Wednesday, April 8, 2015

သန့်ရှင်းရာ ဥပုသ်တော်နေ့

               (ထွက် ၂၀း၈) တွင် ဘုရားသခင်သည် သူ၏ပြည်သူတို့အား “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထို နေ့ရက်ကို အောက်မေ့လော့။” ဟု မိန့်တော်မူခဲ့ပါတယ်။ အပတ်တိုင်း၏ ခုနှစ်ရက်မြောက်သောနေ့ ဘုရားသခင် ဖန်ဆင်းပြီးမြောက်သည့်နေ့ကို အောက်မေ့ရသည်။ ဓမ္မသစ်ရောက်သည့် အချိန်တွင် ပညတ်တော် (၁၀)ပါး မှ ကိုးပါးအဖြစ် လျော့ချသည့် ဘုရား၏အမိန့်တော် မရှိပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် စတုတ္ထပညတ်ချက်ကို ဆက်လက်စောင့်ထိန်းရသည်။
                
တနင်္ဂနွေနေ့ ၀တ်ပြု သည့် ဓမ္မသစ်သက်သေအထောက်အထား

              ပင်တေကုတ္တေပွဲနေ့ မှစ၍ တမန်တော်တို့သည် ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားတို့အတွက် သခင်ယေရှု ရှင်ပြန်ထမြောက်သည် ဟူသောကြေညာချက် တစ်ချက် ကြေညာခဲ့သည်။ (တမန် ၂း၃၂)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်၏ အကျိုးရှိစွာ ပူဇော်သော အပြစ်ဖြေယဇ်ကြောင့် သေခြင်းနှင့် အပြစ်တို့မှ အောင်နိုင်ခဲ့သည်ကို သက်သေထူခဲ့သည်။ ထိုကြောင့် ဓမ္မသစ်အသင်းတော် ခေတ်ကိုသယ်ဆောင် လာသည်။ ဤအချိန်တွင် ပွဲတော်မင်္ဂလာသည် ဓမ္မဟောင်း၏ ပဿ     ခါပွဲနေ့မှ ယဇ်ပူဇော်ခြင်းကို အစားထိုးခဲ့သည်။
                  ခရစ်တော်၏အသေခံခြင်းသည် ယဇ်ပလ္လင်၌ ပူဇော်သောယဇ်ကောင်ကို ကိုယ်စားပြုသည်။ ထိုကြောင့် ဒုတိယမွေးခြင်းရှိသော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ ယဇ်ပရောဟိတ် ဖြစ်သည်။ အထက်ပါ ဖော်ပြသော “ကိုယ်စားပြု” ခြင်းကိုထောက်ရှုလျှင် ပညတ်တော်ဆယ်ပါးမှ တစ်ပါး (ဥပုသ်နေ့ စောင့်ထိန်းခြင်း) ၏အခြေအနေ သည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ 




အောက်ပါအကြောင်းအရာများသည် ကျွန်ုပ်တို့အား နားလည်ရန် ကူညီသည်။

၁။      ခရစ်ဝင်ကျမ်း လေးစောင်မှ မှတ်သားချက်အရ ယေရှုသည် ခုနှစ်ရက်၏ ပထမရက်တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ (မဿဲ ၂၈း၁၊ မာကု ၁၆း၂၊ လုကာ ၂၄း၁၊ ယောဟန် ၂၀း၁)။ ထိုကြောင့် တနင်္ဂနွေ သည် အရေးကြီးသော နေ့ရက်ဖြစ်သည်။ဤနေ့ရက်သည် ခရစ်တော် ရှင်ပြန်ထမြောက်သည့် နေ့
ကို အောင်ပွဲခံခြင်းဖြစ်သည်။ 

၂။          ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်သို့သက်ရောက်သည်။ ပင်တေကုတ္တေပွဲနေ့သည်လည်း တနင်္ဂနွေနေ့ဖြစ်သည်။ ဓမ္မသစ်အသင်းတော် “မွေးဖွားသောနေ့” သည် ရက်သတ္တပါတ်၏ ပထမနေ့ဖြစ်သည်။ ထိုအချိန်က ခရစ်ယာန်တို့သည် စနေ့နေ့တွင် တရားဇရပ်၌ ၀တ်ပြုခြင်း ပါဝင်ကြသော်လည်း တနင်္ဂနွေနေ့တွင်လည်း စုဝေး၍ ဘုရားသခင်ကို ၀တ်ပြု ကိုးကွယ်ကြသည်။

၃။           (၁ကော ၁၆း၂) တွင် ရှင်ပေါလုက ကောရိနုအသင်းတော်အား “ခုနှစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီးကောင်းစားသည့်အတိုင်း ................................” ဟုဖော်ပြခဲ့သည်။ ကျမ်းချက်ဖော်ပြချက် မှာ ယုဒနယ်ရှိ ငတ်မွတ်ဘေး ကျရောက်နေသော ခရစ်ယာန်တို့ကို ကူညီမစရန် အလှူငွေဖြစ်သည်။ ကျွန်ုပ်တို့ သည် ကောရိနုအသင်းတော်က တနင်္ဂနွေနေ့တွင် စည်းဝေးသည့် ဓလေ့ရှိသည်ကို သိနိုင်သည့်အပြင် ထိုနေ့၌ အလှူငွေ စုဆောင်းလေ့ရှိသည်ကိုလည်း မှတ်ချက်ချနိုင်သည်။

၎။           (တမန် ၂၀း၅-၁၂) ၏ မှတ်သားချက်အရ ရှင်ပေါလုသည် တရောမြို့တွင် တစ်ပါတ်မျှ နေထိုင် ပြီးနောက် တနင်္ဂနွေညနေစောင်း အစည်းဝေးတွင် တရားဟောသည်ဟု ဆိုထားသည်။ ရှင်ပေါလုက တရောမြို့တွင် တစ်ပါတ်ကြာ နေထိုင်ခြင်း ရည်ရွယ်ချက်မှာ တနင်္ဂနွေညနေစောင်း ၀တ်ပြုအစည်းအဝေး ကို စောင့်ဆိုင်းရန် ဖြစ်သည်။ သို့မှသာ ရှင်ပေါလုသည် ၎င်းတို့နှင့် အတူတကွ ဆုံတွေ့နိုင်မည်ဖြစ်သည်။ 

၅။          ဓမ္မသစ်ကျမ်းတွင် တနင်္ဂနွေနေ့သည် ခရစ်ယာန်တို့အတွက် အထူးအဓိပ္ပါယ်ရှိသည့် ကျမ်းချက်မှာ (ဗျာဒိတ် ၁း၁၀) “သခင်ဘုရားနေ့၌ ၀ိညာဉ်တော်ကို ခံရ၍........................”  ဤအသံသည် ဘုန်းအသရေ ရှိသော ခရစ်တော်မှ ပေါ်ပေါက်လာသည်။ ကိုယ်တော်၏ အသံတော်ပင် ဖြစ်သည်။ ခရစ်တော်သည် တနင်္ဂနွေနေ့တွင် ရှင်ယောဟန်နှင့် စကားပြောခဲ့သည်။ ကျမ်းချက်တွင် ရေးသားသော “သခင်ဘုရားနေ့” (tekyriake hemera) သည် dative case ဖြစ်သည်။ ဤစကားလုံး၏ အဓိပ္ပာယ်မှ တနင်္ဂနွေနေ့ဖြစ်သည်။ 

၆။           ဥပုသ်နေ့အသင်းက ဘုရားသခင်သည် စနေနေ့အစား တနင်္ဂနွေနေ့ကို ခရစ်ယာန်တို့ ၀တ်ပြုနေ့ အဖြစ် ရွေးချယ်ခြင်းမရှိ ဟု ငြင်းဆိုကြသည်။ ကွန်စတင်တိုင်း ရှင်ဘုရင် (အေဒီ ၃၀၈-၃၃၇) လက်ထက် ရောက်မှ ဘာသာခြား၏ လွှမ်းမိုးမှုကြောင့် ခရစ်ယာန်တို့သည် တနင်္ဂနွေနေ့တွင် ၀တ်ပြုကိုးကွယ် အစည်းအဝေး တဖြည်းဖြည်း ခေတ်စားလာသည် ဟုဆိုသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် အစကနဦး ခရစ်ယာန်ဘာသာ၏ အထောက်အထားမှ ကြည့်လျှင် ဥပုသ်နေ့ အသင်း၏ ပြောဆိုချက်မှာ အထောက်အထားမခိုင်လုံပေ။ တမန်တော်ခေတ်မှ စ၍ ခရစ်ယာန်တို့သည် တနင်္ဂနွေနေ့ကို ၀တ်ပြုအစည်းဝေး ကျင်းပသည့်နေ့ နှင့် နားရက်အဖြစ် သဘောထားသည်။ ကွန်စတင်တိုင်း ဘုရင်သည် ရောမတစ်နိုင်ငံလုံးသို့ တနင်္ဂနွေနေ့ကို နားရက်အဖြစ် သတ်မှတ်ခဲ့သည်သာဖြစ်သည်။ 

၇။          ခရစ်ယာန်များအနေဖြင့် “သခင်၏ရက်နေ့” ကို သန့်ရှင်းသောနေ့ ဖြစ်စေသည်။ ခရစ်ယာန် တို့၏ အထူးနေ့ဖြစ်သည့် “သခင်၏နေ့ရက်” သည် ရှေးဟေဗြဲ ခရစ်ယာန်တို့၏ ဥပုသ်နေ့ (တစ်ပါတ်၏ ခုနှစ်ရက် မြောက်နေ့) ၏ကိုင်းရှိုင်းသော သဘောနှင့် ညီမျှသည်ကို သက်သေထူ နိုင်သည်။ (ကော ၂း၁၆) “ထိုကြောင့် စားသောက်ခြင်းပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစီရင်စေနှင့်”။ ဤကျမ်းချက် ဖော်ပြလိုသည့်အကြောင်းမှာ ဓမ္မဟောင်းတွင် အထူးမြင့်မြတ်၍ အနှစ်သာရ ရှိသော နေ့ရက်မှားရှိသော်လည်း ဓမ္မသစ် ယုံကြည်သူတို့သည် ဤနေ့ရက်များ၏ ချုပ်နှောင်ခြင်းခံစရာ မလို၊ အဘယ်ကြောင့်ဆိုသော် “ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။” (ကော ၂း၁၇) ။ ထိုသို့ဖြစ်လျှင် ကော ၂း၁၆ ၏ အနှစ်သာရသည် ဓမ္မဟောင်း၌ အတင်းအဓမ္မ သတ်မှတ်ထားသော ထုံးစံသာ ဖြစ်သည်ကို သိနိုင်သည်။ ခုနှစ်ရက်မြောက် ဥပုသ်နေ့နှင့် ဓမ္မဟောင်း၏ ပွဲနေ့တို့သည် သတ်မှတ် ထားသော ထုံးစံဖြစ်သည်။ ခရစ်ယာန်တို့သည် “သခင်ဘုရားနေ့” ကို စောင့်ထိန်းသင့်သည်။ သူတို့စောင့် ထိန်းသော အရာတို့သည် မပြည့်စုံသော ပညတ္တိ (ပုံရိပ်) ဖြစ်သည်။



No comments:

Post a Comment