ထူးဝေကျော်
ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေရသော်အခွင့်ကို
ကိုယ်တော်သည် ယခုတွင် ပေးတော်မူ၏။ ဟုရင်လှိုက်သည်းပါ စကားဆို၍ ခေါ်တော်မူခြင်းကို ၀မ်း
မြောက်ဝမ်းသာဆီးကြို ခဲ့သောသူသည် လောကတွင် ရှိခဲ့ပါသည်။
ထိုသူသည် ယုံကြည်ခြင်းကိုမျှား အသွင်ဖြစ်စေပြီး၊ သမ္မာတရား၏လေးညှို့မှာ
တပ်ဆင်ကာ ဘုရားသခင်၏စီမံ ပစ်ခတ်ရာကို ဦးလှည့်မသုန်စိုင်းနှင်ခဲ့ပါသည်။ ဘုရားသခင်အတွက်
လူအများအတွက်ဆိုရင် ရွက်ကျပင်ပေါက်ပမာ ရေမြေမရွေးနေရာဒေသမရွေး ရောက်ရာ၊ ထားရာမှာ
ကျေနပ်ပျော်နေတတ်သလို ရွှေငွေဥစ္စာပကာသန တစ်စိုးတစ်စေ့မျှ လိုလားဟန်လည်းမရှိပါ။
ထိုသူသည် သူတတ်သိသမျှသော ဓမ္မပညာအလင်းဖြင့် လောကအမှောင်ကို ပယ်ခွင်း
ကာလူများအား အလင်းသို့ဆောင်ယှူရန် သာလောဘဇောသန်နေ၏။
ထိုသူ၏အမည်မှာ “ဂျော့ဒါနာဘို့ဒ်မန်” ဖြစ်ပါသည်။ ၁၈၀၁ခု၊ဖေဖော်ဝါရီလ ၈ ရက်တွင်
အမေရိကန်ပြည်၊ မိန်းနယ်မှာမွေးဖွားပြီး ဖခင်မှာ သင်းအုပ်ဆရာဖြစ်ပါသည်။ ဖခင်ခြေရာကိုနင်းရုံမဟုတ်
ဖခင်ထက်ခြေလှမ်းသာအောင် လှမ်းလျှောက်နိုင်သောသားဖြစ်သည်။ ၁၈၂၂ခုနှစ်တွင် တက္ကသိုလ်ဘွဲ့
ကိုရရှိပြီး သူသင်အံတတ်ခဲ့သော ကောလိပ်ကျောင်းတွင် ကျောင်းဆရာအဖြစ်ပြန်လည်ခန့်ထားခြင်းကို
လက်ခံကာနေထိုင်စဉ်၊ သတင်းစာတစ်စောင်၌ ၁၈၂၂ခုနှစ်၊ ဇွန်လလေးရက်နေ့တွင် အန္ဒိယပြည်
စစ်တကောင်းနယ်၊ ကော့ဘဇားအရပ်တွင်သာသနာပြုဆရာ ကိုးလ်မန် ခေါ်တော်မူခြင်းခံရကြောင်း
ဖတ်ရသောအခါ ဘို့ဒ်မန်၏စိတ်နှလုံး၌ ဆရာကိုးလ်မန် အမှုတော်ဆောင်သောမြန်မာနိုင်ငံ၊ ရခိုင်ပြည်
နယ်တွင် အမှုတော်ဆောင်နေရာ လစ်လပ်သွားပြီဟုတွေးမိသလို၊ သူ၏နေရာကိုဘယ်သူသွားမည်နည်း
ဟု မေးမိသည်။ သူ၏အမေးကို သူပင်ပြန်ဖြေသည်။
“ ငါသွားမည်”
Tuesday, February 26, 2013
Sunday, February 24, 2013
အားလုံးပါဝင်ပေးကြပါ
အဲန်းဂျဒ်ဆင်အောက်မေ့ဘွယ်ရာဗိမ္မာန်တော်
ဆောက်လုပ်ခြင်း (ကျိုက္ခမီ)
ကျွန်တော်တို့မြန်မာနိုင်ငံအတွက် သာသနာအလင်းကိုသယ်ဆောင်လာပေးသူဆရာကြီးယု
ဒဿန်နဲ့မမအဲန်း(မမယုဒဿန်)ကို အောက်မေ့သတိရဖို့ အနှစ်(၂၀၀) ဆိုသည့်အချိန်ကာလရောက်ရှိ
လာပြီဖြစ်ပါသည်။ ဆရာကြီးနှင့်မမအဲန်းတို့ သာသနာပြုရာ ကျိုက္ခမီမြေ၊မမအဲန်း(မမယုဒဿန်) ခေါင်းချ
ခဲ့တဲ့ ကျိုက္ခမီ သာသနာမြေတွင် အောက်မေ့ဘွယ်ရာ ဗိမ္မာန်တော်တစ်ဆောင်ကို ယခုကျွန်တော်တို့
စတင်ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကျပ်သိန်း(၂၀၀)ကုန်ကျမည်ဟုခန့်မှန်းထားပါသည်။ သို့ရာတွင်
ယခုကျပ်သိန်း(၁၀၀)သာ ရှိပါသည်။ သို့ဖြစ်၍ ပါဝင်လှူဒန်းမှုများလိုအပ်နေပါသည်။ ဘုရားသခင်၏
သတင်းကောင်းနှင့် ကယ်တင်ခြင်းဆုကျေးဇူးကိုရရှိရန် မိမိတို့၏အသက်၊ သွေး၊ ချွေး ပါမကျန် ပေးဆပ်
ခဲ့တဲ့ မမယုဒဿန်တို့ရဲ့ ပေးဆပ်မှုကိုကျွန်တော်တို့ ဘယ်လိုမှပေးဆပ်လို့မမှီပါဘူး။ သို့သော် မိမိ
တတ်နိုင်သည့်အတိုင်း သန့်ရှင်းသူတို့အား ဂုဏ်ပြုခြင်းသည် မင်္ဂလာရှိကြောင်း သမ္မာကျမ်းစာကလည်း
ဖော်ပြပေးခဲ့ပါတယ်။ အနှစ်(၁၀၀)မှ တစ်ကြိမ် ကြုံဆုံရမည့်အခွင့်အရေးဖြစ်တဲ့အတွက် ယုံကြည်သူ
ညီအစ်ကိုမောင်နှမများအားလုံးကို ပါဝင်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော်တို့ မမယုဒဿန် ကွယ်လွန်ခဲ့သည် အောက်တိုဘာ (၂၂) အမှီ အနုမောဒနာပြုနိုင်
ဖို့ရည်ရွယ်ထားပါတယ်။ အားလုံးပါဝင်မှာပြီးမြောက်မှာဖြစ်တဲ့အတွက် ခရစ်တော်၏နာမတော်၌ ဖိတ်ခေါ်
လိုက်ရပါတယ်။
ဆက်သွယ်လှူဒန်းလိုပါက
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချူပ်
၁၄၃၊မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့
phone; 01211278
သို့လည်းကောင်း
ကျိုက္ခမီနှစ်ခြင်းအသင်းတော်
မြို့မဈေးရပ်ကွက်၊ကျိုက္ခမီမြို့
phone; 09425269848
သို့လည်းကောင်း ဆက်သွယ်လှူဒန်းနိုင်ပါသည်။
Sunday, February 17, 2013
ထူးဆန်းသောလက်စွပ်
တစ်ခါသော်အမျိုးသမီးတစ်ဦးသည်ပညာရှိ သုခမိန်တစ်ပါးထံချဉ်းကပ်၍ မေးခွန်းတစ်ခု
ကိုမေးလေသည်။ သူမ၏မေးခွန်းမှာ “ဘယ်ဘာသာတရားက အစစ်အမှန်အဖြစ်ဆုံးလဲ” ဟူ၏။ သုခမိန်
ကြီးကလည်း မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်၍ “တစ်ခါတုန်းက ထူးဆန်းတဲ့လက်စွပ်တစ်
ကွင်းကိုပိုင်ဆိုင်ထားတဲ့ သူဌေးတစ်ဦးရှိတယ်။ အဲဒီလက်စွပ်ကိုစွပ်လိုက်တိုင်း ကောင်းချီးမင်္ဂလာတွေ၊
ချစ်ခြင်းမေတ္တာတွေ၊ ပေးကမ်းလှူဒန်းခြင်းတွေဟာ စွပ်လိုက်တဲ့သူအပေါ်မှာ ဖြစ်ပေါ်စေတယ်တဲ့။ အဲဒီ
သူဌေးကြီးသေခါနီးရောဂါနဲ့ အိပ်ယာထဲလဲနေတဲ့အခါမှာ သားသုံးယောက်စလုံးက တိုးတိုးတိတ်တိတ်
(တစ်ယောက်တောင်းတာကို တစ်ယောက်မသိအောင်) အဲဒီလက်စွပ်ကို တောင်းကြတယ်တဲ့။ သူဌေး
ကြီးကလည်း သားသုံးယောက်စလုံးကို ပေးဖို့ကတိပေးလိုက်တယ်။
ပြီးတဲ့အခါ သူတို့တိုင်း ပြည်မှာရှိတဲ့နာမည်ကြီး ကျွမ်းကျင်တဲ့ပန်းထိမ်ဆရာကိုခေါ်ပြီး
အဲဒီလက်စွပ်နဲ့ချွတ်စွပ်တူတဲ့ လက်စွပ်နှစ်ကွင်းကို သူဌေးကြီးက လုပ်ခိုင်းတယ်။ ပန်းထိမ်ဆရာလုပ်
ပြီးသွားတဲ့အခါ သူဌေးကြီးက သားသုံးယောက်ကိုတစ်ယောက်တစ်ကွင်းစီပေးလိုက်တယ်။ ဒါပေမယ့်
ဆင်တူလုပ်ထားတဲ့နှစ်ကွင်းအကြောင်းကို မပြောဘူးကွဲ့”
“သားသုံးယောက်စလုံးက လက်စွပ်တစ်ကွင်းစီရလို့ အံ့သြကြတယ်။ ဘယ်သူ့ဆီက
လက်စွပ်ဟာ အစစ်အမှန်ဖြစ်မလဲဆိုတာသိရအောင် ကျွမ်းကျင်သူတွေကိုမေးကြတယ်။ ကျွမ်းကျင်သူ
ကလည်း အားလုံးဟာအတူတူပဲ။ မင်းတို့ရဲ့အသက်တာမှာ ပေါ်လာမယ့်သက်သေတွေကိုကြည့်ပြီးမှ
ဘယ်လက်စွပ်ဟာ ထူးဆန်းတဲ့လက်စွပ်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ရမယ်လို့ ကျွမ်းကျင်သူကပြောလိုက်
တယ်။”

အာဗြံဟံ၏ဧည့်ဝတ်ကျေပွန်ခြင်း
(Abramham's hospitality)
အာဗြံဟံနှင့်စာရာတဲကလေးသည် ဧည့်သည်အာဂန္တုများအတွက် အမြဲဖွင့်ထားသော
နေရာလေးတစ်ခုဖြစ်သည်။ ဧည့်သည်များအားဧည့်ဝတ်ပြုရခြင်းသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ
နှင့်ဆုကျေးဇူးတစ်ခုဖြစ်သည်ဟု ဇနီးမောင်နှံနှစ်ဦးစလုံးက သိရှိလက်ခံထားကြသည်။
တစ်နေ့သော်အဘိုးအိုကြီးတစ်ဦးအား အိမ်သို့ခေါ်လာသည်။ ညစာအတူစားသောက်
ကာကောင်းမွန်စွာ ဧည့်ဝတ်ပြုလေ၏။ ဧည့်သည်အဘိုးအိုက သူ့အားထိုသို့ဧည့်ဝတ်ပြုသည့်အတွက်
အလွန်ကျေးဇူးတင်ကာ ကျေးဇူးတင်စကားဆို၏။ အာဗြံဟံကလည်း သူ့အားကျေးဇူးတင်ဖို့မလိုအပ်
ကြောင်း နှင့်သူကိုယ်တိုင်ပင်သူ့အား ဧည့်သည်အာဂန္တုများအားဧည့်ဝတ်ပြုနိုင်ရန် ကောင်းချီးပေးထား
သော ဖန်ဆင်းရှင်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောပြလေသည်။
ထိုအခါအဘိုးအိုကလည်း “ကျွန်ုပ်လည်း ကျွန်ုပ်ရဲ့ ဘုရားကိုကျေးဇူးတင်ပါတယ်” ဟု
ဆိုကာ သူ့အိပ်ထဲကသစ်သားရုပ်ထုလေးတစ်ခုကို ကြမ်းပြင်ပေါ်သို့ချထားလိုက်သည်။ ပြီးလျှင်ဆက်
၍ “ဤဘုရားဟာ ကျွန်ုပ်ကိုယနေ့တိုင်အောင် စောင့်ရှောက်ပြီးကျွေးမွေး၊ ကူညီမစနေတဲ့ဘုရား ဖြစ်
တယ်” ဟု အာဗြံဟံအားပြောပြလေသည်။
ဖန်ဆင်းခြင်း၏သရဖူ
(The Crown of Creation)
ဘုရားသခင်သည်ဖန်ဆင်းခြင်းလုပ်ငန်းများကိုလုပ်ဆောင်၍ ပြီးစီးခါနီးတွင် စွမ်းအားရှိ
၍ဥာဏ်ပညာရှိသော လူသတ္တ၀ါကိုဖန်ဆင်းရန် စီစဉ်လေတော့သည်။ ထိုလူသတ္တ၀ါသည် ဘုရားသခင်
၏သဏ္ဍာန်တော်နှင့် တူသောတစ်ခုတည်းသော ဖန်ဆင်းခံသတ္တ၀ါအဖြစ် ဖန်ဆင်းရန်ဖြစ်လေသည်။
ထိုလူအား ကျိုးကြောင်းဆင်ခြင်းနိုင်သောဥာဏ်ပညာ၊ တွေးခေါ်သိမြင်နိုင်သောအစွမ်းနှင့် ထက်မြက်
သောစွမ်းဆောင်ရည် တို့ကိုလည်းပေးမည်ဟု ကြေငြာလေသည်။
ထိုအခါ “အမှန်တရား” က ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကာ တိုးလျှိုးတောင်းပန်
လျက် “အို.....ဘုရားသခင်ဤကဲ့သို့ ဥာဏ်ပညာနှင့်ပြည့်စုံသော သတ္တ၀ါကိုဖန်ဆင်းခြင်းကြောင့် ဤ
သတ္တ၀ါသည် လိမ်ညာခြင်းအတတ်နှင့် ပြည့်စုံလာကာ ကျွန်ုပ်တို့၏ကမ္ဘာသည် လိမ်ညာလှည့်ဖျားခြင်း
နှင့်ပြည့်နှက်သွားပါလိမ့်မည်” ဟုဆို၏။
ထိုနောက် “ငြိမ်းချမ်းရေး” ကလည်း ချဉ်းကပ်၍ “အိုအဖဘုရား ကျွန်ုပ်တောင်းပန်လို
ပါ၏။ ကိုယ်တော်၏ဖန်ဆင်းထားပြီးသော လှပသောကမ္ဘာကြီးကိုအနှောက်အယှက်ပေးမည့် ဤအ
တွေးအခေါ်ဥာဏ်ရှိသော လူသတ္တ၀ါကိုမဖန်ဆင်းပါနှင့်။ ဤလူသတ္တ၀ါသည် ကလဲ့စားချေတတ်ခြင်း
အားဖြင့် စစ်ကိုဖန်တီးမည်ကို စိုးရိမ်ပါသည်” ဟုတောင်းလျှောက်လေသည်။

Thursday, February 14, 2013
ချစ်သူများနေ့နှင့်ခရစ်ယာန်လူငယ်
ဒေါက်တာစောစေးခူ
ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်သူများနေ့ဟုခေါ်သော Valentine's Day ကို အနောက်
နိုင်ငံများတွင် ကျင်းပခဲ့ကြသည်။ ဖေဖေါ်ဝါရီလရောက်လျှင် မိမိချစ်သောသူကို ပန်းစည်း၊ သကြားလုံး
နှင့် မေတ္တာစာကဒ်များကို လက်ဆောင်ပေးလေ့ရှိသည်။ ယခုခေတ်တွင် အနောက်နိုင်ငံများ၌သာမက
ကမ္ဘာအနှံ့အပြားရှိ ဒေသအသီးသီးတွင် ချစ်သူများနေ့ကိုကျင်းပလာကြပါသည်။ နိုင်ငံတကာဈေးကွက်
တွင် ခရစ်စမတ်ကဒ်ပြီးလျှင် ဒုတိယအများဆုံးရောင်းရသောကဒ်များမှာ ချစ်သူများနေ့နှုတ်ခွန်းဆက်
သည့်ကဒ် များဖြစ်ပါသည်။
ဤသို့ကျယ်ပြန့်စွာကျင်းပနေသောချစ်သူများနေ့သည် မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အေဒီ
(၃၀၀)စုတွင် ရောမမြို့၌ Valentine ဟုခေါ်သော ဘုန်းတော်ကြီးတစ်ပါးရှိခဲ့သည်။ ထိုအချိန်တွင်ရောမ
နိုင်ငံကို ဧကရာဇ်မင်း ကလောဒီးယပ် ( Claudius 11) အုပ်စိုးနေသည်။ ဤဧကရာဇ်မင်းသည် ရောမတို့
၏စစ်အင်အား တောင့်တင်းစေရန် အမျိုးသားများကိုစစ်ထဲဝင်ခိုင်းပါသည်။ အိမ်ထောင်မပြုရသေးသော
လုလင်များများ လက်မထပ်ရဟု အမိန့်ထုတ်ပြန်လိုက်ပါသည်။ အမျိုးသားများမကျေမနပ်ဖြစ်ကြပါသည်။
ထိုအခါ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လက်ထပ်လိုသောအမျိုးသား၊ အမျိုးသမီးများကို
တိတ်တဆိတ် လက်ထပ်ပေးခဲ့သည်။ ဧကရာဇ်မင်းသိသွားသောအခါ ယင်းဘုန်းတော်ကြီးကို ကွပ်မျက်
ခဲ့ပါသည်။ ဤဘုန်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် Valentine's Day ဟုခေါ်သော ချစ်သူများနေ့
ကိုကျင်းပခဲ့ကြပါသည်။
Valentine's Day ၏အဓိကတန်ဖိုးမှာ ချစ်သောသူကို မိမိလက်ထပ်လိုသောအချိန်တွင်
လက်ထပ်ခွင့်ရှိသည်ဟူသော သဘောတရားပင်ဖြစ်သည်။ လူတစ်ဦးချင်း၏လွတ်လပ်ခွင့် ကိုအလေး
ထားသော ယခုခေတ်တွင် လူငယ်များသည် Valentine's Day ကိုနှစ်သက်ပျော်ရွှင်စွာ ကျင်းပကြပါ
သည်။ ချစ်သောသူကို လက်ထပ်ရမည်ဟုဆိုရာတွင် ခရစ်ယာန်လူငယ်များသည် မည်သူ့ကို လက်
ထပ်ရမည်နည်းဟု စဉ်းစားဆင်ခြင်ကု တင်ပြလိုပါသည်။

Sunday, February 10, 2013
မိမိအပေါ်မိမိသစ္စာရှိခြင်း
တက်တိုး
သစ္စာဟူသောပါဠိဝေါဟာရကို ဗုဒ္ဓဘာသာမြန်မာတို့သာမက အခြားပုဂ္ဂိုလ်များစွာတို့လည်း
ကြားဖူးကြသည်။ အဓိပ္ပါယ်ကိုပင်နားလည်းကြသည်။ “မှန်တာပြောသစ္စာ” ဟူသောဆိုရိုးစကား
ကို မကြာခဏကြားရသည်။ ထိုကြောင့် သစ္စာဟူသည် အမှန်တရားဟူ၏။
အမှန် ဆိုသည်မှာဘယ်အရာနည်း။ မှားသည်မှန်သည်ဟူ၍ မည်သူကဆုံးဖြတ်နိုင်ပါသ
နည်း။
လူတိုင်းကများသောအားဖြင့် သူလုပ်သမျှ မှန်သည်ထင်သည်။ မမှန်မှန်းသိလျက်နဲ့ မှား
သည်ဟုဝန်ခံကြမည်မဟုတ်ချေ။ မမှန်မှန်းသိသော်လည်း ဆင်ခြေအမျိုးမျိုးပေးကာ မှန်သည်ဟုထင်
ကြသည်။ ထင်ချင်သည်။ သူတစ်ပါးအားထင်စေလိုသည်။ ပရိယာယ်အမျိုးမျိုးသုံးကာ အမှားကိုအမှန်
အသွင်ပေါ်အောင်ကြိုးစားကြသည်။
အမှားကို အမှန်ထင်မိ၍ ပြုမိပြောမိရာမှ အမှားအမှန်သိမြင်လာသောအခါ လူရှေ့အများ
ရှေ့တွင် “မှားပါတယ်” ဟု ဖွင့်ဟ၀န်ခံနိုင်သော သတ္တိသည် ရှားလှပေသည်။ ပြုစုပျိုးထောင်ယူရပေ
သည်။ ရိုးသာမှု၊ ပွင့်လင်းမှု၊ မာန်မာနကို ချိုးနှိမ်နိုင်မှုကို လိုအပ်ပေသည်။
အချို့မှာမူ ရိုးသား၏။ သို့သော် ဝေဖန်နိုင်စွမ်း အားနည်းသဖြင့် ထင်ယောင်ထင်မှားဖြစ်ကာ
မိမိ၏လုပ်ရပ်များ ယုံကြည်မှုများ မှန်သည်ဟုယူဆကြသည်။ ဥာဏ်နုံ့သူများဖြစ်သည့်အလျောက်
ဥာဏ်အလင်းရောင် မရောက်လာသေးဘဲ မောဟအမှောင်ထဲသို့ ရောက်နေကြသည်။

Wednesday, February 6, 2013
တာဝန်ရှိသူနှင့်တာဝန်သိသူ (ဒေသနာ)
သိက္ခာတော်ရဆရာစောထွန်းထွန်းလင်း
(SSKBMS)
လောကမှာ တာဝန်နှင့်ဝတ္တရားဟူ၍နှစ်မျိုးရှိသည်။ တာဝန်ဆိုသည်မှာ အခါအားလျော်စွာ
ပေးအပ်ထားသော၊ လွှဲပြောင်းထားသောလုပ်ငန်းများ နှင့် အကြောင်းကိစ္စရပ်များဖြစ်သည်။ ဥပမာ-
လုံခြုံရေးတာဝန်၊ စစ်ရေးတာဝန်၊ပညာရေးတာဝန်၊ ကျန်းမာရေးတာဝန် စသည်ဖြင့် မြောက်မြားစွာရှိသည်။
ဝတ္တရားဆိုသည်မှာ အမြဲတစေပြုကျင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အကြောင်းအရာများဖြစ်သည်။
ဥပမာ- မိဘ၀တ္တရား၊ လင်ဝတ္တရား၊ မယားဝတ္တရား စသည်တို့ဖြစ်သည်။
တာဝန်ရှိသူနှင့် တာဝန်သိသူ
တာဝန်ရှိသူတိုင်း တာဝန်သိသူဖြစ်ရမည်သာဖြစ်သည်။ ထိုအတူပင် တာဝန်သိသောသူအား
တာဝန်သည်ရှိနေမည်သာဖြစ်သည်။ တာဝန်ဟူသည် ကြီးမားကျယ်ပြန့်သော အနက်သဘောရှိသကဲ့
သို့ နက်ရှိုင်းပြီး များပြားလှစွာသော အကြောင်းအရာများပါဝင်လေသည်။ သိုဖြစ်၍လူတိုင်းသည်
တာဝန်ရှိနေသူများ ပီပီ မိမိတို့တွင်ရှိသော တာဝန်များကို သိရှိရန်လိုအပ်ပေသည်။ တာဝန်ကျေပြွန်ရန်
လည်းလိုအပ်သည်။ တာဝန်ယူထားပြီး တာဝန်မဲ့(ပျက်ကွက်) လျှင် မကောင်းပေ။ ရှိသောတာဝန်ကို
မသိဘဲနေခြင်းက ပို၍အကျဉ်းတန်စေသည်။
ပတ်ဝန်ကျင်တွင် လူအများစုသည် များသောအားဖြင့် တာဝန်ယူပြီး တာဝန်မကျေပြွန်သော
သူများသာ တွေ့နေရသည်။ တာဝန်မဲ့ခြင်းသည် အားလုံးအတွက်ကောင်းသောအရာ မဟုတ်ပေ။
မလိုလားအပ်သောကိစ္စပင်ဖြစ်သည်။ တာဝန်ကျေပြွန်သောလူအဖွဲ့အစည်းသည် မိမိနှင့်တကွ ပတ်ဝန်း
ကျင်ကိုပါ သာယာချမ်းမြေ့မှုကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။
(SSKBMS)
လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေ
သမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ (ကောလောသဲ ၃း၂၃)
လောကမှာ တာဝန်နှင့်ဝတ္တရားဟူ၍နှစ်မျိုးရှိသည်။ တာဝန်ဆိုသည်မှာ အခါအားလျော်စွာ
ပေးအပ်ထားသော၊ လွှဲပြောင်းထားသောလုပ်ငန်းများ နှင့် အကြောင်းကိစ္စရပ်များဖြစ်သည်။ ဥပမာ-
လုံခြုံရေးတာဝန်၊ စစ်ရေးတာဝန်၊ပညာရေးတာဝန်၊ ကျန်းမာရေးတာဝန် စသည်ဖြင့် မြောက်မြားစွာရှိသည်။
ဝတ္တရားဆိုသည်မှာ အမြဲတစေပြုကျင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အကြောင်းအရာများဖြစ်သည်။
ဥပမာ- မိဘ၀တ္တရား၊ လင်ဝတ္တရား၊ မယားဝတ္တရား စသည်တို့ဖြစ်သည်။
တာဝန်ရှိသူနှင့် တာဝန်သိသူ
တာဝန်ရှိသူတိုင်း တာဝန်သိသူဖြစ်ရမည်သာဖြစ်သည်။ ထိုအတူပင် တာဝန်သိသောသူအား
တာဝန်သည်ရှိနေမည်သာဖြစ်သည်။ တာဝန်ဟူသည် ကြီးမားကျယ်ပြန့်သော အနက်သဘောရှိသကဲ့
သို့ နက်ရှိုင်းပြီး များပြားလှစွာသော အကြောင်းအရာများပါဝင်လေသည်။ သိုဖြစ်၍လူတိုင်းသည်
တာဝန်ရှိနေသူများ ပီပီ မိမိတို့တွင်ရှိသော တာဝန်များကို သိရှိရန်လိုအပ်ပေသည်။ တာဝန်ကျေပြွန်ရန်
လည်းလိုအပ်သည်။ တာဝန်ယူထားပြီး တာဝန်မဲ့(ပျက်ကွက်) လျှင် မကောင်းပေ။ ရှိသောတာဝန်ကို
မသိဘဲနေခြင်းက ပို၍အကျဉ်းတန်စေသည်။
ပတ်ဝန်ကျင်တွင် လူအများစုသည် များသောအားဖြင့် တာဝန်ယူပြီး တာဝန်မကျေပြွန်သော
သူများသာ တွေ့နေရသည်။ တာဝန်မဲ့ခြင်းသည် အားလုံးအတွက်ကောင်းသောအရာ မဟုတ်ပေ။
မလိုလားအပ်သောကိစ္စပင်ဖြစ်သည်။ တာဝန်ကျေပြွန်သောလူအဖွဲ့အစည်းသည် မိမိနှင့်တကွ ပတ်ဝန်း
ကျင်ကိုပါ သာယာချမ်းမြေ့မှုကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။
တို့အတွက်အိမ်လိုတယ်
တို့အတွက်အိမ်လိုတယ်။
နေစရာဆိုတဲ့အိမ်ပေါ့။
အဲဒီမှာ ....
ရေကူးကန်ရှိဖို့မလိုဘူး
ပန်းခြံရှိဖို့မလိုဘူး
ဧည့်ရိပ်သာရှိဖို့မလိုဘူး
ခမ်းနားဖို့မလိုဘူး
အမိုးအကာအခင်းရှိရုံနဲ့
နေဖြစ်မယ့် အိမ်လေးတစ်လုံး
တို့အတွက်လိုတယ်။
သက်စမ်းရေတွင်းရှိတဲ့အိမ်
ချစ်ခြင်းတရားနဲ့မြဲမယ့်အိမ်
မျှော်လင့်ခြင်းနဲ့ပြည့်တဲ့အိမ်
မေတ္တာရနံ့နဲ့မွှေးတဲ့အိမ်
ဘုရားသခင်ရဲ့ဗိမ္မာန်တော်လိုမျိုး
သမာသမတ်နဲ့ဆောက်တဲ့အိမ်
အဲဒီလိုအိမ်လေးတစ်လုံးစီတော့ ....
တို့အားလုံအတွက်လိုနေတယ်။ ။
ဂျူနီယို
နေစရာဆိုတဲ့အိမ်ပေါ့။
အဲဒီမှာ ....
ရေကူးကန်ရှိဖို့မလိုဘူး
ပန်းခြံရှိဖို့မလိုဘူး
ဧည့်ရိပ်သာရှိဖို့မလိုဘူး
ခမ်းနားဖို့မလိုဘူး
အမိုးအကာအခင်းရှိရုံနဲ့
နေဖြစ်မယ့် အိမ်လေးတစ်လုံး
တို့အတွက်လိုတယ်။
သက်စမ်းရေတွင်းရှိတဲ့အိမ်
ချစ်ခြင်းတရားနဲ့မြဲမယ့်အိမ်
မျှော်လင့်ခြင်းနဲ့ပြည့်တဲ့အိမ်
မေတ္တာရနံ့နဲ့မွှေးတဲ့အိမ်
ဘုရားသခင်ရဲ့ဗိမ္မာန်တော်လိုမျိုး
သမာသမတ်နဲ့ဆောက်တဲ့အိမ်
အဲဒီလိုအိမ်လေးတစ်လုံးစီတော့ ....
တို့အားလုံအတွက်လိုနေတယ်။ ။
ဂျူနီယို
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ
ချစ်သူများနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သောစိန့်ဗယ်
လင်တိုင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ စိန့်ဗယ်လ င်တိုင်းသည် အေဒီ(၃)ရာစုအတွင်း ရောမမြို့တွင်နေထိုင်
ခဲ့သည်။ အဲဒီကာလကရောမအင်ပါယာကို ဧကရာဇ် ကလောဒီးယပ်(စ်) အုပ်ချုပ်နေချိန်ဖြစ်သည်။
ကလော့ဒီးယပ်(စ်)ဟာ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကို အလိုရှိနေပြီး ထိုစစ်တပ်ထဲသို့ လူငယ်များဝင်
ရောက်လာဖို့လိုလားနေပါသည်။ လူတွေဟာမိသားစု ၊ဇနီးသားသမီးတွေရှိကြတဲ့အတွက် စစ်တိုက်ဖို့
အတွက်စိတ်မရှိကြပါဘူး။ ဒါဟာကလောဒီးယပ်(စ်)၏ အကြံအစည်အတွက်ကြီးမားတဲ့ အဟန့်အတား
တစ်ခုဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ကလောဒီးယပ်(စ်)ဟာ ရူးသွပ်မိုက်မဲတဲ့ ဥပဒေတစ်ခုချမှတ်လိုက်ပါတယ်။
ဒါကတော့ ယောင်္ကျားတွေလက်ထပ် ထိမ်းမြားခြင်းမပြုရဘူးဆိုတဲ့ဥပဒေသပဲဖြစ်ပါတယ်။ လူအများက
ဒါကိုလက်မခံချင်ကြပါဘူး။ အထူးသဖြင့် ချစ်ခြင်းမေတ္တာတရားကို တန်ဖိုးထားတဲ့လူတွေအတွက်
ဒီဥပဒေဟာ အကြင်နာကင်းမဲ့ပြီး ညှာတာထောက်ထားမှုကင်းမဲ့တဲ့ ဥပဒေသပဲဖြစ်စေပါတယ်။

Tuesday, February 5, 2013
ကျင့်သုံးမှုနှစ်ခုရဲ့ အဆုံးသတ်မဲ့ ထိပ်တိုက်တွေ့ဆုံမှု
မင်းလက်ထဲမှာလေးထောင့်
မျဉ်းဖြောင့်ရဲ့သဏ္ဍာန်
ဖြောင့်မတ်တဲ့ဟန်
အဲဒါအမှန်ပဲပေါ့ .......
ငါ့လက်ထဲမှာအရိုင်း
နက်ရှိုင်းတဲ့မျဉ်းကွေးနဲ့
တွေးဆချက်ဟန်
အဲဒါအမှန်ပဲလေ ......
အမှန်တရားနှစ်ခုရဲ့
ထိပ်တိုက်တွေ့ဆုံမှုဟာ
ရှိရှိသမျှ
ပဠိပက္ခများအတွင်း
ပြင်းထန်ရင်း
ပိုပြီးပြင်းထန်ရင်းနဲ့ပဲ .....
စောရွယ်လူး (ကယ်တင်ခြင်းတပ်)
မျဉ်းဖြောင့်ရဲ့သဏ္ဍာန်
ဖြောင့်မတ်တဲ့ဟန်
အဲဒါအမှန်ပဲပေါ့ .......
ငါ့လက်ထဲမှာအရိုင်း
နက်ရှိုင်းတဲ့မျဉ်းကွေးနဲ့
တွေးဆချက်ဟန်
အဲဒါအမှန်ပဲလေ ......
အမှန်တရားနှစ်ခုရဲ့
ထိပ်တိုက်တွေ့ဆုံမှုဟာ
ရှိရှိသမျှ
ပဠိပက္ခများအတွင်း
ပြင်းထန်ရင်း
ပိုပြီးပြင်းထန်ရင်းနဲ့ပဲ .....
စောရွယ်လူး (ကယ်တင်ခြင်းတပ်)
မရှိမဖြစ်လိုအပ်သောအရာများလား
သက်ရှိအားလုံးအတွက်အလင်းသည် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ရေလည်းလိုအပ်
သည်။ လေလည်းမရှိမဖြစ်လိုသည်။ မရှိမဖြစ်လိုအပ်သောအရာများ ဇယားချဖော်ပြရမည်ဆိုပါက အ
လွန်များပြားလိမ့်မည်။ သို့သော်ဂရိအတွေးအခေါ်ပညာရှင်များ၏ တွေ့ရှိချက်တစ်ခုတော့ ဖော်ပြလို
သည်။ သက်ရှိကမ္ဘာ တည်တန့်နိုင်ရန်အတွက် တူညီသောဆန့်ကျင်ဘက်အင်အား လိုအပ်သည်ဟု
ဆိုသည်။
ဘာသာတရားကိုင်းရှိုင်းခြင်းသည် အလွန်မြင့်မြတ်သည်ဟု ကျွန်တော်ခံယူသည်။ သို့သော်
ခရစ်ယာန်ကျမ်းစာ၌ တွေ့ရသော ဘာသာတရားကိုင်းရှိုင်းမှုအစသည် ကောင်းသောစခြင်း မဟုတ်ခဲ့
ပါ။ အသက်သတ်ခြင်းသည် ထာဝရဘုရားကိုးကွယ်ခြင်းဖြင့် စသည်ဟုဆိုနိုင်ပါသည်။ ညီအစ်ကို
ရင်းတစ်ယောက်အား သတ်ဖြတ်ရက်လေခြင်းဟူသော စိတ်ခြောက်ခြားမှုခံစားရသည်။ သို့သော်
ဤခြောက်ခြားဖွယ်ရာကောင်းသောဖြစ်ရပ်မှ ထာဝရဘုရား၏ သနားခြင်းကရုဏာ တွေ့ကြရသည်ဟု
ကျမ်းတတ်ပုဂ္ဂိုလ်များက ဆိုကြသည်။ အဘယ်ကြောင့်ဟူမူ ဘုရားသခင်သည် လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးသည်သာမက နဖူး၌အမှတ်အသားတစ်ခုပေးခြင်းအားဖြင့် အသက်ကာကွယ်ပေးထားသည်။
ညီဖြစ်သူအား ကျွန်အဖြစ်ရောင်းစားသော ညီအစ်ကိုများအကြောင်းဖတ်ဖူးကြပေမည်။
ယနေ့ခေတ်လူများအတွက် ဤအဖြစ်အပျက် လက်ခံနိုင်ရန်ခဲယဉ်းလှသည်။ အင်မတန်ထူးဆန်း
အံ့သြဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ သို့သော် နောင်တွင် ယာကုပ်အနွယ်များ
အသက်ဆက်နိုင်ရေးဟူသော ဖြစ်စဉ်တစ်ခု အစပြုခဲ့သည်။

Monday, February 4, 2013
ဆယ်ဘို့တစ်ဘို့ပေးလှူခြင်း
ယနေ့ခရစ်ယာန်များစွာက ဆယ်ဘို့တစ်ဖို့ကိုမပေးလှူကြတာ ၀န်ခံကြရမှာပါ။ ဓမ္မသစ်
ကျမ်းမှာ ဆယ်ဘို့တစ်ဖို့ပေးလှူဖို့ သိပ်ထင်ထင်ရှားရှားတိုက်တွန်းတာ မရှိဘူးဆိုပြီး ဆင်ခြေပေးကြပါ
သည်။ အငြင်းပွားစရာတွေလည်း လုပ်ဆောင်လာကြပါသည်။ သို့သော် ....... ပရောဖက် မာလခိ၏
ပညတ်ကတော့ အကျိုးသက်ရောက်မှု ရှိကြောင်း သက်သေခံသူများကလည်း ၀န်ခံနေကြပြန်သည်။
ဤသို့ဖြစ် ဆယ်ဘို့တစ်ဖို့ပေးလှူခြင်း ကိစ္စလည်းမေးခွန်း ဖြစ်လာပါသည်။ စင်စစ် ...... ပေးလှူရမည်
ဟုသာ ကျွန်တော်ကတော့ ယုံကြည်ပါသည်။ ဤအကြောင်းကိုစာအုပ်လေးတစ်အုပ်လည်း ရေးခဲ့ဖူး
ရာ အုပ်ရေသောင်းချီ ဝေငှခဲ့ဖူးသည်။ စင်စစ် ဘုရားသခင်ကတောင်းဆိုသောအရာလည်းဖြစ်တာ
မို့ ဂရုပြုသင့်သည်ဟု ယူဆခဲ့၍လည်းဖြစ်သည်။
သောကိစ္စများကြောင့် အသင်းသားများကို ခွဲတမ်းချကာ၊ ဘယ်သူကဖြင့် ဘယ်လောက်ပေးလှူရမည်
ဟု သတ်မှတ်ရတာမျိုးမဟုတ်ပါဘူး။ ဘုရားသခင်နှင့်သာ၍ နက်နဲသောမိဿဟာယ ဖွဲ့ခြင်းကို လိုချင်
၍ဖြစ်သည်။ ဆယ်ဘို့တစ်ဖို့ပေးလှူခြင်းအားဖြင့် ....
ကျမ်းမှာ ဆယ်ဘို့တစ်ဖို့ပေးလှူဖို့ သိပ်ထင်ထင်ရှားရှားတိုက်တွန်းတာ မရှိဘူးဆိုပြီး ဆင်ခြေပေးကြပါ
သည်။ အငြင်းပွားစရာတွေလည်း လုပ်ဆောင်လာကြပါသည်။ သို့သော် ....... ပရောဖက် မာလခိ၏
ပညတ်ကတော့ အကျိုးသက်ရောက်မှု ရှိကြောင်း သက်သေခံသူများကလည်း ၀န်ခံနေကြပြန်သည်။
ဤသို့ဖြစ် ဆယ်ဘို့တစ်ဖို့ပေးလှူခြင်း ကိစ္စလည်းမေးခွန်း ဖြစ်လာပါသည်။ စင်စစ် ...... ပေးလှူရမည်
ဟုသာ ကျွန်တော်ကတော့ ယုံကြည်ပါသည်။ ဤအကြောင်းကိုစာအုပ်လေးတစ်အုပ်လည်း ရေးခဲ့ဖူး
ရာ အုပ်ရေသောင်းချီ ဝေငှခဲ့ဖူးသည်။ စင်စစ် ဘုရားသခင်ကတောင်းဆိုသောအရာလည်းဖြစ်တာ
မို့ ဂရုပြုသင့်သည်ဟု ယူဆခဲ့၍လည်းဖြစ်သည်။
ဘုရားသခင်က လူတွေထံမှာ ဆယ်ဘို့တစ်ဖို့တောင်းခံတာ ဘာကြောင့်ဖြစ်ပါသလဲ။
ဘုရားသခင်က ဆင်းရဲတာကြောင့် လိုအပ်တာကြောင့် မဟုတ်ပါဘူး
သာသနာအစည်းဝေးတစ်ချို့မှာ ဘတ်ဂျက်လိုငွေကို ဆွေးနွေးနေရတာမျိုးမဟုတ်ပါ။ အချို့သောကိစ္စများကြောင့် အသင်းသားများကို ခွဲတမ်းချကာ၊ ဘယ်သူကဖြင့် ဘယ်လောက်ပေးလှူရမည်
ဟု သတ်မှတ်ရတာမျိုးမဟုတ်ပါဘူး။ ဘုရားသခင်နှင့်သာ၍ နက်နဲသောမိဿဟာယ ဖွဲ့ခြင်းကို လိုချင်
၍ဖြစ်သည်။ ဆယ်ဘို့တစ်ဖို့ပေးလှူခြင်းအားဖြင့် ....
Sunday, February 3, 2013
အသက်ကလေးရယ်တဲ့ရှည်စေလို ၁
၁။ အသည်းနဲ့ကလီစာများသည်လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည်။ ထိုကြောင့်အသည်း
တစ်ခုခုဖြစ်ပါက ကလီစာများလည်း တစ်ခုခုဖြစ်နိုင်သည်။ ကလီစာတစ်ခုခုဖြစ်လျှင် အသည်းလည်း
ထိခိုက်နိုင်သည်။
၂။ အသည်းမှာ ဒဏ်ရာအနာတရရပါကသာမန်အားဖြင့် မခံစားရပါ.။ မည်သည့်နည်းနှင့်မျှမသိနိုင်ပါ။
ကင်ဆာအတော်များများမ ဖြစ်ခင်အသည်းအရင်ဆုံးပျက်စီးရသည်။ ထိုကြောင့်အသည်းကိုသေသေချာ
ချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်။
၃။ အသည်းသည်ခန္ဓာကိုယ် တစ်ခုလုံး၏ အဆိပ်အတောက်များကိုဖယ်ရှားပေးရသည်။ ထိုပြင်ကိုယ်
ခန္ဓာရှိဗိုင်းရပ်စ် ပိုးများကိုလည်း တိုက်ခိုက်ရသည်။
၎။ တရုတ်လူမျိုး ၉၀ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ။ အဘယ်ကြောင့်ဆိုသော် အသားနှင့်
အဆီစားသုံးမှုများခြင်း ကြောင့်ဖြစ်သည်။
၅။ အသည်းသည် ၂၄နာရီပတ်လုံးအလုပ်လုပ်သည်ဟု ဆိုသော်လည်း ၎င်းကိုယ်တိုင်က ဆားဗစ်ပြန်
လုပ်ရသည်။ ထိုအချိန်သည် ည(၁၁)နာရီမှ မနက်စောစော (၃)နာရီ ကြားတွင်ဖြစ်သည်။ ထိုကြောင့်
ညစာကိုနောက်ကျမှစားခြင်းသည် အသည်းကိုအားနည်းစေသည်။ ထိုပြင်မအိပ်ခင်(၂)နာရီအတွင်း
အသားနျင့်အဆီ စားခြင်းသည် အသည်းကို အားနည်းစေသည်။ အဘယ်ကြောင့်ဆိုသော် စားသုံးထား
သောအဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည်နားချိန်မရဘဲ အလုပ်လုပ်နေရသည်။
ညအိပ်ရာဝင်နောက်ကျ၍မနက်နေမြင့် အထိအိပ်စက်ခြင်း၊ နေ့လည်စာ မစားခင်တရေးအိပ်ခြင်းတို့
သည် အသည်းအတွက်မည်သို့မျှ အကျိုးမရှိပါ။

ကက်သလစ်မြန်မာကျမ်းစာဘာသာပြန်ဆိုခြင်း
အေဒီ ၁၅၀၀ကျော်မှာ ပေါ်တူဂီတွေမြန်မာနိုင်ငံသို့ ရောက်လာတဲ့အခါခရစ်ယာန်သာသနာ
လည်းမြန်မာနိုင်ငံသို့ရောက်လာခဲ့ပါတယ်။ ပြင်သစ်သာသနာပြုဘုန်းတော်ကြီး ပီတာဘွန်ဖာဟာ ပုသိမ်
မှာရှိတဲ့ခရစ်ယာန် ဘာသာဝင်တွေအတွက် ရောက်ရှိလာတယ်။ သူကမြန်မာတွေရဲ့ ဓလေ့ထုံးစံနဲ့
ဘာသာစကားကို သုံးနှစ်သင်ယူခဲ့ပါတယ်။
၁၇၂၁မှာတော့ ဖာသာဝိတိုနီနဲ့ ဖာသာကာလချီ တို့ရောက်ခဲ့ပါတယ်။ ဖာသာ ကာလချီက
မြန်မာဘာသာစကားကို သင်ယူပြီးနောင်သာသနာပြုတွေတွေရောက်လာရင် မြန်မာစကားကိုအလွယ်
တကူလေ့လာနိုင်ရန် ရည်ရွယ်ပြီး အဘိဓာန်တစ်စောင်ကို ပြုစုကာမြန်မာစာ သင်ယူနည်းလမ်းမှတ်စု
ကိုပါထည့်သွင်း ထားခဲ့ပါတယ်။ ဒါပေမဲ့ ၆၊မတ်လ၊၁၇၂၈မှာ ဖာသာကာလချီ ကွယ်လွန်သွားတယ်။
၁၇၂၈မှာပဲ ဖာသာဂါဇီယာ ရောက်လာပါတယ်။ နောက်တော့သူဟာ မြန်မာပြည်ရဲ့ ပထမ
ဦးဆုံး Bishop ဖြစ်လာခဲ့ပါတယ်။ သူက ရောမကိုခဏပြန်ပြီး ၁၈၄၃ခု၊ဇွန်မှာ ပြန်ရောက်လာတဲ့အခါ
သူနဲ့အတူ ဖာသာမွန်ဒီလီ၊ ဖာသာကွန်တီ၊နှင့် ဖာသာနာရီနီ တို့လိုက်ပါလာပါတယ်။ ဖာသာနာရီနီက
မွန်၊မြန်မာ ဘာသာစကားနှစ်မျိုးစလုံးကို လေ့လာသင်ယူခဲ့ပြီး မြန်မာဘာသာသဒ္ဒါနဲ့ အဘိဓာန်ကိုပြုစု
ခဲ့တယ်။ သမ္မာကျမ်းစာနဲ့ ဘုရားရှိခိုးတွေကို မြန်မာလိုရောမွန်လိုပါ ရေးနိုင်ပြီး ပုံနှိပ်ထုတ်ဝေဖို့
စိတ်ကူးခဲ့ပါတယ်။ သံလျင်မှာ အနောက်တိုင်းပုံစံ ဆရာအတတ်သင်ကောလိပ်တည်ထောင်ခဲ့တယ်။
ဒါပေမယ့် အ၀နဲ့ ဟံသာဝတီစစ်ဖြစ်ပွါးပြီး ၁၇၅၆မှာ ဖာသာနာရီနီ ကွယ်လွန်သွားခဲ့တယ်။

သင်အုပ်ဆရာလောင်း
တစ်နေ့သောတနင်္ဂနွေနေ့တွင် ကလေးတစ်ယောက်သည် ဘုရားရှိခိုးကျောင်းမှပြန်လာပြီး
နောက်........ “ မေမေ၊ သာကြီးလာရင် သင်းအုပ်ဆရာပဲလုပ်တော့မယ်”
“ ဟား ..... ၀မ်းသာလိုက်တာသားရယ်။ မေမေက ကိုယ့်သာသမီးထဲမှာ တစ်ယောက်ကို
ဘုရားအမှုတော်ဆောင်စေချင်တာ”
ကလေးငယ်ကကျေနပ်စွာပြုံးနေသည်။ အမေက ......
“ ဒါနဲ့သားက ဘာဖြစ်လို့ သင်းအုပ်ဆရာလုပ်ချင်တာတုံး”
“ မေမေပဲစဉ်းစားကြည့်လေ။ တနင်္ဂနွေနေ့ရောက်ပြီဆို ဘုရားရှိခိုးကျောင်းကို မသွားမနေရ
သွားနေရတဲ့ဥစ္စာ။ အဲသလို အမြဲသွားနေရမှတော့ ငြိမ်ငြိမ်လေးနားထောင်ရမယ့်အစား လူတွေရှေ့မှာ
ရပ်ပြီး အော်ဟစ်ရရင် ပိုပြီးပျော်စရာကောင်းမှာပေါ့”
အမေ့ခမျာ သားအဖြေကြောင့် ရယ်ရခက်ခက်၊ ပြုံးရခက်ခက်။
ဆိုး

ဓမ္မဆရာရဲ့ရင်ထဲမှာ
ခွဲစိပ်ပါရဂူဆရာဝန်ကြီး ငါးဦး ဆုံမိကြလေသည်။ သူတို့ခွဲစိပ်ခဲ့ရသောလူနာများ အ
ကြောင်းကို ဆွေးနွေးကြရင်း ကော်ဖီသောက်နေကြသည်။ ပထမဆုံးသောဆရာဝန်ကြီးက ......
“ခွဲစိပ်ရတဲ့အထဲမှာ စာကြည့်တိုက်မှူးတွေကိုပဲ ခွဲချင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရင်ကို
ဖွင့်လိုက်တာနဲ့ အထဲက ကလီစာတွေအားလုံးက အက္ခရာဝလီစီထားသဗျ ...”
နောက်ဆရာဝန်တစ်ယောက်ကမူ ခေါင်းကိုအသာယမ်းရင်းပြောလိုက်သည်မှာ .......
“ ကျုပ်က အင်ဂျင်နီယာတွေကို ခွဲချင်သဗျ။ သူတို့ကိုခွဲလိုက်တဲ့အခါ လိုတိုးပိုလျော့ လုပ်လို့
ရတယ်။ ဗိုက်ထဲမှာပစ္စည်း တစ်ခုခုမေ့ကျန်လည်း ပြဿနာမရှိဘူး။ နားလည်မှုရှိတဲ့လူတွေဗျ...”
“ဟာ....ကျုပ်ကတော့ စာရင်းကိုင်တွေကို ခွဲရတာအကြိုက်ဆုံးပဲ။ ဒီလူတွေရဲ့ရင်ကိုဖွင့်လိုက်
တာနဲ့ အထဲက ပစ္စည်းတွေအားလုံးနံပါတ်ထိုးထားပြီးသား။ ဘယ်ဟာလိုတယ်။ဘယ်ဟာပိုတယ် သိပ်
စဉ်းစားစရာမလိုဘူး.....”

ကမ္ဘာပြဿနာ
ကမ္ဘာကျော်ကွန်ပြုတာပညာရှင်အမြောက်အမြားပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ကွန်ပြုတာအသစ်
တစ်လုံးကိုတီထွင်ဖန်တီးခဲ့ကြသည်။ သူတို့တည်ဆောက်ခဲ့သော ကွန်ပြူတာအသစ်ကိုအစိုးရဌာနသို့
လွှဲပြောင်းပေးအပ်ခြင်း မပြုမီ အမျိုးမျိုးစမ်းသပ်စစ်ဆေးကြသည်။
မေးခွန်းများမေးကြ၏။
ကွန်ပြူတာကလည်း ဒက်ကနဲ၊ ဒက်ကနဲ ဖြေ၏။
မည်မျှပင် ခက်ခဲနက်နဲပါစေ။ ကွန်ပြူတာကလျှပ်တပြက်အတွင်း ချက်ချင်းအဖြေကိုပေး၏
မေးခွန်းပေါင်းရာနှင့် ထောင်နှင့်ချီ၍ မေးသော်လည်းကွန်ပြူတာက တစ်ချက်မမှား အဖြေမှန်ကို
ပေးသည်။ စမ်းသပ်စစ်ဆေးမှုပြုပြီးနောက် လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ကြ လေသည်။ အခမ်းအနားသို့
တက်ရောက်လာသောခေါင်းဆောင်တစ်ဦးက စက်ခလုပ်ကိုနှိပ်ကာ မေးခွန်းမေးရန်ဖြစ်သည်။
သူက ခဏမျှစဉ်းစားပြီး နောက်
“ကမ္ဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာပါသလဲ”
ကွန်ပြူတာက ချက်ချင်းအဖြေပေးသည်။
“ကမ္ဘာဦးကျမ်းကို ဖတ်ပါ” ဟူသတည်း။

Subscribe to:
Posts (Atom)