ဘာသာတရားတိုင်းက လူဆိုသောသတ္တ၀ါကို တန်ဖိုးထားကြသည်။ ဘာသာကြီးတစ်ခုက ဆိုလျှင် လူ့ဘ၀ရရှိရန် ဗြမ္မာပြည်မှ အပ်တစ်စင်းနှင့် လူ့ပြည်မှ အပ်တစ်စင်း အပ်ဖျားခြင်းသာ ထိဖို့လွယ်သည် လူ့ဘ၀ဆိုတာ ရခဲပေး၏ဟု အဆိုအမိန့်ရှိပါသည်။
ခရစ်ယာန်ဘာသာဝင် တို့အနေဖြင့် ကျမ်းစာတော်မြတ်အရ ကမ္ဘာဦးကျမ်း၌ ဘုရာသခင်သည် စကြသဠာနှင့် လောက၌ရှိရှိ သမျှ အားလုံးကို ဖြစ်စေဟူသော စေတစ်လုံးနှင့် ဖန်ဆင်းလျက် လူကိုဇီဝအသက်မှုတ်သွင်းလျက် ဖန်ဆင်းခဲ့ပါသည်။ သတ္တ၀ါ အပေါင်းတို့အနက် လူကို လုပ်ပိုင်ခွင့် အပြည့်အ၀ပေး၍ သားသမီးအရာ ကိုပင် ပေးသနားခဲ့သည်။ (ကမ္ဘာ ၁း၂၄-၃၁)
ဘာသာတရားကိုရိုသေကိုင်းရှိုင်း ကြသော မြန်မာပြည်တွင်လည်း မြန်မာမှု နယ်ပယ်၌ လူကို အလေးအနက်ထားကြသည်။ “လူကိုလူလိုမြင်ပါ။ လူသားအချင်းချင်း စာနာထောက်ထားပါ။ လူလို သိပါ။” စတဲ့ ပညတ်စကားများနဲ့ လူလူချင်း သတိပေး သွန်သင်ခဲ့ကြသည်။ အကယ်၍ လူတစ်ယောက်သည် လူ၌ရှိသော ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အလေးမထားဘဲ ကျင့်ကြံအသက်ရှင်လျှင် “ခွေးထက်မိုက်တဲ့ ကောင်၊ ခွေးလောက်မှ အဆင့်မရှိဘူး၊ ခွေးဖြစ်မယ့်ကောင်” စသည့်ဖြင့် ခွေးဆိုသော တိရိစ္ဆာန်တစ်ကောင်နှင့် ခိုင်းနှိုင်းပြီး ပြောဆိုတတ်ကြသည်။ မြန်မာမှုနယ်ပယ်၊ မြန်မာ့ဓလေ့၌ ခွေးကို ယုတ်ညံ့ဆုံးဟု သတ်မှတ်ထားကြသည်။ ခွေးတစ်ကောင်နှင့်ခိုင်းနှိုင်း ပြောဆို ခံရလျှင် လွန်စွာမှ ခံပြင်းကြသည်။ ဒေါသအမျက်ထွက်လျက် ခိုက်ရန်ဖြစ်ပွါးသည်အထိ ဖြစ်တတ်ကြသည်။
၂၁ရာစုသို့ ရောက်လာချိန်တွင် ခွေးဆိုသော သတ္တ၀ါသည် အံ့သြဖွယ်ရာ လူသတ္တ၀ါ များ၏ ၀န်းကျင်၌ တွင်တွင်ကျယ်ကျယ် နေရာရလာပါသည်။ လူအများ၏ အပယ်ခံအဆင့်မှ ပြုစု ယုယမှုကို ရရှိ လာကြသည်။ ယခင် မြန်မာမှုနယ်ပယ်၌ ခွေးနျင့်လူ ရောရောယှက်ယှက် နေလေ့မရှိ။ နေခွင့်လည်း မပေး ကြပါ။ အိမ်ပေါ်သို့ပင် တက်ခွင့်မပေး ခွေးနေရာ ခွေးကထစ် ဟူ၍ သတ်မှတ်ပေးထား သည်။ ခွေးနေရာ ခွေးနေ ဆိုသည့်သဘောပင်ဖြစ်သည်။ ယခုအချိန်မူ ခွေးများသည် ရာခိုင်နှုန်း အတော်များများ တန်ဖိုးတက်လာ၍ အဆင့်မြင့်လာသည့်ဟု ဆိုရပေမည်။ လူများနှင့် အတူနေခွင့် ရှိလာသည်။ လူတစ်ယောက်ကဲ့သို့ ပြုစုယုယမှု ကိုလည်းခံစား ပိုင်ခွင့်ရလာကြသည်။ အချို့ဆို လျှင် ခွေးတစ်ကောင်ကိုသိန်းချီသော ငွေကြေးပေး၍၀ယ်ယူကြ သည်။ ခွေးအတွက် ပြုစုစောင့်ရှောက်ရေး ၀န်ဆောင်စာရိတ်ကိုလည်း များစွာ အသုံးပြုကြသည်။
ထိုကဲ့သို့ ခွေးများ အဘယ်ကြောင့် လူ့ဝန်းကျင်၌ နေရာရ၍ တန်ဖိုးတက်လာ ကြသနည်း။ အရင်းအမြစ်ကို လေ့လာကြည့်ရာတွင် တရုတ်ပြည်မှ စတင်ခဲ့သည်ဟု ယေဘုယျအားဖြင့် လေ့လာ မိပါသည်။ တရုတ်ပြည်၌ တစ်နေ့တခြား တိုးပွါးလာသော လူဦးရေကြောင့် မိသားစုတစ်ခုလျှင် ကလေးတစ် ယောက် နှုန်းသာယူခွင့်ရှိသည်။ လူဦးရေကန့်သတ်ထားသော ဥပဒေကြောင့် တရုတ်မိသားစု ၌ တစ်ဦးတည်းသော သားသမီးလေးများအတွက် အဖော်မဲ့ပြဿ နာ တက်ခဲ့ကြသည်။ ထိုပြဿ နာကို ဖြေရှင်းနိုငရန် အဖော်ပြု နိုင်မယ့် ခွေးလေးများ အစားထိုးအသုံးပြု လာခြင်းဖြစ်သည်။ ဤနည်းဖြင့် တရုတ်လူ့ဝန်းကျင်၌ ခွေးများ နေရာရ၍ တန်ဖိုးတက်လာကြသည်။ ၂၀၁၁ခုနှစ်၊ ထုတ်ပြန်စာရင်းအရ တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ တစ်မြို့တည်း၌ သတ်မှတ်ခွေးကောင်ရေထက် ခြောက်သောင်းကျော်နေသည်ဟု သိရသည်။ အိမ်နီးခြင်းနိုင်ငံမျာဖြစ်ကြသော အခြားနိုင်ငံများမှလည်း တရုတ်ပြည်နည်းတူ ခွေးများ လူ့ဝန်းကျင်၌ နေရာရလာပြီး တန်ဖိုးတက်လာကြသည်။
၂၁ရာစု လူ့သမိုင်းကို ဆန်းစစ်ကြည်လျှင် (IT) ခေတ်သို့ရောက်လာကြသည်နှင့် လူမှုဘ၀၊ လူနေမှုအဆင့်အတန်း တိုးတက်မှုအံ့မခန်းဖြစ်လာသည်။ ကမ္ဘာကြီးသည် ရွာတစ်ရွာပမာဖြစ် လာသည်။ ဂဏ္ဍပေါင်းစုံ တိုးတက်ဖွံဖြိုးလာသည်။ သို့သော် လူဆိုသည့် သတ္တ၀ါများမှာ တိုးတက်သင့် သလောက် မတိုးတက်ကြပေ။ အချို့ လူများမှ ရသင့်ရထိုက်သော အခွင့်အရေး လွန်စွာနည်းပါးနေကြောင်း ကမ္ဘာတစ်ဝှမ်း တွေ့မြင်နေရသည်။ အဘယ်ကြောင့် ဆိုသော် လူသားတို့၏ နှလုံးသား ၌ လောဘ၊ ဒေါသ၊ မောဟ ဆိုသော အမှောင့်တရားတို့ဖုံးလွှမ်းလျက် လူသား အချင်းချင်း လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းသော်၎င်း၊ ဥပဒေသများ ထုတ်ပြန်၍၎င်း၊ ကမ္ဘာအနှံ့အပြား၌ ချိုးဖောက်နေသောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်တစ်စု၏ အခြေခံအဆောက် အဦ ဖြစ်သော အိမ်ထောင်မိသားစု များ၌ အိမ်ဖော်အလုပ်ဖြင့် ဘ၀ကိုရပ်တည်နေကြသော လူတန်းစား တစ်ရပ်၌ အိမ်ရှင်(လုပ်ငန်းရှင်) တို့၏ လူလူချင်း ဂါဝရထား မဆက်ဆံကြဘဲ တိရိစ္ဆာန်တစ်ကောင် အလား ပြုမူ ဆက်ဆံ နှိပ်စက်ညှင်းပန်း ကြသည်။ ကြေးပိုင်ရှင် ကျွန်ပိုင်ရှင် စနစ်ကိုပင် ပြန်လည်ကျင့်သုံးလျက် ရှိနေကြောင်း ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရသည်။
အချို့အမျိုးသမီးငယ် များဆိုလျှင် အိမ်ရှင်၏ ညှင်းပန်းနှိပ်စက်မှုသာမက အဓမ္မလိင် ကျွန် အဖြစ် အသုံးပြုမှုကိုပင် ခံကြရသည်။ စိတ်ဖိစီးမှုအမျိုးမျိုးကို ခံစားရလျက် မိမိဘ၀ကို အဆုံးစီရင် သွားကြသည်။ လူမဆန်သော ၀ိသမလောဘသား တို့၏ စည်းရုံးလှုပ်ဆော်မှု၊ အတင်းအဓမ္မ ဖမ်းဆီးစေခိုင်း မှုတို့ကြောင့် ဆင်းရဲနွမ်းပါးကြသော လူင်္ယောကျား၊ လူမိန်းမတို့သည် ကြေးပိုင်ရှင်၊ကျွန်ပိုင်ရှင် ခေတ်ကာလ ကဲ့သို့ပင် ရောင်းကုန်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ထိုသို့ပုံစံ အမျိုးမျိုးဖြင့် လူသားအချင်းချင်း လူ့အခွင့်အရေး များချိုးဖောက်နေသောကြောင့် ကမ္ဘာအနှံ့အပြား တွင် အဖိုးတန်သောလူသား များကျဆုံး ခန်းရောက် နေကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
လူ့သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် ထာဝရဘုရားသခင်၏ သမ္မာကျမ်းစာ တော်မြတ်၌ လူသည်ကမ္ဘာဦးအစ ကပင် အပြစ်ကို ကျူးလွန်သောကြောင့် ဘုရားသခင်နှင့် ဝေးကွာခဲ့ရသည်။ ထိုအချိန်မှစ၍ လူသားတို့ဘ၀ ကျဆုံးခဲ့ရသည်။ သို့သော်ဘုရားသခင် သည် လူသားတို့အပေါ် ထားတဲ့ချစ်ခြင်းမေတ္တာကြောင့် သေခြင်းတရားဟူသော အဖိုးအခမှ လွတ်မြောက် စေ၍ ထာဝရဟူသော အသက်တာကို ပိုင်ဆိုင်ခွင့်ရရန် တစ်ပါးတည်းသော သားတော် ယေရှုခရစ်တော်ကို လောကသို့ စေလွှတ်တော်မူ ခဲ့သည်။(ယော ၃း၁၆)။ ထိုအရှင်သည် အပြစ်သားဖြစ်သော လောကီသားများ အပြစ်မှလွတ်စေရန် အတွက် လက်ဝါးကပ်တိုင်မှာ အသွေးတော်သွန်းလျက် အသေခံတော်မူခဲ့သည်။( မဿဲ ၂၆း၂၈) ။ အသွေးတော်အားဖြင့် လူသားတို့၏ အပြစ်ကို ဆေးကြောလျက် လူသားတို့အစဉ်မပြတ် ရင်ဆိုင်နေရသော အရှင်ကြပ် အသေကြပ် ဘ၀မှ လွတ်မြောက်ခွင့်ရရန်နှင့် တမလွန်ဘ၀၌ပင် အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းသည့် ပရဒိသုဘုံ (မင်္ဂလာရှိ သောသူတို့ ကိန်းအောင်းရာ) ၌ စံမြန်းခွင့်ပေးတော်မူ ပါ၏။ (ရောမ ၆း၂၇)
ယနေ့ မျက်မှောက်ခေတ် ၂၁ရာစုကို ဖြတ်သန်းလျက် ခရီးပြု နေကြသော လူသားများသည် ဖန်ဆင်းခံ သတ္တာဝါထဲ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် ကို အထူးခံစားရ သူများဖြစ်ကြသည်။ တန်ဖိုး အနဂ္ဃထိုက်၍ သားသမီးအရာကိုပင် ရယူပိုင်ဆိုင်ခွင့် ရှိသောကြောင့် ခွေးထက်မိုက်တဲ့ကောင်၊ လူ့တိရိစ္ဆာန် တွေအဆင့်သို့ မရောက်ရန် မိမိကိုယ်မိမိ ထိန်းသိမ်းကြရမည်။ တိရိစ္ဆာန် ကိုပင် မေတ္တာထား နိုင်ပါလျှင် လူအချင်းချင်း မေတ္တာထားလျက် ပိုမို၍ရိုင်းပင် ကူညီစောင့်ရှောက် ရပေမည်။
လူသားတို့၏အသက်တာကို ကယ်တင်တော်မူသော ဘုရားသခင်၏ မေတ္တာကရုဏာတော် သည် ကြီးမားလှပေသည်။ သို့ပါ၍ ခရစ်တော်အား ယုံကြည်သူများ အနေဖြင့် ထိုအရှင်အား အောက်မေ့ သတိရလျက် ပွဲတော်မင်္ဂလာကို ပြုကြလေသည်အတိုင်း ဘုရားသခင်၏ အလိုတော်နှင့်အညီ လူသားအချင်းချင်း စေတနာ၊ မေတ္တာ၊ ကရုဏာ ထားလျက် လူ့ဘ၀သစ်လွင်သော အသက်တာကို ရှင်သန် တည်ဆောက်ကြပါစို့။
“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။” (ဂလာတိ ၅း၁၄၊ မာကု ၁၂း၃၀-၃၁)
အက်စ် ဘရောင်း (သာယာဝတီ)
No comments:
Post a Comment