Tuesday, November 6, 2012

သခင် ..သခင် ..ဟု ၊ခေါ်သူအများရှိသော်လည်း....။

သခင်...သခင်...ဟု
ခေါ်သူအများရှိသော်လည်း...။
(ချစ်လှမောင်)


သင့် .... ရင်ထဲမှာ
ကျောက်ခဲလိုမာကျောသောနှလုံးသား
ပုတ်သိုးနေတဲ့ပန်းသီးများ
အစားထိုးဖို့
နှလုံးသားစစ်စစ်
ပန်းသီးအသစ်ရှာပြီး
လူဇာတိ ပကတိရှိအောင်  ပြုပြင်ပါ....။

ညီအစ်ကိုချင်း၏  လည်ပင်းကိုညှစ်ခြင်း
မုဆိုးမ၏ငွေကိုလုယူခြင်း
သူတစ်ပါး၏မျက်စိမှငြှောင့်ကိုမြင်ခြင်း
သခင်ညွှန်ပြသောအရာများ....။

လက်တစ်ဖက်အတွက်  လက်တစ်ဖက်
မျက်လုံးတစ်လုံးအတွက်  မျက်လုံး
အမုန်းကို  အရှုံးနဲ့
နိဂုံးချုပ်ရသောဘ၀များ....။

သင်၏ပါးတစ်ဖက်ကို
လက်ဖြင့်ပုတ်သူအား
ရန်မူခြင်းမပြု၊ သည်းခံမှုနဲ့
ရှုမြင်နိုင်ပါ့မလား.....
သခင်ပေးတဲ့နှလုံးသားနဲ့
အစားထိုးဖို့
သင်.....
အဆင်သင့်ရှိရဲ့လား .....။

No comments:

Post a Comment