Wednesday, November 28, 2012

အယ်လ်နီညှိုခရစ္စမတ်

အယ်လ်နီညှိုခရစ္စမတ်
စောရွယ်လူး (ကယ်တင်ခြင်းတပ်)




ရေငတ်နေတဲ့တောင်တရုတ်ပင်လယ်
သိမ်ငယ်နေတဲ့ဧ၀ရက်တောင်
နေလောင်ထားတဲ့အမေဇုံတောကြီး
မျောစီးနေတဲ့ဝင်ရိုးစွန်းတွေနဲ့
ပွန်းပဲ့နေတဲ့လူတွေရဲ့ ကမ္ဘာ
ချူချာနေတဲ့ ဘုရားလက်ရာတွေကြားမှာ
အရင်တစ်ခါက
သခင်လာခဲ့တဲ့ညလို
ကြယ်တာရာတွေတောက်ပ
တစ်လောကလုံးဝမ်းမြောက်ကြနဲ့
ဖြောင့်ဖြောင့်တောင်ကြိုနိုင်ကြပါ့မလား။

No comments:

Post a Comment