Tuesday, November 6, 2012

စိတ်သစ်လောင်းခြင်း

စိတ်သစ်လောင်းခြ င်း
မိဇ (MIT)

ဒီကနေ့က  စပြီး
ငါ့ကိုယ်ငါ
ရဲရဲကြီး  စိန်ခေါ်မယ်....။

သတ္တိရှိရင် ရှိတဲ့အတိုင်း
မှန်တယ်ထင်ရင်  ထင်တဲ့အတိုင်း
ယုံကြည်ချက်ရှိရင်  ရှိတဲ့အတိုင်း
ဆန္ဒဖြစ်ရင် ဖြစ်တဲ့အတိုင်း
ရိုးရိုးလေး  အသက်ရှင်ဖို့

တုံ့ပြန်မှုတိုင်းမှာ  တန်ပြန်သက်ရောက်မှုရှိလို့
ရေခါးမိုးကြီး  ရွာလာခဲ့ရင်
ရေငန်သောက်မြက်ခြောက်စားဖို့
တစ်နေ့
ငါ့အသက်နဲ့ခန္ဓာ  ကင်းကွာသွားတဲ့အခါ
ငါ့လိပ်ပြာ  ငါလုံချင်လို့လေ။             ။

No comments:

Post a Comment