Friday, November 9, 2012

ဘုန်တော်ကြီးဒလိုင်လားမား၏ဘာသာတရားအပေါ်အမြင်

ဘုန်းတော်ကြီးဒလိုင်လားမား၏ဘာသာတရားအပေါ်ဖြေကြားချက်

                    ဘုန်းတော်ကြီးဒလိုင်လားမားကိုတွေ့ဆုံစဉ် “ အရှင်ဘုရား    ဘယ်ဘာသာတရားကအကောင်း
ဆုံးလဲ။” လို့မေးမြန်းခဲ့ပါတယ်။     ဘုန်းတော်ကြီးဒလိုင်လားမားက  မေးမြန်းသူ၏          မျက်ဝန်းကိုကြည့်ပြီး
အကောင်းဆုံး         ဘာသာတရားကမင်းကိုဘုရားသခင်နဲ့အနီးဆုံးပို့ပေးနိုင်မယ့်      ဘာသာတရားပေါ့ကွာ။
ပြီးတော့မင်းကို  သာ၍ကောင်းသောလူတစ်ယောက်ဖြစ်လာအောင်        လုပ်ပေးနိုင်မယ့် ဘာသာတရားပေါ့
ကွာ”  လို့ပြန်ပြီးဖြေကြားခဲ့ပါတယ်။
                 ဆက်လက်ပြီး  “ဒီလိုဆို  ဘယ်အရာတွေက  သာ၍ကောင်းသူတစ်ယောက်ဖြစ်လာဖို့လုပ်ဆောင်
ပေးနိုင်တာပါလဲ” ဟုဆက်ပြီးမေးမြန်းတဲ့အခါ
               “ သင့်ကို  မေတ္တာ၊ကရုဏာ  သာ၍ကြီးမားလာဖို့၊        သာ၍စဉ်းစားချင့်ချိန်တတ်လာစေဖို့၊  သာ၍
ဘက်မလိုက်တတ်သောသောသူဖြစ်စေဖို့၊  သာ၍ချစ်မြတ်နိုးတတ်လာစေဖို့၊         သာ၍တာဝန်ယူတတ်လာ
စေဖို့၊  သာ၍ကိုယ်ကျင့်တရားတိုးတက်ပွါးများလာစေဖို့         လုပ်ဆောင်ပေးနိုင်တဲ့ဘာသာတရားပဲ”။ ဟုပြန်
ပြီးဖြေကြားခဲ့တာပါတယ်။

No comments:

Post a Comment