Sunday, April 12, 2015

လူသိန်းနှစ်ဆယ်ရှိသော ဣသရေလတို့သည် ပင်လယ်ပြင်ကိုဖြတ်ကူးသည့် အံ့သြဖွယ်ဖြစ်ရပ် အမှန်တကယ် ရှိခဲ့ပါသလား။

(၁)                   ဘုရားသခင်သည် ဣသရေလတို့ကို ခါနန်ဒေသသို့ပြန်ရန် ဦးဆောင်မည်ဟု ကြေညာ ပြီးနောက် သူတို့အား ရှေ့မှ ဦးဆောင်ခဲ့သည်။ သူတို့၏ လုံခြုံရေးအတွက် ရှည်လျားသော လမ်းခရီးနှင့် လုံခြုံမှု ပိုရှိသော လမ်းကြောင်းကို ရွေးချယ်၍ ဦးဆောင်ခဲ့သည်။ ဘုရားသခင်သည် သူတို့အား တောမှ ပတ်ပြီး ပင်လယ်နီဘက်သို့ ဦးဆောင်သွားသည်။ ဘုရားသခင်သည် ဣသရေလပြည်သူ များနှင့် နေခင်းတွင် တိမ်လွှာဖြင့်၎င်း၊ ညဥ့်တွင် မီးတိုင်ဖြင့်၎င်း အတူတကွ ရှိနေသည်ကို စာရေးသူ အကြိမ်ကြိမ် ဖော်ပြသည်။ နောက်ပိုင်း မှတ်သားချက်တွင် ဘုရားသခင်သည် ဣသရေလတို့ကို တရင်းတနှီး ဆက်လက်ထားပြီး ဣသရေလတို့နှင့် ထူးခြားသော ပတ်သက်မှုရှိ သည်ကိုဖော်ပြသည်။


(၂)                    ထွက် (၁၃း၂၈) တွင် “ဧဒုံပင်လယ်” (ဟေဗြဲဘာသာ Yam ဖြစ်ပြီး၊ မူလအဓိပ္ပာယ်က “ကျူ ပင်လယ်” အကြမ်းအားဖြင့် ပင်လယ်၏ မြောက်ပိုင်းဒေသကို ညွှန်းသည်။ အခါဘာပင်လယ်ကွေ့ အရှေ့မြောက် မြစ်လက်တက်) နှင့် ဆူးရစ်ပင်လယ်ကွေ့ (အနောက်မြောက်ပေါင်း ကူးစီးဆင်း) ဒေသတွင် ဖြစ်သည်။ ရေများဖုံးအုပ်သည့် ဒေသမှာ ယနေ့ဆားအိုင် (ရှေးအခါက ဤတ၀ိုက်တွင် ပင်လယ်နီနှင့် တိုက်ရိုက် ဆက်သွယ်နေလိမ့်မည်။)။ ဣသရေလတို့ ပင်လယ်ကို ဖြတ်ကျော် သည့် ဒေသကို တိကျစွာ မသိနိုင်ပေ။ ပညာရှင်အများစုက ဆားအိုင်တွင် ဖြစ်သည်ဟု ဆိုကြသည်။ ဤအဆိုနှင့် ယခုလက်ရှိ ကျမ်းပုဒ်သည်မည်သို့မှ မပတ်သက်ပါ။ ကျွန်ုပ်တို့သည် ဣသရေလတို့ ကန့်လန့် ဖြတ်ကူးသည်ဟု ယုံကြည်သည်။ ဤပင်လယ်ကွေ့နှစ်ကွေ့မှ မြောက်ပိုင်းသို့ တက်သွားသော အကွေ့ဖြစ်မည်။


(၃)            မောရှေသည် တောင်ဝှေးကို မြှောက်လိုက်သည့် အချိန်တွင် ဘုရားသခင်သည် အရှေ့လေ တိုက်ခတ်ခြင်းကို အသုံးပြု၍ ပင်လယ်ကို ခွဲခဲ့သည်။ မောရှေသည် လက်ဆန့်တန်း ထားရသည်။ ထိုကြောင့် ဒီရေကျခြင်းသည် အကြောင်းအားလျော်စွာ မဟုတ်ကြောင်း (လဆွဲငင်အားမဟုတ်) သက်သေထူနိုင်သည်။ ဘုရားသခင်သည် သူ၏ တန်ခိုးဖြင့် ဣသရေလတို့ကို ကယ်တင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဤနေရာ တွင် ဖန်ဆင်းရှင်၏ အံ့သြဖွယ်ကို တစ်ဖန်တွေ့နိုင်သည်။ ဘုရားသခင်သည် ဖန်ဆင်းသည့် အပြင် သဘာဝ တရားကို ထိန်းချုပ်ထားနိုင်သည်။ လေနှင့်လှိုင်းအားဖြင့် သူ၏အလိုတော်ကို စုံလင်စေသည် (မဿဲ ၈း၂၇)။ အဲဂုတ္ထု နှင့် ခါနန်၏ အရှေ့လေသည် သဲကန္တာရမှလာပြီး ပင်လယ်မြေကို ခြောက်သွေ့စေသည်။ ဤဒေသ တွင် ကျူ မြက်များ ပေါက်ရောက်လျက်ရှိသည်။ ပင်လယ်ကွေ့နှင့်ဆက်နေသည့် ဆားအိုင်သည် ဒီရေကျ လျှင် (သို့) လေတိုက်လျှင် အိုင်ကန်ကို ခေတ္တခဏခြောက်သွေ့စေသည်။ ပေါ့ပါးသည့် လက်နက်ကို ကိုင်သော တပ်ဖွဲ့သည် လျက်မြန်စွာ သွားနိုင်သည်။ “ရေသည်.................................................. ကျောက်ထရံ ကဲ့သို့ ရှိ၏ (၁၄း၂၂)”။ ဤစကားလုံးသည် (ဧဇရ ၉း၉) မှ “ထရံ” နှင့် တူ၏။ စကားလုံး အဓိပ္ပာယ်ဖြင့် မရှင်း လင်းသင့်ပေ။ ဤစာကြောင်းက အဲဂုတ္ထု စစ်ရထားများသည် ဣသရေလလူမျိုး တို့ကို ဘေးမှ မတိုက်ခိုက် နိုင်ဘဲ သူတို့၏ နောက်တွင်သာ လိုက်ရသည်ကို ဖော်ပြခြင်းဖြစ်သည်။ အဲဂုတ္ထု စစ်ရဲမက် တို့သည် ဣသရေလတို့၏ နောက်တွင် ရေနစ် သေဆုံးကြသည်။ 
                       ဘုရားသခင်သည် အဲဂုတ္ထုပြည်တွင် အံ့သြဖွယ် ဆယ်ပါးကိုပြသပြီးနောက် လူဦးရေ သိန်းနှစ်ဆယ်ရှိသော ဣသရေလကို ဧဒုံပင်လယ်မှ ဖြတ်သန်းစေနိုင်ခြင်းမှာ ကိုယ်တော် ဆက်လက်ပြသ သည့် အံ့သြဖွယ်ဖြစ်သည်။ ဣသရေလတို့ နေ့စဉ် မီးတိုင်နှင့် မိုဃ်းတိမ်တို့ကို အားကိုး၍ တောလမ်းတွင် ခရီးရှေ့ဆက်နိုင်ခဲ့သည်။ နေ့စဉ်ဘုရားသခင် ချီးမြှင့်သော မန္နမုန့်ကို စားသုံးနိုင်ခြင်းသည် ဘုရားသခင်၏ အံ့သြဖွယ်ဖြစ်ကြောင်း ကျွန်ုပ်တို့အနေနှင့် စွဲစွဲမြဲမြဲ ထိန်းသိမ်းလိုပါသည်။


                                                         (The Hard saying of the Bible ) မှ ကူးယူဖော်ပြသည်။











No comments:

Post a Comment