Wednesday, April 8, 2015

ရေလွှမ်းမိုးခြင်းသည် တကမ္ဘာလုံးကို လွှမ်းမိုးခဲ့ပါသလား။ နောဧသဘောင်္သည် တိရိစ္ဆာန်အားလုံးကို တင်နိုင်ပါသလား။

                ကမ္ဘာဦးကျမ်း အခန်းကြီး(၇-၈) ၏မှတ်သားချက်အရ မိုးရေကြီးသောကြောင့် အမြင့်ဆုံးတောင်ထိပ်အထိ ရေလွှမ်းမိုးခဲ့သည် ဟု ဖော်ပြထားသည်။ (က ၇း၁၉)။ ထိုကြောင့် ဤမှတ်သားချက် ကို အခြေခံ၍ ရေလွှမ်းမိုးခြင်းသည် ကမ္ဘာတ၀ှမ်း လွှမ်းမိုးခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချလို ပါသည်။ သို့မဟုတ်လျှင် ကျမ်းစာသည် မှားယွင်းစွာ မှတ်သားထားသည်ဟု ဆိုရပေမည်။ 


(၁)              ဘူမိဗေဒပညာရှင်က ရပ်တည်ချက်အမျိုးမျိုးဖြင့် သမ္မာကျမ်းစာ၏ မှန်ကန်မှု ရှိမရှိကို လေ့လာ ကြသည်။ ထိုကြောင့် ရေလွှမ်းမိုးခြင်းသည် ဘူမိဗေဒ၏ သက်သေအထောက်အထားအတွက် အငြင်းပွားမှု ဖြစ်ပေါ်စေသည်။ ခရစ်ယာန် ဘူမိဗေဒပညာရှင်က ကမ္ဘာ၏ အစိတ်အပိုင်းမှ ဖြစ်ပေါ်လာသော သက်နှောင်းကျောက်ကပ်လွှာ (Cenozoic) ရှိ မြေငလျင်လှုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျောက်စရစ် အစအနတို့ကို နောဧခေတ် ရေလွှမ်းမိုးခြင်းမှ ဖြစ်ပေါ်လာသော ကျောက်အစအန အဖြစ် ရှင်းလင်းနိုင်ကြောင်း ယူဆသည်။ (က ၇း၁၁) ကိုလေ့လာပါ။ “မိုးကောင်းကင်ပြွန်ဝများဖွင့်သဖြင့်” အချို့ သက်နှောင်းကပ် မြေလွှာ၌ ကျောက်စရစ် အပိုင်းအစများကြားတွင် ကျောက်တုံးကြီးများ ညှပ်နေသည် ကို တွေ့ရသည်။ ကျွန်ုပ်တို့ လက်ရှိ ဗဟုသုတဖြင့် အထက်ပါ အချင်းအရာကို ကြမ်းတမ်းသော ဒီရေအဟုန်နှင့် ရေ၏တုန်ခါခြင်းမှ ဖြစ်ပေါ်လာသည်ဟု သင့်လျှော်စွာ ရှင်းလင်းနိုင်သည်။ 


         ဤအချင်းအရာ အတွက် အထောက်အထား များ ရှိသေးသည်။ ဥပမာ မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်နေရာ များတွင် ကြီးမားသော ပမာဏရှိသည့် “ခေတ်သစ်ကမ္ဘာ (Pleis-tocene) ၏ သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်း များကို တူးဖော်ရရှိသည်။ ထိုကျောက်ဖြစ်ရုပ်ကြွင်းများသည် အလွန်ရှုပ်ရှက်ခတ်သည်။ ထိုပြင် အရိုးပါသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို မြေလွှာ အက်ကြောင်းမှ အများဆုံးရှာတွေ့ ခဲ့သည်။ (ဘူမိဗေဒ အထောက်အထားများ များစွာရှိသေးသည်။ အသေးစိပ် မဖော်ပြပါ။) “သမ္မာကျမ်းစာ တိကျမှန်ကန်မှု” ကို ဆန့်ကျင်သော ဘူမိဗေဒပညာရှင် တို့သည် အထက်ပါ တူးဖော်ရရှိသည့် ရလဒ်ကို သိပ်မဖော်ပြကြပါ။ သို့သော် ထို ဘူမိဗေဒ အထောက်အထားသည် အလွန်အရေးကြီး ပါသည်။ ကျမ်းစာသည် လွယ်ကူသော စကားလုံးဖြင့် တစ်နှစ်သာကြသည့် ဧရာမ ရေလွှမ်းမိုးခြင်းကို မှတ်သားထားသည်။ အထက်ပါ အထောက် အထားသည် သမ္မာကျမ်းစာ၏ အမှတ်အသားနှင့် ကိုက်ညီသည်။


(၂)          သမ္မာကျမ်းစာ မှတ်သားထားသော ဧရာမ ရေလွှမ်းမိုးခြင်းနှင့် အခြားနိုင်ငံမှ တွေ့ရှိရသော ဧရာမရေလွှမ်းမိုးခြင်း၏ မှတ်သားချက်မှာ ခြားနားမှုရှိသည်။ ကမ္ဘာအရပ်ရပ်မှ လူမျိုးစုများ တွင် ရေလွှမ်းမိုးခြင်း နှင့်ပတ်သက်သော ဆိုရိုးပုံပြင် ရှိထားကြသည်။ ဗာဗုလုန်၏ပုံပြင်၊ အိန္ဒိယ၊ တရုတ်လူမျိုး တို့၏ပုံပြင် စသည်တို့ဖြစ်သည်။ အထက်ပါ ပုံပြင်တို့သည် ဖျက်ဆီးသည့် အသွင်ရှိသည့် ရေလွှမ်းမိုးခြင်းကိုသာ ဖော်ပြထားသည်။ လူတစ်ဦးသာ ကျန်ရစ်သည် (ဇနီး၊ သားသမီးနှင့် မိတ်ဆွေတစ်ဦး နှစ်ဦးကို ခေါ်ထားခြင်း ဖြစ်သည်)။ ရေကျပြီးနောက် အသက်ရှင်ကျန်ရစ်သူ တို့က ဖျက်ဆီး ခံရသောကမ္ဘာ၌ မျိုးဆက်များ ပွားများရန် တာဝန်ထမ်းဆောင်ရသည်။ သို့သော် ရေလွှမ်းမိုးခြင်းနှင့် ပတ်သက်သော ပုံပြင်များမှ သမ္မာကျမ်းစာသာလျှင် ရေကြီးမိုးကြီး စတင်ပြီးနောက် ဖြစ်ပေါ်လာသော ကိစ္စ အရပ်ရပ်ကို ရက်အတိအကျ မှတ်သားထားသည်။ 
                   နောဧအသက် ခြောက်ရာရှိသည့်အချိန်တွင် နှစ်လ ဆယ့်ခုနှစ်ရက်နေ့တွင် မိုးရေကြီးများ စတင်ရွာချပြီး ရက်လေးဆယ် ဆက်တိုက်ရွာချသည်။ ရက်(၁၅၀)အတွင်း ပင်လယ်ရေပြင် အမြင့်ဆုံးတည်နေရတွင် ထိန်းသိမ်းထားသည်။ ဆယ်လ တစ်ရက်နေ့ တွင် တောင်ထိပ် သည် ရေပြင်မှ ပေါ်ထွက်လာသည်။ (ကမ္ဘာဦး ၈း၆-၉) ကို အခြေခံလျှင် (၄၇) ရက်ပြီးနောက် ခိုငှက်၏နှုတ်သီး၌ သံလွင်ရွက်သစ် ကိုက်ချီထားသည်ကို တွေ့ရှိခြင်းဖြင့် နောဧသည် အပင်များ စတင်ပေါက်လာသည်ကို သိရှိသည်။ နောဧအသက် (၆၀၁)နှစ် တစ်လတစ်ရက်နေ့တွင် သဘောင်္ မှထွက်လာသည်။ ထိုအချိန်က သင်္ဘောသည် အာရရပ်တောင်တွင် သောင်တင်နေသည်။ ထိုသို့ ကြည့်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် နောဧကိုယ်တိုင် မှတ်သားထားသည့် အချက်အလက်များကို ပိုင်ဆိုင်ထားသည်။ 
                  ဗာဗုလုန်၏ ဒဏ္ဍာရီတွင်လည်း အု(တ်)နာပစ်တင် (Utnapishtin) ဟူသော လူသားသည် သူ၏သင်္ဘောကို မည်ကဲ့သို့ တည်ဆောက်ထား သည်ကို အသက်ဝင်စွာ ဖော်ပြထားသည်။ ရက်စွဲ မဖော်ပြထားပေ။ ဂေလ်ဂမက်ရှ်အက်ပစ် (Gilgamesh Epic) ဆယ့်တစ်မြောက် ကျောက်သင်ပုန်းတွင် လည်း နှစ်ရာချီ၍ နှစ်တစ်ထောင်အထိ နှုတ်ဖြင့် လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီကဲ့သို့ ရေလွှမ်းမိုးသည့် ခုနှစ်ကို မရေးသားပေ။ 
                 သို့သော် နောဧသင်္ဘောသည် အရှည် (၃၀၀)တောင်၊ အကျယ် (၅၀)တောင်၊ အနက် (၃၀) တောင် ဟူသော အတိုင်းအတာကို ဖော်ပြသည်။ ပင်လယ်ကူးသင်္ဘော၏ အတိုင်းအတာ ပင်ဖြစ်သည်။ အကယ်၍ ရှေးခေတ်တွင် တစ်တောင်ကို နှစ်ဆယ့်လေးလက်မ ဖြင့်တွက်ချက်လျှင် (ရေမလွှမ်းမီ လူသားတို့၏ ကိုယ်ထည်သည် နှောင်းလူကိုယ်ထည်ထက် ကြီးမားသည်။ (က ၆း၎) ကိုလေ့လာပါ)။ သို့ဖြစ်၍ နောဧ သင်္ဘောသည် ပေ(၆၀၀) ရှည်ပြီး၊ ပေ(၁၀၀)ကျယ်၍ ပေ(၆၀)နက်သည်။ (၃၆၀၀၀)စတုရန်းထုရှိသဖြင့် ထရပ်ကားကြီး (၂၀၀၀)နှင့် ညီမျှသည်။ ကားကြီးတစ်စီး လျှင် နွား(၁၂)-(၂၀) ကောင်၊ (၆၀)-(၈၀)၊ ၀က်(သိုး) (၈၀-၁၀၀) တို့ကို တင်နိုင်သည်။ ယခုတွင် သိုးထက် ကိုယ်ထည်ကြီးမားသည့် သတ္တ၀ါ ((၂၉၀)မျိုး၊ သိုးနှင့် ကြွက်အကြား၏ကိုယ်ထည် ပမာဏရှိသည့် သတ္တ၀ါ (၇၅၇)မျိုး၊ ကြွက်ကိုယ်ထည်ထက်ငယ်သည့် သတ္တ၀ါ (၁၃၅၈)မျိုး၊ သတ္တ၀ါတိုင်း တစ်မျိုး ကို နှစ်ကောင်တင်လျှင် ကားကြီး နှစ်ထောင်တွင် သက်တောင့်သက်သာ တင်နိုင်သည်။ ထိုအထဲ တွင်သတ္တ၀ါ စားသုံးသည့် အစာများလည်း ထည့်သွင်းနိုင်သည်။ 
                ဟေဗြဲဘာသာဖြင့် ရေးသားထားသော ဤကျမ်းပိုဒ်သည် သမိုင်းဝေါဟာရ အသုံးအနှုံး လေးနက်ပြီး မှတ်သားချက်လည်း တိကျသည်။ ထိုကြောင့် အချက်အလက်ရလာသည့် အရင်း အမြစ်သည် ဤကိစ္စရပ်၌ ကိုယ်တိုင်ပါဝင်သူ၏ မှတ်သားထားသော အချက်အလက်ပင် ဖြစ်သည်။ Gilgamesh Epic ၏ သမိုင်းအချက်အလက်မှာ ဒဏ္ဍာရီ အသွင်ရှိပြီး အသုံးပြုသော စကားမှာ ရှင်းရှင်း လင်းလင်းမရှိပေ။


                  The Hard Saying of the Bible မှ




(နိုင်ငံအသီးသီးမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများ)


No comments:

Post a Comment