Monday, April 20, 2015

ခရူးဆိတ်စစ်ပွဲများ (၄)

Eighth Crusade (1270)

                လူးဝစ်(၉) ကို ကယ်ဆယ်ရေးက ဘာမှအလုပ်မဖြစ်တော့ ငွေနဲ့ပြန်ရွေးဖို့ သဘောတူကြတယ်။ သူ့အတွက် ငွေပြား(၄၀၀၀၀၀)ပေးရတယ်။ ပြင်သစ်ရဲ့ တစ်နှစ်ဝင်ငွေက (၂၅၀၀၀၀) ပဲရှိတော့ Templars တွေဆီက ငွေချေးရတယ်။ Pamietta မြို့နဲ့ လဲလှယ်တယ်လို့ ဆိုပါတယ်။ လူးဝစ် ပြန်လွတ်လာ ပြီးနောက် ခရူးဆိတ်နိုင်ငံတော် ဖြစ်တဲ့ Arce, Caesarea, Jaffa တို့မှာ (၄)နှစ်လောက် နေတယ်။ ခရူးဆိတ် စစ်သည်တော်တွေကို တစ်ဖန်ပြန်ခေါင်းဆောင်တဲ့ သဘောပေါ့။ ဒီတစ်ခါမှာ စစ်တိုက်တာထက် အီဂျစ်နဲ့ ဆီးရီးယားကို နိုင်ငံရေးဒီပလိုမာစီ သုံးဆက်ဆံပါတယ်။ 
                 သူဟာ စစ်တပ်ကို အင်အားတောင့်တင်းအောင် တည်ဆောက်နိုင်ခဲ့ပြီး အရှေ့အလယ် ပိုင်းကနေ သူပြန်လာတော့ City of Arce မှာ စစ်တပ်ကြီးကို မွတ်စလင်ရန်မှ ကာကွယ်ဖို့ ထားခဲ့ပါတယ်။ လူးဝစ်(၉)ဟာ မွန်ဂိုလီယား စစ်ဘုရင် ကူဘလိုင်ခန်နဲ့လည်း မဟာမိတ်ဖွဲ့ထား နိုင်ခဲ့ပါတယ်။

City of Arce


Ninth Crusade (1271-1272)

                         အင်္ဂလိပ်ဘုရင်ဖြစ်လာတဲ့ အက်ဒွက်(၁)ဟာ လူးဝစ်(၉)နဲ့ ခရူးဆိတ်စစ်ပွဲမှာ ပါဖူးပါတယ်။ လူဝစ်(၉)က တူနီးရှားမှာ ဆုံးသွားတော့ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ခရူးဆိတ်စစ်သည်တော် တွေဟာ ခေါင်းဆောင်မဲ့သလို ဖြစ်နေပါတယ်။ ဒါနဲ့ အက်ဒွက်(၁)က ဦးဆောင် ပါတယ်။ နောက်တစ်နှစ် အကြာမှာ အီဂျစ်တွေရဲ့ ကျွန်စစ်တပ် (Mamluks) တွေရဲ့ ခြိမ်းခြောက်မှုကို ခရူးဆိတ်စစ်သည်တော် တွေ ရင်ဆိုင်ရပါတယ်။ နှစ်ဖက်ကြား စစ်ပွဲတွေဖြစ်တော့ မဟာမိတ်ဖွဲ့ထားတဲ့ မွန်ဂိုတွေက ခရူးဆိတ်စစ်သည်တော် တွေဖက်က တိုက်ပေးပါတယ်။ ဒါပေမဲ့ အချိပ်ဆက်မိမိ တိုက်ဖို့ စီစဉ်ရာမှာတော့ အလုပ်မဖြစ်ခဲ့ဘူး။

 King Edward I
                       (၁၂၆၈) မှာ အန္တီယော့၊ (၁၂၉၈) မှာ ထရီပိုလီ နဲ့ (၁၂၉၁) မှာ Arce မြို့တွေ မွတ်စလင် လက်ထဲ ကျကုန်ပါတယ်။ မြို့ထဲက ထွက်မပြေးနိုင်တဲ့ ခရစ်ယာန်တွေ အစုလိုက် အပြုံလိုက် အသတ်ခံရပြီး အချို့ကျတော့ ကျွန်ပြုတာခံရပါတယ်။ ကိုးကြိမ်မြောက်ဖြစ်တဲ့ ခရူးဆိတ်စစ်ပွဲဟာ Holy Land နဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ခရစ်ယာန်တွေ ကြီးစိုးမှုကို အဆုံးသတ်ပေးခဲ့တဲ့ စစ်ပွဲပါပဲ။

(Mamluks)










No comments:

Post a Comment