Sunday, April 12, 2015

ယေရှုသည် မိမိကိုယ်ကို အဘယ်ကြောင့် “လူသား” ဟု ဆိုသနည်း။

                  “လူသား” ဟူသော နာမတော်ကို (မဿဲ ၈း၂၀) တွင် ဦးစွာ တွေ့နိုင်သည်။ သခင်ယေရှု မိမိကိုယ်ကို သမုတ်ခြင်းဖြစ်သည်။ သူက “မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာအရပ် ရှိ၏။ လူသားမူကား ခေါင်းချရမျှ မရှိ” ဟု မိန့်တော်မူခဲ့၏။

(၁)              ဤနာမတော်ကို ရှင်မဿဲ တွင် (၃၂)ကြိမ် မှတ်သားထား၏။ မာကုတွင် (၁၄)ကြိမ်၊ လုကာတွင် (၂၆)ကြိမ်၊ ယောဟန်တွင် (၁၂)ကြိမ် အားလုံးပေါင်း (၈၄)ကြိမ် ရှိသည်။ သို့သော် ယေရှုသည် ဘုရားသားတော် အဖြစ် မငြင်းပယ်ပေ။ ယေရှုသည် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူပြီး၊ ရေမှတက်လာစဉ် အသံတစ်သံက “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း” ဟု မိန့်တော်မူခဲ့သည်။ ယေရှု သည် ဘုရားသခင်၏ သားတော်ဟူသော နာမတော်ကို တစ်ခါမျှ မငြင်းပယ်ခဲ့ပေ။ ဤနာမတော်ကို ခမည်းတော်က ချီးမြှင့်ထားခြင်း ဖြစ်သည် (မာကု ၁း၁၁ ကို လေ့လာပါ)။ တောင်ပေါ်တွင် ရုပ်သဏ္ဍာန် ပြောင်းလဲသည့်ချိန်တွင် သခင်ယေရှုသည် ဤနာမတော်ကို ရခဲ့ဖူးသည် (မာကု ၉း၇)။ သခင် ယေရှုသည် လူတို့ကိုယ်မှ နတ်ဆိုးမောင်းနှင် သည့်အချိန်တွင် နတ်ဆိုးသည် သခင်ယေရှုအား ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခဲ့သည်။ သခင်ယေရှုသည် ဤနာမတော်ကို မငြင်းပယ် သော်လည်း နတ်ဆိုးအား မပြောရန် မှာကြားခဲ့သည် (မာကု ၃း၁၁)။ စာတန်သည် တောတွင် သခင်ယေရှုကို စုံစမ်း သည့် အချိန်တွင် “ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ အမိန့် ရှိတော်မူပါ” ဟုလျှောက်လေ၏ ဟု စိန်ခေါ်ခဲ့သည်။ 


(၂)              သမ္မာကျမ်းစာ ပညာရှင်တို့က “လူသား” ဝေါဟာရ၏ နောက်ခံသမိုင်းကို (ဒံယေလ ၇း၁၃-၁၄) ရှာတွေ့နိုင်ခဲ့သည်ဟု ဆိုခဲ့သည်။ (ဒံ ၇း၁၃-၁၄) တွင် ထိုညဥ့်အခါ ငါသည် အာရုံပြု၍ လူသားနှင့် တူသော သူတစ်ဦးသည် မိုဃ်းတိမ်ကိုစီးလျက် အသက်ကြီးသော သူ၏ အထံတော်သို့ ရောက် လေ၏” ။

(၃)              ယေရှုသည် မိမိကိုယ်ကို လူသားဟု သမုတ်ပြီး မိမိအသက်ကိုစတေးခြင်းဖြင့် လူသားတို့ကို ကယ်တင်ခဲ့သည်။ ယေရှုသည် လူသားစစ်စစ်ဖြစ်ရမည်။ သူ၏နေထိုင်မှုတွင် အပြစ်လုံးဝ ရှာမတွေ့ နိုင်ပေ။ သို့မှသာ ဒုတိယအကြိမ် ပြန်ကြွလာသည့် အချိန်တွင် လူသားတို့၏ အပြစ်ကို စီရင် နိုင်မည်။

(၄)              ယေရှုသည် “လူသား” ဟု သမုတ်သည့် အဓိက အကြောင်းရင်းမှာ (ဒံ ၇း၁၃) မှ ဖော်ပြသော လူသားဖြစ်ကို ၀န်ခံသောကြောင့် ဖြစ်သည်။ ဒံယေလ အနာဂတ္တိကျမ်းကို အခြေခံလျှင် ဤလူသားသည် တစ်နေ့တွင် မိုဃ်းတိမ်စီး၍ လောကသို့ သက်ရောက်မည်။ အရာခပ်သိမ်းတတ်နိုင်သော ဘုရားရှင်၏ လက်ျာတွင် ထိုင်နေတော်မူပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ငြင်းပယ်သည့် လူစုအား တရားစီရင်ပြီးနောက် တစ်လောကလုံးကို အုပ်စိုးမည်ဖြစ်သည်။


No comments:

Post a Comment