Sunday, November 4, 2012

လမ်းကြောင်း

လမ်းကြောင်း
စောမုတ်ဆိတ်(ကေတု)

မှိုလိုပေါက်အလိုမကျမှုတွေက
တွန့် ကြေစွာကျောက်ချထားဆဲ....

ရင်နာရတဲ့ဒီဆိပ်ကမ်းကို
သေခန်းပြတ်ချင်နေပေမဲ့
သင်္ဘောဟာ
ခုထိဥသြမဆွဲသေးဘူး....

ရောင်းရင်းရေ....
စိတ်ဓါတ်တွေအရည်မကျဲစေနဲ့
ကမ္ဘာကြီးတောင်၂၃ ၁/၂ံ စောင်းနေမှတော့
စိတ်ကူးနဲ့လက်တွေ့ကို
ညီမျှခြင်းချဖို့
ရေခပ်မကြုံလည်း
ထင်းခွေတဲ့အခါပေါ့....။          ။

No comments:

Post a Comment