Wednesday, August 22, 2018

ကိုယ်တော်နှင့်နီးစေပါ

ကိုယ်တော်နှင့်နီးစေပါကျုး- Nearer my God to thee
ဓမ္မသီချင်းနံပါတ်-  ၁၉၈
                     “ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့်မြောက်သော်လည်း၊ ဤပတ္ထနာ” အစချီသော ဓမ္မသီချင်းကို ခရစ်ယာန်တို့သည် ကြေကွဲသောအချိန်တွင် တပ်မက်ခုံမင်စွာ အားယူသီဆို ကြပါသည်။
        ဓမ္မသီချင်းကျွမ်းကျင်သူများက...........
        အမျိုးသမီးစာဆိုများ ရေးသည့် ဓမ္မသီချင်းများအနက် အကောင်းဆုံး ဂန္တ၀င်သီချင်းဟု မှတ်ချက်ပြု ပါသည်။ စာရာဖလားဝါး၏ လက်ယာဖြစ်၍ ဖခင်ဖြစ်သူ တီဖလားဝါး၏ အမွေကို ရသောသူ ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း ၂၈း၁၁-၁၇ ကိုအခြေပြု၍ စပ်ဆိုသော သီချင်းဖြစ်လေသည်။ ၁၈၄၁ခုနှစ်တွင် ဤသီချင်းကို ရေးခဲ့ပြီး၊ ၁၈၄၃ခုနှစ်တွင် မစ္စတာအာဒံနှင့် လက်ထပ်သည်။ သူတို့နှစ်ယောက်သည် သီချင်းအများအပြားကို ရေးခဲ့သူများ ဖြစ်ကြပါသည်။

           မြန်မာဘာသာသို့ ဆရာကြီး စတီဗင်က ၁၈၆၅ခု ဇူလိုင်လတွင် ပြန်ဆိုရေးသား ခဲ့ပါသည်။ ဤသီချင်းနှင့် ပတ်သက်သော အဖြစ်အပျက် သက်သေခံမှု အများအပြားရရှိ လေသည်။

            ခရစ်ယာန်မာတုရ တစ်ယောက်ဖြစ်သော “မက်ကင်း”သည် ဤသီချင်းကို ခွန်အားယူခဲ့ရသည် ဟု ၀န်ခံခဲ့သည်။ နာမည်ကျော် တိုင်တန်းနစ် သင်္ဘောကြီး ၁၉၁၂ခု ဧပြီလ ၁၄ရက် တနင်္ဂနွေနေ့က ကျောက်ဆောင်နှင့် တိုက်မိ နှစ်မြှပ်သွားစဉ် တယောအဖွဲ့က ဤသီချင်းကို နောက်ခံတီးမှုတ်ခဲ့ပါသည်။

           အင်္ဂလန်၏ သတ္တမဧဒွက်ဘုရင်၏ အနှစ်သက်ဆုံး ဓမ္မသီချင်းဖြစ်သည်။ အမေရိကန်သမ္မတ မင်းမက္ကင်သည် သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၍ သေအံ့မူးမူးတွင် ဤသီချင်းကိုနားထောင် ခွန်အားယူကာ နှစ်သိမ့်မှု ရခဲ့ပါသတဲ့။
             ပစိဖိတ်သမုဒ္ဒရာအလယ်က ကျွန်းကလေးပေါ်မှာ ကပ္ပလီအိုတစ်ယောက်.... သေခါနီးတွင် ညည်း၍ ခွန်အားယူခဲ့သော ဂန္တ၀င်ဇတ်လမ်း ၀တ္ထုရှိခဲ့ဖူးပါသည်။ ဒန်နယ်ဆင်စစ်ပွဲတွင် လက်တစ်ဖက် ပြတ်လျက် ဝေဒနာခံစားရသော စစ်သည်တစ်ဦးကလည်း သေခါနီးတွင် အံကိုကြိတ်လျက်.... “အစဉ်လျောက်ထားလိုပါ၊ ကိုယ်တော်နှင့်နီးစေပါ........ ကျွန်ုပ်ဘုရား” ဟု သီဆိုလျက် ဘ၀ကူးခဲ့ရလေသည်။


               မက်သဒစ်ဂိုဏ်းအုပ် ဆရာကြီး “မာတင်”ကမူ......... ဤသို့သက်သေခံလေသည်။
              အမေရိကန်ပြည်တွင်းစစ် ကာလတွင်  စစ်ဒဏ်ခံရသော တောရွာများ၌ စိတ်ပျက်စွာ ပုန်းရှောင်နေစဉ် တစ်နေ့သ၌ တဲပျက်တစ်လုံးစီသို့ ချည်းကပ်သွားမိလျှင်... တဲအတွင်းမှ ဆင်းရဲလျက်ရှိသော မုဆိုးမတစ်ယောက်က ဤသီချင်းကို သီဆိုနေသတဲ့ သူဝင်သွား၍ မိသဟာယဖွဲ့ကာ ခွန်အားယူလျက် သီဆိုပြီးနောက်တွင်.......
          ညှိုးငယ်သောစိတ်ပျောက်လျက် အသစ်တစ်ဖန်သော ခွန်အားဖြင့် ယုံကြည်ရွှင်လန်းစွာ ပြန်လာခဲ့ သည်ဟု ဆိုပါသည်။

                                                          ဆရာဆိုး










 

No comments:

Post a Comment