Wednesday, November 28, 2012

နေရာ (ခရစ်စမတ်ကဗျာ)

နေရာ
ထီးခူ (ကယ်တင်ခြင်းတပ်)


ဒီနှစ်လည်း
နှင်းကဗျာနဲ့သီကုန်းတဲ့
အဆုံးမဲ့တေးသွားတွေ
ဂုဏ်တော်ဘွဲ့တွေ
ကျေးဇူးတော်ရုပ်ကြွတွေ
ကြားရ မြင်ရဦးမယ်  အရင်အတိုင်း။

သီဆိုခြင်း၊ ကျူးဧခြင်း၊ ကြွေးကြော်ခြင်းတွေနဲ့
ဧ၀ံဂေလိသတင်းတော်ကို
အသင်းတော်တွေကသယ်ဆောင်
ခရစ်စမတ်ဆိုတာ
အချစ်ငတ်ပြတ် ကမ္ဘာသားတွေအတွက်
လွင်ပြင်မှာပေါက်တဲ့  နှင်းတစ်စက်တဲ့။

ဒါပေမဲ့ ...
နှစ်တိုင်းမွေးတဲ့ခရစ်တော်
အူဝဲသံသရာလည်ရင်း
အသက်တာထဲမှာ  ဒုံရင်းက  ဒုံရင်း
တစ်ကနေပြန်စစ်
ကျန်ရစ်တဲ့ခြေရာတွေက ...
အနှစ်မဲ့  အချစ်မဲ့  အပြစ်မဲ့
ကြီးထွားစေချင်တယ်
အသီးများစေချင်တယ်
ခရစ်ယာန်အသက်တာဆိုတာ
အသီးမည့်အကိုင်းလို
အရိုး ပြိုင်းပြိုင်းထနေလို့မရ။

ဒီနှစ်တော့သူငယ်တော်ကို
အူဝဲသံသရာကနေပုတ်နိုး
နေရာလေး  နည်းနည်းလောက်  တိုးပေးလိုက်ပါ။






No comments:

Post a Comment