Wednesday, August 22, 2018

အို...ငါဝိညာဉ်နောက်နောက်မမေ့..........

မေတ္တာတော်အောက်မေ့ကျူး-    O thou my Soul forget me more
သီချင်းနံပါတ်.......... ၂၆၃

          ဤသီချင်းကို မူလက ဟိန္ဒူစာနှင့် ကရစ်ရှနပ် အမည်ရှိသော ဟိန္ဒူတစ်ပည့်တော် တစ်ယောက် ရေးသည်။ ကရစ်ရှနပ် တပည့်တော်ဖြစ်ရသည့် အကြောင်းမှာ တစ်နေ့သ၌ လက်သမားလုပ်၍ လက်မောင်း ကျိုးသဖြင့် ဓမ္မဆရာကယ်ရီ၏ လက်ထောက် ဆရာသောမကို ခေါ်ယူ၍ကုသလျှင် ဆရာသောမသည် အခွင့် အားလျော်စွာ ဧ၀ံဂေလိတရားတော်ကို သူ့အား ဟောပြောလေသည်။ ကရစ်ရှနပ်စိတ်တွင် ထိုဆရာ တရားတော် အမြစ်စွဲ၍ စဉ်းစားလေလေဖြစ်သည်။


         မယား၊သမီးပေါင်း သုံးယောက်တို့လည်း ထိုအတူသဘောကျ သောကြောင့် ၁၈၀၀ပြည့်၊ ဒီဇင်ဘာ ၂၂ရက်နေ့တွင် ဆရာကယ်ရီထံမှာ နှစ်ခြင်းမင်္ဂလာကို တောင်းလေသည်။
          ကရစ်ရှနပ်၊ညီ၊ မယားနှင့် သမီးတို့ ဟိန္ဒူဇတ်ကိုစွန့်၍ ခရစ်ယာန် ရေနှစ်ခြင်းမင်္ဂလာ ခံမည်ကို ဆီရင်ပူမြို့သူ၊မြို့သား လူအများတို့ ကြားသိကြလျှင် လူနှစ်ထောင် ထကြွသောင်းကျန်း၍ ကရစ်ရှနပ် အိမ်သို့သွားရောက်လျက်သူနှင့်သူ့ညီအစ်ကိုတို့ကို ဆွဲထုတ်ပြီးလျှင် ရာဇ၀တ်တရားသူကြီးမင်းရှေ့ အပ်ကြသော်လည်းချက်ချင်းလွှတ်ခွင့် ရကြလေသည်။

             မယားနှင့် သမီးတို့မှာ ထိတ်လန့်၍ အတိအလင်းဝန်ခံရန် သတ္တိမရှိကြ။ ညီအစ်ကိုလည်း နောက်ဆုတ်လေသည်။ သို့ရာတွင် ကရစ်ရှနပ်သည် တည်ကြည်လျက် ၁၆နှစ်အရွယ်ရှိသော ဆရာကယ်ရီ ၏သား ဖိလစ်နှင့်တကွ ၁၈၀၀ပြည့်၊ ဒီဇင်ဘာ ၂၈ရက် အင်္ဂလိပ်ဘုရင်ခံမင်းရှေ့ ဂင်္ဂါမြစ်၌ နှစ်ခြင်းမင်္ဂလာကို ခံယူလေသည်။
            ၁၈၀၂ခုနှစ်၊ မတ် ၂၆ရက်နေ့၊ သူ့မယားနှစ်ခြင်း မင်္ဂလာခံယူပြီးနောက် သူ့ညီလည်း ခံယူလေသည်။ သမီးမှာ နှစ်ခြင်းမခံမီ ထိမ်းမြားပေးမည့် ယောင်္ကျားက အတင်းခေါ်ယူ ရိုက်နှက်သော်လည်း ယုံကြည်သည့် သဘောမပျက်ဘဲ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ခရစ်ယာန်အဖြစ်နှင့် နေမည်ဟု ဓိဋ္ဌာန် လေသည်။

                                     ဆရာဆိုး










No comments:

Post a Comment