Thursday, November 8, 2012

ဆန္ဒ

ဆန္ဒ
ဆလိုင်း (April)

ချစ်သူ...
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့
နှလုံးသားရဲ့အနက်ရှိုင်းဆုံးသောနေရာမှာ
မင်းနဲ့ငါ ကြည်နူးခဲ့ကြ
ယုယတဲ့ချစ်စကားလေးတွေက
တွဲလက်ကိုခိုင်မြဲစေရမယ်
လူငယ်ဘ၀ချစ်ကြိုက်စဉ်ကာလမှာပေါ့
ဒါစိတ်ကူးမဟုတ်ဘူး။

ချစ်သူ...
တိမ်ပြာပြာနေ့လေးတစ်နေ့
ဘုရားသခင်ရှေ့လူတို့ရှေ့မှာ
မင်းနဲ့ငါ သစ္စာဝတ်တွေပြုခဲ့ကြ
“ထိမ်းမြားမင်္ဂလာ” ဆိုတဲ့အရာက
တစ်သက်တာအမှတ်တရဖြစ်စေခဲ့တာ
ဗိမ္မာန်တော်ကြီးထဲမှာပေါ့
ဒါအိပ်မက်မဟုတ်ဘူး။

ချစ်သူ...
“အိမ်ထောင်ရဲ့ဆည်းလည်း”ဆိုတဲ့
သားသမီးရတနာလေးတွေက
သာယာတဲ့တို့နှစ်ယောက်ဘ၀အတွက်
ဘုရားသခင်ရဲ့ထပ်ဆင့်လက်ဆောင်
မေတ္တာအပြည့်နဲ့ပျိုးထောင်
အလိုတော်ကိုဆောင်တဲ့မိသားစု ဖြစ်ရမယ်
ဒါဒဏ္ဍာရီမဟုတ်ဘူး။

ချစ်သူ...
သမ္မာတရားကိုဦးထပ်ထားမယ်
သစ္စာတရားကိုခိုင်ခံ့စေမယ်
ဆင်းရဲချမ်းသာမျှဝေခံမယ်
ပျော်ရွှင်သာယာအိမ်ကိုဆောက်မယ်
ကမ္ဘာဆုံးတိုင်အောင်ပေါ့ကွယ်။

No comments:

Post a Comment