Sunday, December 30, 2012
Saturday, December 29, 2012
အသင်းတော်ခရစ်စမတ်ပွဲလေးပါ
ကျွန်တော်တို့ ကျိုက္ခမီနှစ်ခြင်းအသင်းတော်လေးရဲ့ ခရစ်စမတ်ပွဲလေးပါ။ ကျွန်တော်တို့ဆီမှာ
တောရွာရဲ့ဓလေ့အတိုင်း ခရစ်စမတ်ပွဲကို မဖိတ်ဘဲ လာကြတဲ့ဧည့်သည်တွေရှိတယ်။ အစားအသောက်
တွေဆိုလည်း အားရပါးရလာပြီး စားကြပါတယ်။ ဒီနှစ်တော့ မုန်ဟင်းခါးကျွေးပါတယ်။ အချိန်(၈၀)လောက်
ချက်ရတယ်။ လာပြီး အားပေးကြမယ့် ဧည့်သည်တော်တွေက များတာကိုး။ အင်မတန်ပျော်စရာကောင်း
ပါတယ်။
သူတို့တွေ စား သောက်ကြနဲ့ ပျော်ရွှင်တာကို မြင်ရတော့ ဒါလည်းခရစ်စမတ်ရဲ့ အနှစ်သာရ
တစ်ခုပဲလို့ စဉ်းစားမိတယ်။ ခရစ်စမတ်ဆိုတာ လူသားတွေအတွက် ၀မ်းမြောက်ပျော်ရွှင်မှုကို ပေးစွမ်းတဲ့
အချိန်အခါလေးပဲ မဟုတ်ပါလား။
Sunday, December 23, 2012
ဘုရားသခင်မြင်တော်မူလိမ့်မည်
John C. Maxwell
လွန်ခဲ့သည့် (၂)နှစ်ကျော်က ကျွန်ုပ်နှင့် ဇနီးမာဂရက်တို့သည် အီတလီနိုင်ငံတွင်လည်ပတ်ခွင့်
ရခဲ့သည်။ ကျွန်ုပ်တို့၏ ဦးစားပေး အစီအစဉ် ၂ခုမှာ အစားအသောက်နှင့်အနုပညာ ပင်ဖြစ်သည်။ အ
ကောင်းဆုံးအစားအစာ များကိုရှာဖွေတွေ့ရှိရန် အတွက် ယခင်အီတလီနိုင်ငံသို့ သွားဖူးသောမိတ်ဆွေ
များအား မေးမြန်းစုံစမ်းခဲ့သည်။ အကောင်းဆုံးအနုပညာလက်ရာများကို ကြည့်ရှုရန်အတွက် အလွန်
တော်သည့် လမ်းပြ တစ်ယောက်၏အကူအညီ ကိုရယူရ၏။
ထိုသူသည် နယူးရော့ခ် မက်ထရိုပိုလီတန်အနုပညာပြတိုက်အတွက် အ၀ယ်တော်တစ်ဦး
လည်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခရီးစဉ်အတွင်း အလွန်ကြီးကြယ်သော အနုပညာလက်ရာ အမြောက်အ
မြားကို မြင်တွေ့ခဲ့ရသည်။ သို့ရာတွင် မိုက်ကယ်အင်ဂျလို၏ ဒေးဗစ်ရုပ်တုလောက် မည်သည့်အနုပညာ
ပစ္စည်းကမှ ကျွန်ုပ်ကို မစွဲငြိစေခဲ့ပါ။ အဘယ်ကြောင့်ထိုပစ္စည်းအား အပြောင်မြောက်ဆုံးလက်ရာ ဟု
ခေါ်ဝေါ်ကြောင်း ကျွန်ုပ်နားလည်သဘောပေါက်ခဲ့ရသည်။
မိုက်ကယ်အင်ဂျလို၏ဘ၀သည် မယုံနိုင်လောက်စရာပင်ဖြစ်သည်။ သူသည်အနောက်တိုင်း
ယဉ်ကျေးမှု၏ အကြီးကျယ်ဆုံးနှင့် သြဇာအရှိဆုံးအနုပညာရှင်ဖြစ်ပြီး ပန်းပုထုရန်မွေးဖွားလာသူလည်း
ဖြစ်သည်။ သူသည်အထိန်းတော်၏နို့ကို စို့ယူသောက်သုံးနေရစဉ် ကပင် ပန်းပုထုလုပ်သည့် ကိရိယာ
တန်ဆာပလာတို့ကို ချစ်ခင်မြတ်နိုးသောစိတ်မှာ တစ်ပါတည်းပါလာခဲ့သည်ဟုဆို၏။
သူသည်၎င်း၏ ပထမဦးဆုံးရင့်ကျက်သောရုပ်ထုကို အသက် ၂၁နှစ်အရွယ်တွင် ထုလုပ်ခဲ့ပြီး
အသက် ၃၀ မတိုင်မီ Pieta ရုပ်ထုနှင့် ဒေးဗစ်ရုပ်ထုကိုထုလုပ်ခဲ့သည်။
Friday, December 21, 2012
လွတ်မြောက်သူ
ရိုးရာထူး
“ငါအသက်ရှင်ခြင်းအရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏”
ဖိလိပ္ပိ (၁း၂၁)
မှတ်တမ်းတစ်ခုမှာ ဖြစ်ရပ်ဆန်းတစ်ခုကို မှတ်တမ်းတင်ထားပါတယ်။ အသက်(၉၁)နှစ်
အရွယ် မာတင်ဒါတန် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ထောင်ဒဏ် (၆၃)နှစ် ကျခံပြီး ကွယ်လွန်သွားပါတယ်။ ထူးဆန်း
တာက နောက်ဆုံးအနှစ်(၃၀)ကို မိမိသဘောနဲ့ အကျဉ်းသားတစ်ဦးအဖြစ် နေထိုင်သွားခြင်းပါပဲ။
အပြစ်ဒဏ်စေ့လို့ ထောင်ကထွက်ရတော့ ......။
“ လောကကြီးက အရမ်းပြောင်းလဲကုန်ပါပြီဗျာ။” တဲ့
သူဟာလုပ်ငန်းရှင်တစ်ဦးကို သတ်ခဲ့တဲ့အတွက် ထောင်ဒဏ်အနှစ်(၃၀) ကျခံရပါတယ်။ ပြစ်
ဒဏ်စေ့လို့ ထောင်ကလွတ်လာပြီး အပြင်ကိုရောက်သွားတော့ အလွန်အံ့သြ တုန်လှုပ်သွားပါတယ်။လမ်း
ပေါ်မှာကားတွေက အရှိန်ပြင်းပြင်း မောင်းနှင်နေပြီး အဆောက်အဦးသစ်တွေ နေထိုင်မှုပုံစံသစ်တွေက
အလွန် ပြောင်းလဲနေတာကို တွေ့ရတယ်။ သူထောင်ကျစဉ်တုန်းက လှည်းခေတ်သာရှိပြီး လူတွေက
နှေးကွေးစွာ လှုပ်ရှားသွားလာနေကြတုန်းပါ။
အခုသူ့မှာ မိသားစု၊ အလုပ်အကိုင်၊ ၀င်ငွေ၊ အိမ်၊ အသိမိတ်ဆွေ၊.... ဘာဆိုဘာမှမရှိတော့။
နောက်ဆုံးအကျဉ်းထောင်မှာပဲ နေသွာဖို့ဆုံးဖြတ်လိုက်တော့တယ်။ အကျဉ်းထောင် ယာခင်းမှာပဲ သေ
တဲ့အထိ အလုပ်လုပ်သွားခဲ့ပါတယ်။ အကျဉ်းသားဘ၀ကို ကိုယ်တိုင်ရွေးချယ်ခဲ့သူတစ်ဦးရဲ့အဖြစ်
အပျက်ပါ။
Sunday, December 16, 2012
မော်ကွန်းတိုင်
(ဒေါက်တာဖေမြတ်ဝင်း)
ဘယ်အခါမှ မမေ့အပ်သောအရာများကို ကျွန်ုပ်တို့သည် နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ထား
ကြသည်။ နောင်လာနောက်သားတို့၏ နှလုံးသားများက မေ့ဖျောက်သွားမည်စိုး၍ စာရွက်၊ သစ်သား
ကျောက်ပြား စသည်တို့ပေါ်တွင် ရေးသားထွင်းထုလျက် မော်ကွန်းတင်ထားကြသည်။ ထိုကြောင့်
မော်ကွန်းဆိုသည်မှာ ကျောက်ပြားပေါ်၌သာမက လူ့နှလုံးသားတွင်ပါ ကမ္ပည်းထိုး ထားရမည့်အရာဖြစ်
သည်။ သည်လို ချွေးနှင့်သွေးတို့ဖြင့် ရင်း၍စိုက်ထူခဲ့သော မှတ်တိုင်အချို့ ကျွန်ုပ်တို့ မြန်မာခရစ်ယာန်
သမိုင်းတွင်ရှိပါသည်။
လွန်ခဲ့သည့် သုံးလလောက်က ကျိုက္ခမီသို့ သိက္ခာတော်ရဆရာကြီးဒေါက်တာ ဦးဝင်းတင်
နှင့်အတူ ရောက်ခဲ့ပါသည်။ ကျွန်တော်(၂)နှစ်၊ (၃)နှစ်သားအရွယ် လောက်ကနေထိုင်ခဲ့ဖူးသော ပင်လယ်
ကမ်းခြေ တောမြို့ကလေးဖြစ်ပါ၏။ ယခုအခါတွင် ရေလယ်ကျောက်ဆောင်များနှင့်ေ န့စဉ်ဘုရားဖူး
သူများရှိသော်လည်း ဒီတံငါအလုပ်ဖြင့် အသက်မွေးရသည့် မြို့ကလေးသည် ခေတ်နှင့်အမှီလိုက်ပြီး
ကြီးပွါးတိုးတက်လာခြင်းမရှိသေးပါ။
ငယ်စဉ်က ကျိုက္ခမီနှင့်ပတ်သက်ပြီး ကျွန်တော်မှတ်မိသောအရာ နှစ်ခုသာကျန်ရှိပါသည်။
တစ်ခုမှာ သဲသောင်ပေါ်တွင် တူးရွင်းပြားလေးနှင့် သဲအိမ်ဆောက်ပြီး၊ ရေထဲမဆင်းရဲသောကြောင့်
ဖေဖေ၀ယ်ပေးသည့် ပုံးနီကလေးဖြင့် ပင်လယ်ရေကိုခပ်ချိုးခဲ့ရသည့်အဖြစ်ပါ။ နောက်တစ်ခုကတော့
ထိုကမ်းနားသို့ ဖြတ်သွားစဉ်တစ်ချိန်တွင် မေမေပြောခဲ့သည့်စကားတစ်ခွန်း ဖြစ်ပါ၏ ။ “မမဟက်ဆဲလ်
တင်းရဲ့ သင်္ချိုင်းဂူလေး” တဲ့။ မိခင်ရဲ့ လေသံတွင် ၀မ်းနည်းကြေကွဲမှုများ ရောယှက်နေသည့်အတွက်
ထိုနာမည်ကို ကျွန်တော်မေ့မရနိုင်ခဲ့ပါ။ သို့သော်မေမေချစ်မြတ်နိုး၍ လေးစားသော မမဟက်ဆဲလ်
တင်း အကြောင်းကိုတော့ ကြီးပြင်းလာသည့်အထိ ကောင်းစွာမသိခဲ့ပါဘူး။

ကောင်းချီးမင်္ဂလာကိုစီးဆင်းစေသူ (Be a Channel of Blessing)
ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏သားသမီးများအဖြစ်ရွေးကောက် ခန့်ထားသည်အချိန်
မှစ၍ ထူးခြားသည့်ရည်ရွယ်ချက်များ ထားရှိပါသည်။ ထိုအထဲတွင်တစ်ခုမှာ “ ကျွန်ုပ်တို့အားဖြင့် သူ၏
ကောင်းချီးမင်္ဂလာကို စီးဆင်းစေဖို့ဖြစ်ပါတယ်။” သည်အကြောင်းအရာနှင့်ပတ်သက်ပြီး နှုတ်ကပတ်တော်
၌တွေ့ရှိသည့်အချက်များကို ဝေငှလိုပါသည်။
ဘုရားသခင်သည် အာဗြဟံအားရွေးကောက်သည့်အခါ “သင့်အားဖြင့် လူမျိုးအပေါင်းတို့သည်
ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုကတိပြုတော်မူခဲ့ပါတယ်။ (ကမ္ဘာဦး ၁၂း၃)။ တနည်းအားဖြင့်
ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် အာဗြဟံအားဖြင့် လူမျိုးတကာတို့ကို စီဆင်းစေလိမ့်မည်ဟု မိန့်
ဆိုခဲ့ခြင်းပင်ဖြစ်သည်။
“ ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏
အရာ၌ တည်ကြ၏” (ဂလာတိ ၃း၂၉)။ ကျွန်ုပ်တို့ယုံကြည်သူတိုင်းသည်လည်း အာဗြဟံ၏ အမျိုးအနွယ်
ပင်ဖြစ်ကြ၍ ကတိတော်နှင့်စပ်ဆိုင်သူများဖြစ်ကြသည်။
ဆာလံ(၂၃း၅)၌ “အကျွန်ုပ်၏ ခွက်ဖလားသည် လျှံလျက်ရှိပါ၏” ဟုဆာလံဆရာက မြွက်ဆို
ခဲ့ပါသည်။ ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်အတွက်ပြည့်လျှက်ရှိပါ၏ဟု ဆိုလျှင် ကောင်းချီးမင်္ဂလာသည်
ကျွန်ုပ်တို့အတွက်သာဖြစ်ပေမည်။ သို့သော် လျှံလျက်ရှိသည်ဟုသော အဓိပ္ပါယ်ကား ဘုရားသခင်၏
ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့အားဖြင့် ဘေးသို့စီးဆင်းသွားကြောင်းဆိုလိုခြင်းဖြစ်သည်။

ခရစ်ယာန်ဆိုသည်မှာ
၁။ အကောင်းဆုံးဓမ္မပညာ ဆိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်သော အသိတရားထက် ဘုရားသခင်
နှင့်ပတ်သက်သော အသက်ရှင်မှုဟုဆိုပါက သာ၍မှန်ကန်ပါသည်။
၂။ ခရစ်ယာန်တစ်ဦးဆိုသည်မှာ ကောင်းချီးမင်္ဂလာခံစားနေရသူ (သို့မဟုတ်) ဆုံးမသွန်သင်ခြင်း (အပြစ်
ကိုဖယ်ရှားပေးခြင်း) ခံနေရသူဖြစ်သည်။ ကွက်လပ်တစ်ခုကဲ့သို့ လစ်ဟာနေသောသူ မဖြစ်သင့်ပေ။
၃။ အကယ်၍ အမှောင်ထဲ၌ ကျွန်ုပ်တို့ရှိနေပါက သူတစ်ပါးအား အလင်းထဲသို့ခေါ်လာ၍ မရပေ။
၎။ ခရစ်ယာန်ဆိုသည်မှာ ပြတင်းပေါက်မှန်နှင့်တူပါသည်။ ညစ်ပတ်နေသောအခါ မိမိကိုယ်မိမိ ပြန်မြင်
နေရပြီး သန့်ရှင်းကြည်လင်နေသော အခါ တစ်ဖက်တွင်ရှိသောသူ (ဘုရားသခင်) ကို ထင်ရှားစွာ
တွေ့မြင်ရပါသည်။
သက်ထာဝရ မဂ္ဂဇင်းမှကူးယူဖော်ပြသည်။
Friday, December 14, 2012
ကိုယ်ပိုင်စည်းမျဉ်း
အီဂျစ်နိုင်ငံ၊ သီဗေယမ်ဒ်သဲကန္တာရထဲမှာ “ ၀ါဒီနာထရမ်း” ဟာသဲကန္တာရရဲ့ အလယ်ဗဟိုမှာ
ရှိနေပါတယ်။ ရေနဲ့အသက်ရှင်ရပ်တည်နိုင်စွမ်းတို့ဟာ မိုင်ပေါင်းများစွာဝေးကွာနေပါတယ်။ အဲဒီမှာ
မက်မွန်ပင်တစ်ပင်ရှိနေပါတယ်။ ဟုတ်တယ်။ အဲဒီမှာမက်မွန်ပင်တစ်ပင်ရှိနေပါတယ်။ ခင်ဗျားစဉ်းစား
ကြည့်ပါ။ ဒီအပင်ဟာ သဲကန္တာရအလယ်မှာ ကိုယ်ပိုင်စည်းမျဉ်းမှ ပေါ်ထွက်လာတဲ့ အဖြေရလဒ်တစ်ခု
ဖြစ်နေပါတယ်။
အေဒီ ၃၄၆မှာ အက်ဘာအမွိုင်း လို့ခေါ်တဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ အဲဒီသဲကန္တာရအလယ်
မှာရှိနေပါတယ်။ သူ့တစ်ပည့်တစ်ယောက်နဲကအတူ ဆုတောင်းဝတ်ပြုနေပါတယ်။ အက်ဘာအမွိုင်းဟာ
သူ့တပည့်ကို ကိုယ်ပိုင်စည်းမျဉ်းကျင့်သုံးတဲ့ သစ်သီးဝလံအကြောင်းတွေကို ပို့ချပေးနေပါတယ်။ သူသင်
ကြားပေးတဲ့ ကိုယ်ပိုင်စည်းမျဉ်းအကြောင်းကို သူ့တပည့်နားလည်သဘောပေါက်ခြင်းမရှိပါဘူး။ သူ့အ
တွက်သိပ်ကိုခက်ခဲနေပါတယ်။ ဒါကြောင့်ဘုန်းတော်ကြီးဟာ သူ့တုတ်ကိုကောက်ယူလိုက်ပါတယ်။ အဲဒီ
တုတ်ဟာ မက်မွန်ပင်ရဲ့အကိုင်းအခက်တစ်ခုပါပဲ။ နောက်ဒီတုတ်ကိုသဲထဲထိုးထည့်လိုက်ပါတယ်။
ပြီးတော့သူ့တပည့် ဂျွန်ကိုပြောလိုက်ပါတယ်။ ဒီတုတ်ကိုရေလောင်းစမ်းကွာ။ ဒီတုတ်ကနေ
အသီးသီးလာတဲ့အထိရေလောင်းစမ်းကွာ။ ငါဆိုလိုတာ မင်းသဘောပေါက်တယ် မဟုတ်လားလို့
သူ့တပည့်ဂျွန်ကိုမေးလိုက်ပါတယ်။

စံချိန်မပြည့်သေးလို့
ရုတ်တရက်ခရီးထွက်ဖို့ရန် ကိစ္စပေါ်လာသောဘုန်းတော်ကြီးတစ်ပါးဟာ မိမိထံအာပတ်လာဖြေ
မည့် အသင်းသားများကို ဒီအတိုင်းပြန်မလွှတ်ချင်သည့်အတွက် သူငယ်ချင်းရဗ္ဗိဆရာဦးတစ်ဦးထံ
အကူအညီတောင်းခံခဲ့လေသည်။ သူငယ်ချင်းရဗ္ဗိဆရာကလည်း ဖြစ်နိုင်မည်မဟုတ်ကြောင်းငြင်ဆိုသော
အခါ ဘုန်းတော်ကြီးက “ လွယ်ပါတယ်သူငယ်ချင်းရာ။ အခုဒို့လုပ်တာ မင်းခဏလောက်လေ့လာလိုက်ရင်
ခဏလေးနဲ့မင်းတတ်သွားပါလိမ့်မယ်” လို့ပြောလိုက်ပါတယ်။
ဒီအချိန်မှာပဲအမျိုသမီးကြီးတစ်ဦးဟာ ငိုကြွေးရင်းဝင်လာကာ ဘုန်းတော်ကြီးနှင့်အပြန်အလှန်
စကားပြောတာကို ကြားလိုက်ရပါတယ်။
အမျိုးသမီး - ဖာသာရှင် ကျွန်မအပြစ်ပြုမိပါတယ်။
ဘုန်းတော်ကြီး - ဘယ်လိုအပြစ်မျိုးပြုမိတာတုန်း။
အမျိုးသမီး - ကျွန်မသူများ ယောင်္ကျားနဲ့ဖောက်ပြန်မိပါတယ်။
ဘုန်းတော်ကြီး - ဘယ်နှစ်ကြိမ်မှားခဲ့တာလဲ။
အမျိုးသမီး - သုံးကြိမ်ပါ။
ဘုန်းတော်ကြီး - မယ်တော်ရဲ့မျက်နှာကိုထောက်ထားပြီး နောက်ဒါမျိုးမဖြစ်စေနဲ့။ ဒီကအပြန်
ဘုရားကျောင်းအ၀င်ဝ ပုံးထဲမှာ အလှူငွေ (၅)ဒေါ်လာထည့်သွား။
အမျိုးသမီး - ဟုတ်ကဲ့ပါ ဖာသာ။
နောက်တစ်ခဏအကြာမှာ အမျိုးသားတစ်ဦးထပ်ပြီးဝင်လာပြန်တယ်။

ရထားကိုကြည့်ပြီး ခွန်အားယူရတယ်
အသင်းအုပ်ဆရာတစ်ဦးဟာ နေ၀င်ချိန်ရောက်တိုင်း ရွာနားကဖြတ်သွား တဲ့ရထားတစ်စီးကို
နေ့စဉ်မပျက်မကွက်သွားရောက်ကြည့်ရှုနေတတ်ပါတယ်။ ဘာကိစ္စ၊ ဘယ်ပြဿနာတွေ ဘယ်လောက်ပဲ
အရေးကြီး၊အရေးကြီး ရထားကိုကျွန်တော်တွေ့ရမှဖြစ်မယ်လို့ ဆရာကြီးပြောသည့်အတိုင်း တစ်ရက်မှ
ပျက်ကွက်တာမရှိဘဲ ရထားကိုသွားကြည့်လျှက်ရှိပါတယ်။
ဒါကိုမြင်တဲ့အသင်းသားများက ဆရာ့ကိုဝေဖန်ကြပါတယ်။ အချိန်ကုန်ခံပြီး အဓိပ္ပါယ်မဲ့
လုပ်ရပ်တွေ လုပ်နေကြောင်းပြောပါတယ်။ ဆရာဦးနှောက် သိပ်မကောင်းတော့ဘူးလားမသိဘူးလို့
မေးခွန်းထုတ်သူတွေလည်းရှိတယ်။
ဒါကိုသိတဲ့အခါ ဆရာက “ မင်းတို့အတွက် ငါတရားဟောပေးတယ်။ ဥပုသ်စာဖြေကျောင်း
ကြီးကရှင်းပြလိုက်ပါတော့တယ်။

မှာလည်း ငါပဲ တာဝန်ယူပြီးသင်ကြားပေးရတယ်။ အသုဘဆိုလည်း ငါကိုယ်တိုင်ပဲ မြှပ်ပေးရတယ်။ မင်း
တို့အိမ်ထောင်ပြုတော့လည်း ငါပဲမင်္ဂလာဆောင်ပေးရတယ်။ ရန်ပုံငွေရှာဖွေရေးကိစ္စတွေနဲ့ ဟိုစည်းဝေး
ဒီစည်းဝေးဆိုလည်း ငါပဲဦးဆောင်ပေးရတယ်။ ဒါကြောင့်ဒီရထားကို တစ်နေ့တစ်ကြိမ် ငါတွေ့ရမှာဖြစ်မှာ။
ဘာဖြစ်လို့လဲဆိုတော့ ဒီရွာမှာ ငါမတွန်းဘဲ ရွေ့တာဆိုလို့ ဒီရထားတစ်စီးပဲရှိတယ် ” လို့သင်းအုပ်ဆရာကြီးကရှင်းပြလိုက်ပါတော့တယ်။
Thursday, December 13, 2012
ခင်ဗျားဟာတုံ့ပြန်သူလား ဒါမှမဟုတ် ဖြေကြားသူလား
ကျွန်တော်ဆိုလိုတာကိုရှင်းပြပါရစေ။ ကျွန်တော်ဟာအတွေးနက်နက်ထဲ နစ်မျောရင်း စာအုပ်
တစ်အုပ်ကိုထိုင်ရေးနေခဲ့တယ်။ အဲဒီအချိန်မှာ တယ်လီဖုန်းဘဲလ်မြည်သံ ပေါ်ထွက်လာလို့ မဆိုင်းမတွပဲ
လူသားဆန်တဲ့ တုံ့ပြန်မှုတစ်ခုက “ အရေးထဲမှာကွာ။ ဒီမှာ အလုပ်ပြီးအောင်လုပ်နေတုန်းမှာ” ဆိုပြီး
ရေရွတ်ရွတ်တဲ့စကားသံပဲ။ ကျွန်တော်ကြိုးစားပမ်းစားတွေးတောနေချိန်မှာ အနှောက်အယှက် ပေးလာ
တာမကြိုက်ကြောင်းကို ပြင်ပလောကတစ်ခုလုံးက သဘောမပေါက်ကြဘူးလား။ ကျွန်တော်စိတ်မဆိုးရင်
တောင် မထုံတက်တေးဖြေကြားမှု ပြုဖို့သေချာနေပါပြီ။ ကျွန်တော်တယ်လီဖုန်းကောက်ကိုင်ပြီး ဖြေကြား
လိုက်ပါတယ်။ အဲဒီအခါ တစ်ဖက်ကတယ်လီဖုန်းပေါ်က လူဟာကြင်နာသိမ်မွေ့တတ်သူမှန်း ကျွန်တော်
သိလိုက်ရတယ်။ အလွန်ကူညီတတ်သူတစ်ယောက်ဖြစ်တယ်။ ကျွန်တော်သူနဲ့စကားပြောနေတဲတစ်
လျှောက် ကြည်နူးသွားရတယ်။ တယ်လီဖုန်းမဆက်ခင်ကထက် ပိုပြီးမြင့်မားတဲ့သတိ၊ အသိတွေနဲ့စာရေး
စားပွဲကို ကျွန်တော်ပြန်လာခဲ့တယ်။
ကျွန်တော်ဘာကြောင့် တယ်လီဖုန်းခေါ်သံအချို့ကို ဒီလိုအပြုအမူနဲ့ တုံ့ပြန်မိတာပါလဲ။
သို့သော် တစ်ဖက်တယ်လီဖုန်းပြောသူကကျွန်တော်ရဲ့မာကျောတဲ့လေသံအတိုင်း ပြန်လည်မတုံ့ပြန်ခဲ့ဘူး။
အေးအေးဆေးဆေးနဲ့ဖြေကြားပြောဆိုခဲ့တယ်။ သူ့ဖြေကြားပြောဆိုမှုက ကျွန်တော်ဆီကလို တုံ့ပြန်
ပြောဆိုမှုမျိုးမဟုတ်တဲ့အတွက် ဖြေဆိုပြန်ကြားခြင်းတွေထွက်လာစေခဲ့တယ်။ ဒီတော့ဖြစ်သွားတဲ့ခြားနား
ချက်ကို ခင်ဗျားသတိပြုမိပါသလား။ ခင်ဗျားဘ၀ထဲမှာ ဖြေကြားပြောဆိုမှုနဲ့ တုံ့ပြန်မှုရဲ့ကူးစက်တတ်တဲ့
သဘာဝကို သိပါသလား။

Be Thou My Vision
ဓမ္မသီချင်းများ၏နောက်ခံအကြောင်းများ
လောကနယ်မှာ (၁၃၆-က)
လောကနယ်မှာ (၁၃၆-က)
သင်တို့သည်သွား၍လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။
ကမ္ဘာအားလပ်ရက်များထဲမှာ သာသနာပြုတစ်ဦးကိုအကြောင်းပြု၍ ဂုဏ်ပြုသောရက်တစ်ရက်
သာရှိသည်။ စိန့်ပက်ထရစ်၏ အိုင်ယာလန်နိုင်ငံတွင်ပြုခဲ့သော ထင်ရှားသည့်သာသနာ့မှတ်တိုင်ကို
အကြောင်းပြုသော သာသနာပြုလုပ်ငန်းကြောင့်ဖြစ်သည်။
စိန့်ပက်ထရစ်သည် အေဒီ ၁၃၇၃ ခုနှစ်တွင် စကော့တလန်နိုင်ငံတွင်မွေးဖွားခဲ့သည်။ ဖခင်မှာ
အသင်းတော်အမှုဆောင်သင်းထောက်၊ အဖိုးဖြစ်သူက ဘုန်းတော်ကြီးတစ်ဦးဖြစ်သည်။ စိန့်ပက်ထရစ်
သည် (၁၆)နှစ်အရွယ်တွင် သူနေသောမြို့ငယ်ကလေးသို့ အကြမ်းဖက်သမားတစ်စုက အကြမ်းဖက်
သမားတစ်စုက တိုက်ခိုက်မီးရှို့လုယက်မှုကြောင့် သူ့အိမ်ကလေးမီးထဲပါသွားခဲ့တယ်။ ချုံထဲမှာပုံးနေတဲ့
သူကိုတွေ့သွားပြီးဖမ်းခေါ်သွားကာ အိုင်ယာလန်ကျွန်းသို့ ကျွန်အဖြစ်အသုံးပြုဖို့ရန် သင်္ဘောဖြင့်ခေါ်
ဆောင်သွားပါသည်။ ထိုအချိန်မှစ၍ ပက်ထရစ်သည် သူ့ဘ၀ကို ခရစ်တော်လက်ဝယ် စတင်အပ်နှံခဲ့
သည်။
နောင်တစ်ချိန်သူ့အကြောင်းပြန်ရေးရာတွင် “ကျွန်ုပ်၏မယုံကြည်မှု ကိုပြန်လည်သတိထားနိုင်
သောဥာဏ်နှင့် မိုက်မှားကျူးလွန်ခဲ့သောအမှုများကို နောင်တရစေရန် ဘုရားသခင်သည် လမ်းပြပေး
ခဲ့သည်။” ဟုသူခံခဲ့ရသောဒုက္ခအပေါ် ရှုမြင်ပြီးမှတ်ချက်ချခဲ့ပါသည်။
Wednesday, December 12, 2012
ဂုဏ်သိက္ခာအတွက်စီးချင်းထိုးခြင်း
ရာစုနှစ်တစ်ခု ဒါမှမဟုတ် ရာစုနှစ်တစ်ခုကျော်က လူသားတွေဟာ ဂုဏ်သိက္ခာဆိုင်ရာအရေး
ကို နှစ်ဦးချင်းစီးချင်းထိုးခြင်းဖြင့် ဖြေရှင်းခဲ့ကြတယ်။ ဂျာမဏီနိုင်ငံသမိုင်းမှာ ယောင်္ကျားတစ်ယောက်ရဲ့
ပါးတစ်ချက်ပေါ်ရှိ စီချင်းထိုးရမှာရရှိတဲ့အမာရွတ်ပါမှ ရုပ်ချောရုပ်ဖြောင့် ယောင်္ကျားကောင်းတစ်ယောက်
မျက်နှာလို့ဆိုတဲ့ သမိုင်းကာလတစ်ခုရှိခဲ့တယ်။ ယောင်္ကျားတစ်ယောက်ဟာစီးချင်းထိုးရာမှ ရရှိတဲ့ဒဏ်ရာ
သူ့ပါးပြင်ပေါ်မှာရှိနေရင် ဒီယောင်္ကျားသားဟာ ရုပ်ချောရုပ်ဖြောင့် ခန့်ညားတယ်လို့ ယူဆခဲ့ကြတယ်။
၁၉ရာစုက နိုင်ငံခေါင်းဆောင်မင်းသားကြီး ”ဘစ်မတ်” ဟာထင်ရှားတဲ့စီးချင်းထိုးသမား
တစ်ဦးဖြစ်တယ်။ ကိစ္စတိုင်းနဲ့ပတ်သက်လို့ သူကစီးချင်းထိုးချင်ခဲ့တယ်။ တစ်နေ့တော့ “ဗာချောင်” လို့
အမည်ရတဲ့ ပညာရှင်တစ်ယောက်စီက စော်ကားတယ်လို့ယူဆရတဲ့စကားတစ်ခွန်း ကြားရတဲ့အခါ အလွန်
စိတ်ဆိုးဒေါသထွက်ခဲ့ရတယ်။ စိတ်မထိန်းနိုင်လောက်အောင် စိတ်ဆိုးဒေါသထွက်လို့ ပရော်ဖက်ဆာကြီး
ကို စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့တယ်။

ကယ်တင်ရှင်အတွက် ပညာရှိသုံးပါးယူဆောင်လာသောလက်ဆောင်
ကယ်တင်ရှင်အတွက်ပညာရှိ(၃)ပါးယူဆောင်လာသော လက်ဆောင်(၃)မျိုး
“အိမ်သို့ဝင်လေသော်မယ်တော်မာရိနှင့်တကွ၊ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်၍
မိမိတို့၏ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လော်ဗန်နှင့်မုရန်ဟူသော နံ့သာမျိုးကိုလည်းကောင်း၊
ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏” မဿဲ (၂း၁၁)
ကျွန်ုပ်တို့သည် မိမိချစ်ခင်နှ စ်သက်၍ အကျွမ်းတ၀င်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို လက်ဆောင်ပေးလိုကြသည်။ လက်ဆောင်ပေးခြင်းသည် လူမှုအသိုင်းအ၀ိုင်းတွင် အရေးပါသော
ဆက်သွယ်မှုတစ်ခု တစ်ခုပင်ဖြစ်သည်။ ရှေးအခါက ရှင်ဘုရင်များတို့သည် လက်ဆောင်ပဏ္ဏာများ
အပြန်အလှန်ပေးခြင်းဖြင့် တိုင်းနိုင်ငံများ၏ ဆက်ဆံရေးကိုခိုင်ခံ့စေကြသည်။
ထာဝရဘုရားသခင်သည် အာဒံနှင့်ဧ၀တို့၏အပြစ်ကြောင့် ပြိုကွဲနေသောလူနှင့်ဘုရားကြား
ဆက်သွယ်မှုကို ပြန်လည်တည်ဆောက်ရန် အပြစ်သားများကိုကယ်တင်ရန် အတွက် မိမိ၏တစ်ပါးတည်း
သောသားတော် ယေရှုခရစ်ကို လက်ဆောင်အသွင်ပေးကာ ကမ္ဘာလောကကြီးထဲသို့ စေလွှတ်ခဲ့သည်။
(ယော ၃း၁၆)။ ဤအချက်သည် ဘုရားသခင်၏လူသားများအပေါ်တွင် ထားရှိသောမဟာမေတ္တာပင်
ဖြစ်သည်။ လောကအပြစ်သားများကိုကယ်တင်ရန် လူဇာတိခံကိုခံယူ၍ မွေးဖွားခဲ့သော သူငယ်တော်
ယေရှုခရစ်တော်အား ပညာရှိသုံးပါး (The three wisemen ) မှ မိမိတို့၌ရှိသော ရွှေ၊ လောဗန်၊ မုရန်
တည်းဟူသော နံ့သာမျိုးတို့ကို လက်ဆောင်အဖြစ်ပေးလှူခဲ့ကြပါသည်။
၁။ ရွှေ
ရွှေသည်လူသားတိုင်းအတွက် အလွန်တန်ဖိုးရှိသော ရတနာတစ်မျိုးပင်ဖြစ်သည်။ တန်ဖိုး
ကြီးသောရွှေကို ပညာရှိသုံးပါးအနက် “Melchior“ အမည်ရှိသော ပညာရှိကြီးက သူငယ်တော်ယေရှု
အားပေးလှူခဲ့ပါသည်။ “ William Barclay“ ၏ဖော်ပြချက်အရ ရွှေကိုပေးရခြင်း၏ပုံဆောင်ချက်မှာ
သခင်ယေရှုသည်လောက၏ ဘုရင်အဖြစ်မွေးဖွားလာခြင်း (The man born to be King) ဖြစ်သည်။
ထိုအရှင်သည် ကမ္ဘာပေါ်ရှိ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် (King of kings, Lord
of lords) ဖြစ်သည်။
Thursday, December 6, 2012
လူနဲ့မေးခွန်း
(ရိုးရာထူး)
ဒါဝိဒ်တစ်ယောက် နံနက်စောစောဥယျာဉ်ထဲလမ်းလျှောက်ရင်း ဘုရားသခင်ဖန်ဆင်းခြင်း
အလှမှာ ယစ်မူးနေပါတယ်။ တစ်နေရာအရောက်တော့ ပင့်ကူအိမ်တစ်ခုကိုတွေ့သွားတယ်။
“ ဘုရားသခင် ........
ဘာဖြစ်လို့ ဒီလောက်အရုပ်ဆိုး၊အကျည်းတန်လှတဲ့ ပင့်ကူအိမ်ကို ဖန်ဆင်းရတာလဲ လို့
ဘုရားသခင်ကို မေးခွန်းထုတ်လိုက်တယ်။
တစ်ခါတော့ ...........
ရှောလုမင်းက သူလူတွေကိုလွှတ်ပြီး ဒါဝိဒ်ကိုသတ်ဖို့ခိုင်းတဲ့အခါ ထွက်ပြေးရတော့တာပေါ့။
ဒါဝိဒ်က ထွက်ပြေးရင်းနဲ့ ကျောက်ဂူတစ်ခုထဲ ၀င်ပြေးပါတယ်။ ဂူအဆုံးမှာဒါဝဒ် ပိတ်မိနေပြီလေ။
ရှောလုမင်းရဲ့စစ်သားတွေ ဂူထဲဝင်လာကြတယ်။ ၀င်လာရင်းလမ်းခုလတ်မှာ ပိတ်နေတဲ့ပင့်ကူအိမ်ကို
တွေ့တော့ ဒါဝိဒ်မရှိဘူးအထင်နဲ့ နောက်တစ်နေရာမှာအမြန်ရှာဖို့ ထွက်သွားကြတော့တယ်။
ဒါဝိဒ်ဟာ အဲဒီအချိန်ကစပြီး ဘုရားသခင်ကို ဘယ်တော့မှ မေးခွန်းမထုတ်တော့ဘူးတဲ့။
“ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်
လည်းကောင်း၊ ကိုယ်တော်အဖို့အလို့ငှာလည်းကောင်း၊ ဖြစ်ကြ၏”
ရောမ (၁၁း၃၆)ဒါဝိဒ်တစ်ယောက် နံနက်စောစောဥယျာဉ်ထဲလမ်းလျှောက်ရင်း ဘုရားသခင်ဖန်ဆင်းခြင်း
အလှမှာ ယစ်မူးနေပါတယ်။ တစ်နေရာအရောက်တော့ ပင့်ကူအိမ်တစ်ခုကိုတွေ့သွားတယ်။
“ ဘုရားသခင် ........
ဘာဖြစ်လို့ ဒီလောက်အရုပ်ဆိုး၊အကျည်းတန်လှတဲ့ ပင့်ကူအိမ်ကို ဖန်ဆင်းရတာလဲ လို့
ဘုရားသခင်ကို မေးခွန်းထုတ်လိုက်တယ်။
တစ်ခါတော့ ...........
ရှောလုမင်းက သူလူတွေကိုလွှတ်ပြီး ဒါဝိဒ်ကိုသတ်ဖို့ခိုင်းတဲ့အခါ ထွက်ပြေးရတော့တာပေါ့။
ဒါဝိဒ်က ထွက်ပြေးရင်းနဲ့ ကျောက်ဂူတစ်ခုထဲ ၀င်ပြေးပါတယ်။ ဂူအဆုံးမှာဒါဝဒ် ပိတ်မိနေပြီလေ။
ရှောလုမင်းရဲ့စစ်သားတွေ ဂူထဲဝင်လာကြတယ်။ ၀င်လာရင်းလမ်းခုလတ်မှာ ပိတ်နေတဲ့ပင့်ကူအိမ်ကို
တွေ့တော့ ဒါဝိဒ်မရှိဘူးအထင်နဲ့ နောက်တစ်နေရာမှာအမြန်ရှာဖို့ ထွက်သွားကြတော့တယ်။
ဒါဝိဒ်ဟာ အဲဒီအချိန်ကစပြီး ဘုရားသခင်ကို ဘယ်တော့မှ မေးခွန်းမထုတ်တော့ဘူးတဲ့။
ငြိမ်းချမ်းခြင်း
ငြိမ်းချမ်းခြင်း
ရိုးရာထူး
“အကြောင်းမူကား.......
တစ်ခါတုန်းက.......
ရှင်ဘုရင်တစ်ပါးက ပန်းချီပြိုင်ပွဲတစ်ခုကျင်းပပါတယ်။
ပြိုင်ပွဲရဲ့ခေါင်းစဉ်က “ငြိမ်းချမ်းခြင်း” တဲ့။
ပြိုင်ပွဲကို ပန်းချီပညာရှင်များစွာ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲက ပန်းချီကားနှစ်ချပ်က
ဘုရင်ကြီးကို ဖမ်းစားထားပါတယ်။
ပထမပန်းချီကား တစ်ချပ်က.......
အေးချမ်းငြိမ်သက်တဲ့ရေအိုင်တစ်ခု။ ရေပြင်ဟာငြိမ်သက်အေးချမ်းပြီး နံဘေးမှာဝန်းရံနေတဲ့
တောင်မြင့်မြင့်ကြီးတွေရဲ့ ပုံရိပ်ကိုရောင်ပြန်ဟပ်လို့။ ရေကန်အထက်မှာ ကြည်ပြာရောင်ကောင်းကင်
ကြီးနဲ့ ဖြူလွလွတိမ်တွေ.....။ ဒီပန်းချီကားကိုမြင်ရသူတိုင်း ငြိမ်သက်အေးချမ်းမှုကိုခံစားကြရပါတယ်။
ဒုတိယပန်းချီကားမှာ .........
ရိုးရာထူး
“အကြောင်းမူကား.......
ငါတို့အဖို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြင်း
အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်
ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။”
ဟေရှာယ (၉း၆) တစ်ခါတုန်းက.......
ရှင်ဘုရင်တစ်ပါးက ပန်းချီပြိုင်ပွဲတစ်ခုကျင်းပပါတယ်။
ပြိုင်ပွဲရဲ့ခေါင်းစဉ်က “ငြိမ်းချမ်းခြင်း” တဲ့။
ပြိုင်ပွဲကို ပန်းချီပညာရှင်များစွာ ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲက ပန်းချီကားနှစ်ချပ်က
ဘုရင်ကြီးကို ဖမ်းစားထားပါတယ်။
ပထမပန်းချီကား တစ်ချပ်က.......
အေးချမ်းငြိမ်သက်တဲ့ရေအိုင်တစ်ခု။ ရေပြင်ဟာငြိမ်သက်အေးချမ်းပြီး နံဘေးမှာဝန်းရံနေတဲ့
တောင်မြင့်မြင့်ကြီးတွေရဲ့ ပုံရိပ်ကိုရောင်ပြန်ဟပ်လို့။ ရေကန်အထက်မှာ ကြည်ပြာရောင်ကောင်းကင်
ကြီးနဲ့ ဖြူလွလွတိမ်တွေ.....။ ဒီပန်းချီကားကိုမြင်ရသူတိုင်း ငြိမ်သက်အေးချမ်းမှုကိုခံစားကြရပါတယ်။
ဒုတိယပန်းချီကားမှာ .........
Wednesday, December 5, 2012
နွားတင်ကုပ်ထဲကလက်ဆောင်
အမေရိကန်နိုင်ငံ၊ ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ အာဒံနဲ့မေရီဇနီးမောင်နှံတို့ဟာ လယ်
သမားများဖြစ်ကြပါတယ်။ လယ်သမားများဖြစ်ကြတဲ့အတွက်သီးနှံစိုက်ပျိုးခြင်းအပြင် နို့စားနွားမများမွေး
ကာ နွားနို့များရောင်းချကြသည်။ သူတို့မှာ သားကြီးရော်ဘင်နှင့်သမီးအကြီးတစ်ဦး၊သားငယ်လေးတစ်ဦး
တို့ရှိပါတယ်။
ရော်ဘင်ဟာအသက်(၁၄)နှစ်ကျော်လာတော့ မိဘများကိုကူညီလာနိုင်တယ်။ အထူးသဖြင့်
မနက်စောစော ဖခင်နှင့်အတူနွားနို့ညစ်တတ်နေပြီ။ သူတို့ဟာနွားနို့ညစ်စက်ကလေးတစ်လုံးရှိတယ်။
သို့သော် မနက်မိုးလင်း(၄)နာရီထိုးရင် ဖခင်ကသူ့ကိုခေါ်နိုးပြီး နွားနို့ညစ်ကြတယ်။ ရော်ဘင်လည်းအိပ်
ချင်မူးတူးနဲ့ထပြီးကူညီရပါတယ်။ ဒါပေမဲ့စောလိုက်တာ။ အိပ်ရေးမ၀သေးဘူးလို့ တစ်ခါမှဖခင်ကိုမပြော
ဖူးခဲ့ပါဘူး။

Monday, December 3, 2012
ခရစ်တော်ကိုကြိုဆိုသောခရစ်စမတ်
ခရစ်စမတ်ကိုရောက်လာပြီဆိုတော့ခရစ်စမတ်အတွက် အသင့်ပြင်ဆင်ထားဖို့လိုတယ်။ကျွန်
တော်တို့အသင်းတော်မှ ဒီဇင်ဘာလ(၁)ရက်နေ့မှာုစပြီးပြင်ဆင်ကြတယ်။ နိုဝင်ဘာလ(၃၀)ရက် ညနေမှာ
ကလေးတွေက Sweet December, Welcome December ဆိုပြီး လိုက်လံနုတ်ခွန်းဆက်ကြတယ်။ ထိုနည်း
တူ စီးပွါးရေးနဲ့ဆိုင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဦးဆောင်ပြီး ဒီဇင်ဘာကိုကြိုဆိုတဲ့အစီအစဉ်ကို အထင်
ကရနေရာတွေမှာ ပိုက်ဆံကြေးကြီးပေးပြီး ဆွဲဆောင်ခေါ်ယူလုပ်ကိုင်တာတွေလည်း နှစ်တိုင်းလိုလို
တွေ့ရပါတယ်။
ကျွန်တော်တို့ခရစ်စမတ်ကို ပြင်ဆင်ကြိုဆို လုပ်ကိုင်နေကြတာတွေက အစီအစဉ်တွေအ
တွက် ပျော်ပွဲရွှင်ပွဲတွေအတွက်၊ အစားအသောက်တွေအတွက်၊ ဧည့်သည်တွေအတွက်ဆိုပြီး စိတ်ထဲမှာ
ခံစားပြီးလုပ်နေကြတဲ့အခါ ကျွန်တော်တို့ခရစ်စမတ်ကိုကြိုဆိုတာ ဘယ်သူ့ကိုကြိုဆိုတာ ပျောက်သွားမှာ
မှေးမှိန်သွားမှာစိုးရိမ်ရတယ်။
1. We welcome Christ. not Christmas
ခရစ်စမတ်အချိန်မှာ ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံကြိုဆိုနေရမှာက ခရစ်တော်ဘုရားသခင်
ကိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ခရစ်စမတ်ကိုကြိုဆိုနေတာမဟုတ်ဘူး။ ခရစ်တော်ဘုရားကို ကြိုဆိုနေတာ
ဖြစ်ပါတယ်။

Sunday, December 2, 2012
ခရစ်စမတ်ည
ခရစ်စမတ်ည
ဒီဇင်ဘာနံနက်ခင်းတစ်ခုတွင် ဆရာကိုချစ်စရာတစ်ယောက် မြို့ထဲလက်ဖက်ရည်ဆိုင်သို့
သွားသည်။ ဆရာကိုချစ်စရာနေသောမြို့သည် သွားစရာ၊လည်စရာ ထွေထွေထူးထူးမရှိလှပါ။ ဗွီဒီယို၊
ကာရာအိုကေ၊ လက်ဖက်ရည်ဆိုင် တွေတော့ရှိသည်။ လက်ဖက်ရည်ဆိုင်အနီး လမ်းတစ်နေရာတွင်
Black Board ပေါ်တွင်ရေးထားသော ရှမ်းထီဟုခေါ်သော ၃၆ကောင်ထီအတိတ်စိမ်းကြောင့် ဆရာကို
ချစ်စရာတစ်ယောက် စိတ်ထဲတွင်တစ်မျိုးဖြစ်သွားသည်။ အတိတ်စိမ်းက ခရစ်စမတ်ညတဲ့။ လက်ဖက်
ရည်ဆိုင်ထိုင်သောက်ရင်း အတိတ်စိမ်းကို စဉ်းစားအဖြေထုတ်နေမိသည်။ ၃၆ကောင်ထဲက အကောင်
တစ်ကောင်ကောင်နှင့် ခရစ်စမတညဆိုတဲ့ အတိတ်စိမ်းဘယ်လိုပတ်သက်နေပါသလဲ။
ခရစ်စမတ်ညဆိုသည်မှာ မင်္ဂလာရှိသောည၊ ဖွားမြင်တော်မူသော သူငယ်တော်ကို ရွှေ၊
လောပန်၊ မုရန် တည်းဟူသောလက်ဆောင်များဖြင့် ပူဇော်သောည။
“ ဟာ....ဟုတ်ပီ။ ဒါဆိုရင်ရွှေပါတဲ့သတ္တ၀ါပဲဖြစ်ရမယ်။ ရွှေ.....ရွှေငါး........ရွှေငါး...ဟုတ်ပီ။”
၃၆ကောင်ထီ တစ်ခါမှမထိုးဖူးသော ဆရာကိုချစ်စရာတစ်ယောက် ရွှေငါးကိုထိုးလိုက်သည်။
၃၆ကောင်ထီဖွင့်ချိန် ည(၈း၀၀)နာရီ မတိုင်မီည(၇း၀၀)နာရီ ကတည်းက ဆရာကိုချစ်စရာတစ်ယောက်
လက်ဖက်ရည်ဆိုင် သို့ရောက်ခဲ့သည်။ သူ့လိုပင် ၃၆ကောင်ထီကိုလာစောင့်နေကြသော သူများနှင့်
လက်ဖက်ရည်ဆိုင်တွင် စည်ကားနေသည်။
ည(၈း၀၀)အချိန် ပေါက်ကောင်ဖွင့်ပါပြီ။ ဆရာကိုချစ်စရာမျှော်လင့်နေသော ရွှေငါး မဟုတ်ပါ။
ပေါက်ကောင်က မျောက် တဲ့။ တစ်ယောက်သောသူက “ဟေး ပေါက်ပြီကွ။” ထအော်သည်။ “ဟာ
ခရစ်စမတ်ညနဲ့ မျောက်ကဘာဆိုင်လဲ” ။ ဆရာကိုချစ်စရာတစ်ယောက် စိတ်ထဲတွင်မကျေမနပ် ရေရွတ်
ရင်း ပေါက်ကောင်မျောက်ထိုးသူထံသို့သွားရင်း “ဘာကြောင့်မျောက်ထိုးတာလဲ။” ဟုမေးလိုက်သည်။
“အော်ဒါလား။ ဟဲ...ဟဲ....ဆရာရယ် ခရစ်စမတ်ဆိုတာပျော်ရွှင်စရာကောင်းတဲ့ညလေ။
ခရစ်စမတ်မှာ ပျော်ကြ၊ ပါးကြ။ စားကြ။ သောက်ကြ။ မူးကြတယ်လေ။ မူးကြောင်ကြောင်နဲ့မျောက်လို
ကကြ၊ ခုန်ကြတယ်မဟုတ်လား။ ဒီအတွေးနဲ့မျောက်ကိုထိုးလိုက်တာ။” တဲ့
အော်......ခရစ်စမတ်ညမှာ အချို့သောသူတွေက မျောက်နဲ့တူနေပါလား......
ဇော်လှိုင်(နမ္မတူ)

Saturday, December 1, 2012
ဖြိုရန်ခက်ခဲသောမြိုရိုးကြီးများ
ဖြိုရန်ခက်ခဲသောမြိုရိုးကြီးများ
ဒေါက်တာဖေမြတ်ဝင်း
လူတိုင်း၌အရိုးစွဲနေသောအလေ့အထများရှိကြသည်။ ထိုအထဲတွင် မကောင်းသည့်ဓလေ့
များက ကောင်းသည်ထက်ပိုများပါသည်။ ကျွန်ုပ်တို့၏နေထိုင်သွားလာလုပ်ကိုင် ကြံစည်တွေးခေါ်မှုများ
ကို အလေ့အထများက လွှမ်းမိုးထားပါသည်။ ထိုလွှမ်းမိုးမှုအောက်၌ရှိသော အခြေအနေ၊ အဖြစ်အပျက်
တစ်ခုနှင့်တွေ့တိုင်း ပုံသေတုံပြန်လျှက် ရှိကြသည်။
ကလေးဘ၀တုန်းက ခွေးဝိုင်းကိုက်ခံရဖူးသောသူသည် ခွေကိုမြင်တိုင်း သင်္ကာမကင်းသည့်
စိတ်ဖြင့်ကြည့်ပါမည်။ သည်အတိုင်းပဲ ကျွန်ုပ်တို့သည် လူတစ်ယောက်ကို အထင်သေးသွားပြီဆိုလျှင်
ထိုသူဘာပဲလုပ်လုပ် အကောင်းမမြင်တော့ပါ။ လွန်ခဲ့သောအချိန်က စုဆောင်းရရှိခဲ့သော ခံစားချက်များက
လက်ရှိအခြေအနေကိုလွှမ်းမိုးပါသည်။ သည်လိုတမင်တကာလုပ်ယူတာမဟုတ်ဘဲ ယင်းအတွေ့အကြုံ
အပေါ်အခြေခံပြီး အလိုလျောက်တုံပြန်မှုကို အလေ့အထဟုဆိုပါသည်။ ကျွန်ုပ်တို့၏စိတ်ထဲ မှားယွင်း
သောခံစားချက်နှင့် ယုံကြည်ချက်များ အမြစ်တွယ်သွားသောအခါ မှားယွင်းစွာပဲ တုံ့ပြန်နိုင်ကြပါသည်။
အကောင်းဘက်က စဉ်းစားအဖြေရှာခြင်းမပြုနိုင်ရန် ထိုလွဲမှားသောအစွဲများက မြို့ရိုးများသဖွယ်ဟန့်
တားလျှက်ရှိသည်။
၂ကော ၁၀း၎ တွင် ပါရှိသော မြို့ရိုးများသည် စာတန်
မာရ်နတ်က ကျွန်ုပ်တို့အထဲတွင် အခိုင်အမာတပ်စွဲထားသော
နေရာများကို ဆိုလိုခြင်းဖြစ်သည်။ အင်္ဂလိပ်လို Strongholds
အင်အားကြီးသောခံတပ်များ ဟု အဓိပ္ပါယ်ဖော်ညွန်းထားပါသည်။
မမှန်မကန် သည့်သဘောထား၊ အမြင်၊ခံယူချက်များသည် အလေ့
အထအဆင့် သို့ရောက်လာသောအခါ ဖြိုဖျက်ရန်ခက်ခဲသည့်
ရန်သူ၏ခံတပ်များဖြစ်လာပါ၏။

Subscribe to:
Posts (Atom)