ့အခါ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီကာလမှာ ခရစ်တော်ရဲ့ သွန်သင်ချက်နဲ့ အသင်းတော်အပေါ် သစ္စာရှိသူတွေက ယုံကြည်ခြင်း မယိုင်လဲပဲ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။
ဒုတိယအချက်အနေနဲ့ ပြင်သစ်တော်လှန်ရေးဟာ ပြင်သစ်ကက်သလစ် အသင်းတော်ကို ဒဏ်ရာဒဏ်ချက်တွေ ကြီးမားစွာ ပေးခဲ့ပါတယ်။ လူတွေနဲ့ အသင်းတော်အကြား စိတ်နာကျဉ်းမှုတွေကို မမေ့ဖျောက်နိုင်သေး ပါဘူး။ အဲဒီတွေထဲမှာ ရဟန်းဘုန်းတော်ကြီး ဆန့်ကျင်ရေးဝါဒ (Anti-clericalism)၊ ဘာသာရေးမဖက်တဲ့ လောကီကမ္ဘာ တည်ဆောက်ရေးဝါဒ (Secularization) စိတ်ဓာတ်တွေဟာ ယနေ့တိုင် ပြင်သစ်မှာ ပြန့်ပွား တည်ရှိဆဲပါ။
တတိယအချက်အနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဂုဏ်သိက္ခာ ပြန်လည်ကြီးမားလာပြီး သြဇာအာဏာ အထိုက်အလျောက် ပြန်တက်လာတာပါပဲ။ ပုပ်ရဟန်းမင်းကြီး ပီဦး(၇) က နပိုလီယံဘုရင် ကို ရင်ဆိုခဲ့တာကြောင့် ကမ္ဘာတ၀ှမ်းက သြဘာပေး ကြည်ညှိုလေးစားခဲ့ကြတယ်
ဒီလို အခက်အခဲတွေကြားမှာ ယုံကြည်ရာကို ခိုင်မာစွာ စွဲကိုင်ထားတဲ့ စိတ်ဓာတ်ကြောင့် နောင်ခေတ် အဆက်ဆက်မှာ လူ့အဖွဲ့အစည်း အစိုးရတွေ အတွင်းမှာ ရုန်းရင်း ဆန်ခတ် ပြဿ နာတွေ တက်ကြရင် ပုပ်ရဟန်းမင်းကြီးထံမှာ ခွန်အားယူ၊ အကြံဥာဏ်ယူ တာတွေ လုပ်လာကြတယ်။ (၁၉) ရာစုမှာ ကက်သလစ်အသင်းတော်ရဲ့ ခေါင်းဆောင် ပီသမှုဂဏ္ဍဟာ ဆက်လက် ရှင်သန်သွားပါတယ်။
ဖာသာရ် မာစီအန် သက်ကျော်
No comments:
Post a Comment