Wednesday, August 22, 2018

ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ

မိတ်ဆွေယေရှုကျူး-    What a Friend We Have in Jesus

             ဂျိုးဇက်စကရီဗင်(၁၈၂၀-၁၈၈၆) ၏ လက်ယာမွန် သီချင်းလေးဖြစ်ပါသည်။ ခရစ်ယာန် အများအပြား နှစ်သက်သော သီချင်းဖြစ်၍ ခွန်အားယူသီဆိုကြသည်။ ဤဂန္တ၀င်သီချင်းသည် နှစ်ပေါင်းရာချီ၍ ကြသော်လည်း မဟောင်းမနွမ်းဘဲအမြဲအသုံးပြုခဲ့သော သီချင်းဖြစ်သည်။ ဆရာအဆောင်း၏ မြန်မာလက်ယာ အကောင်းဆုံးလည်းဖြစ်သည်။
             ဤသီချင်း၏မူရင်းစာဆို ဂျိုးဇက်စကရီဗင်သည် လက်ထပ်ရန်ပြင်ဆင်ထားသောနေ့၌ ... လက်မထပ်မီမှာပင် သတို့သမီးသည် ရေနစ်၍သေဆုံးလေသည်။ အထီးကျန်သောသူ့ဘ၀ကို အသစ်မမရှာဘဲ အမှုတော်ဆောင်ဖို့ရန် သိန္နိဋ္ဌာန်ချလေသည်။ ထရီနတီကောလိပ်မှ ဘွဲ့ရပြီးရုပ်ရည် ချောမောသော်လည်း မာန်မာနမရှိ။ အလုပ်ကြမ်းသမားတစ်ယောက် ကဲ့သို့ပင် သွားလားနေထိုင်၍ နေထိုင်၍ နေလေသည်။

               တစ်ခါက အိမ်ရှင်မတစ်ယောက်က သူ့အားထင်းခွဲရန် မှားယွင်း၍ ငှားရမ်းဖူးသည်ကို မာန်မာန မရှိ ၀င်၍ခွဲပေးလေသည်။ ထိုမှစ၍ လူအို၊လူနာတို့၏ ထင်းများကို အခမဲ့ လိုက်လံခွဲခြမ်းပေးလေသည်။ ရှင့်နာမည်ဘယ်လိုလဲလို့ မေးလျှင် .......
             “ဒုက္ခိတနှင့် ဆင်းရဲသားမုဆိုးမ တို့၏ထင်းကို အခမယူဘဲ ဖြတ်ပေးတတ်သော မစ္စတာ စကင်ရီဗင်...... ” ဟုဖြေတတ်သည်။

            ဤသီချင်းကို သူ့မိခင်အတွက် စိတ်သက်သာမှု ရရန်ရေးသားခြင်းဖြစ်၍ လူအများအတွက် မရည်ရွယ်ဟု....... ဆိုခဲ့သည်။ အစအဦးတွင် ဤသီချင်း၏ မူရင်းစာဆိုမှာ ဒေါက်တာဗိုနာဟု ထင်ကြသော်လည်း ဒေါက်တာဗိုနာက ငြင်း၍ ဧကန်စင်စစ် သီချင်းရေးသူမှာ မစ္စတာကရီဗင် ဟုပြောသဖြင့် သာ သိကြရ၏။ ဒေါက်တာဗိုနာ၏မှတ်တမ်းတွင်.........


           “ဂျိုး၊ စကရီဗင် ဟုခေါ်သော အိုင်ယာလန်ပြည်သား ဒဗ္ဗလင်မြို့ ဇာတိဖြစ်သူ လူရွယ်သည် ကနေဒါပြည်သို့ ၁၈၄၅ခုနှစ်တွင် ရောက်လာ၍ နေထိုင်စားသောက်ခဲ့ပြီး အသက် ၆၆နှစ်တွင် ခေါ်တော်မူခြင်း ခံရလေသည်။ ပျိုရွယ်စဉ်က.... သတို့သမီးတစ်ဦးနှင့် လက်ထပ်မပြီးစီးမီ ညနေချမ်းတစ်ချိန်၍၌ မိမိ၏ဇနီးလောင်း မတော်တဆ ရေနစ်သေဆုံးရာမှ စိတ်တွင်ယူကျုံးမရ ပူဆွေးလျက် မိခင်ဖတ်ရှုရန် သီကုံးဖွဲ့ပေးသော သီချင်းဖြစ်သည်။ ဤကဗျာကို ထိုသူသေဆုံးခါနီး မိတ်ဆွေတစ်ဦးက တွေ့ရာမှ မြတ်နိုးစွာသုံးစွဲလာသောသီချင်း....” ဟု ပါရှိဖော်ပြထားပါသည်။


                                                        ဆရာဆိုး











No comments:

Post a Comment