Thursday, January 10, 2019

ဆယ်ဖို့တစ်ဖို့၏နောက်ခံသမိုင်း (Backgound history of Tithe)

                  ဆယ်ဖို့တစ်ဖို့သည် ရှေးယခင်က စစ်တိုက်၍အောင်နိုင်သည့်အခါတွင် အောင်နိုင်သူ အကြီး အကဲနှင့် ကိုးကွယ်ရာ ဘုရားတို့ကို ပေးသော လက်ဆောင်ပဏ္ဏာပင် ဖြစ်သည်။ ဆယ်ပုံကို ပုံရခြင်းမှာ လက်ဆယ်ချောင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပြက္ခဒိန်ပေါ်လာသောအခါ ထိုခေတ်က အသုံးပြုသော ပြက္ခဒိန်အရ (၁၀)လတွင် တစ်လစာကို ပေးရခြင်း ဖြစ်သည်။ ရှေးယခင်က စစ်ရေး၊ စိုက်ပျိုးေ၇းနှင့် မွေးမြူရေးသည် အဓိကလူမှုရေး ဆိုင်ရာလုပ်ငန်း ဖြစ်သည်။ မိမိ၏ လုပ်ငန်းအပေါ် မူတည်ကာ အချိုးကျ ဆယ်ဖို့တစ်ဖို့ ပေးရသည်။ ဣသရေလတို့သည် အီဂျစ်ပြည်၌ ရှိနေစဉ်တွင် သူတို့၏ ထုံးစံများ လျော့ပါးသွားခဲ့သည်။ ခါနန်ပြည်ထဲသို့ မရောက်မီက လေ၀ိလူတို့သည် ဆယ်ဖို့တစ်ဖို့ကို မရရှိခဲ့ ကြပါ။ ဣသရေလတို့ ခါနန်ပြည်ထဲ ရောက်ရှိသောအခါမှသာ လေ၀ိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံစားရသည်။ ခါနန်ပြည် ရောက်သည့်အခါမှသာ ပူဇော်သက္ကာများကို စတင်ပူဇော်ခဲ့ကြပြီး၊ ပူဇော်ပွဲများလည်း စနစ်တကျဖြစ်လာသည်။ ဣသရေလတို့ ဘာဘီလုံနှင့် အာရှုရိတို့၏ လက်ထဲသို့ ရောက်ရှိသွားသောအခါ သူတို့၏ ထုံးစံများလည်း လျော့နည်းသွားသည်။ ထိုနောက် နေဟမိတို့လက်ထက် တိုင်းပြည်သို့ ပြန်လာချိန်တွင် လူအားလုံးတို့သည် ဆယ်ဖို့တစ်ဖို့ မပေးကြပါ။ 


                 ထိုကြောင့် လေ၀ိသားတို့သည် လယ်လုပ်နေကြရသည်။ ထိုနောက် နေဟမိသည် ဗိမ္မာန်တော် တည်ဆောက်ရန်နှင့် လေ၀ိသားများကိုပေးရန် တိုက်တွန်းခဲ့သည်။ (နေဟမိ ၁၂း၄၄၊ ၁၃း၁၀)။ ဆယ်ဖို့တစ်ဖို့သည် ဣသရေလတို့၏ ၀တ်ပြုကိုးကွယ်ခြင်းတွင် အဓိကဖြစ်လာသည်။ ဘုရားကို ပူဇော်ရာတွင် ဆယ်ဖို့တစ်ဖို့ကို ပူဇော်လာခဲ့ကြပြီး၊ ထိုအရာသည် ဘုရားနှင့်သာ သက်ဆိုင်သည်ဟု ပြောဆိုလာခဲ့ ကြသည်။ ဆယ်ဖို့တစ်ဖို့ မပေးသူသည် ဘုရားသခင်၏ဥစ္စာကို လုယူသူဟု ပြောဆိုခဲ့သည်။ (မာလခိ ၃း၈-၉)။ ဟေဇကိမင်းကြီးသည် ဗိမ္မာန်တော်တွင် ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာတို့ကို ခွဲခြားစီရင်ရန် တာဝန်များကို ခွဲခန့်စေသည်။ (၂ရာ ၁း၁၀-၁၁)


ပူဇော်သက္ကာ  (Offerings)

              ပူဇော်စရာများကို ဗိမ္မာန်တော်သို့ ယူဆောင်လာချိန်တွင် လေ၀ိသားတို့က သန့်ရှင်း စင်ကြယ်စေပြီး ယဇ်ာပရောဟိတ်သည် ဘုရားကို တိုက်ရိုက်ပူဇော်ပသရပါသည်။ ယဇ်ပရောဟိတ်သည် သွေးများကို လေ၀ိသားတို့အပေါ် ဖြန်းပက်ပေးရသည်။ ယဇ်ပူဇော်ခြင်းဆိုင်ရာ ၀တ်ပြုခြင်းတွင် ဆက်ကပ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ လက်ဆောင်ပဏ္ဏာပေးခြင်းနှင့် ဘုရားသခင် သန့်ရှင်းဖြူစင်စေခြင်း တို့ ပါဝင်ပါသည်။

ယဇ်ပူဇော်ခြင်းစနစ် (၅)မျိုး  (Five Scrificial system)

(၁)    မီးရှို့ရာယဇ်  (Burnt offering) အားလုံးကို ပူဇော်ရသည်။ တစ်ဖို့ပင်ဖယ်ထားခြင်း လုံးဝ လက်မခံပါ။ သားကောင်သည် အထီးသာ ဖြစ်ရမည်။ အနာအဆာမပါရပါ။ (၀တ်  ၁)

(၂)        အစားအစာပူဇော်ရာယဇ်  (Meal offering)  ဖယ်ထားသောအရာကို ပူဇော်ရသည်။ တဆေး မပါသော အစားအစာကို ပူ့ဇော်ရသည် ယဇ်ပရောဟိတ်သာ စားရသည်။ (၀တ် ၂)

(၃)        ငြိမ်းချမ်းရေးပူဇော်ရာယဇ်  ( Peace offering) ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကတိသစ္စာပေးခြင်း၊ ၀ိညာဉ်ကို ဆက်ကပ်ခြင်းတို့ ပါဝင်သည်။ ဖယ်ထားသောအရာကို ပူဇော်နိုင်သည်။ယဇ်ပရောဟိတ်နှင့် အခြားသောသူများ စားနိုင်သည်။ (၀တ် ၃)

(၄)  အပြစ်ဖြေရာယဇ် (Sin offering)  ဖယ်ထားသောအရာကို ပူဇော်နိုင်သည်။ ယဇ်ပရောဟိတ်သာ စားရပါသည်။ (၀တ် ၄)

(၅)   ရှက်ကြောက်စရာ၊ မှားယွင်းခြင်း ပူဇော်ရာယဇ် (Guilt offering) ဖယ်ထားသောအရာကို ပူဇော်နိုင်သည်။ ယဇ်ပရောဟိတ်သာ စားရသည်။ (၀တ် ၅-၆)


ဆယ်ဖို့တစ်ဖို့  (Tithe)

            မသဲ ၂၃း၂၃ - ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက် (mint, dill, cumin, spices) တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင် တရားသဖြင့် စီရင်ခြင်း (Justice)၊ သနားခြင်း (Mercy)၊ သစ္စာစောင့်ခြင်း (Trust) ကိုလည်း ပေးရမည်။
            လုကာ ၁၁း၄၂ - ပင်စိမ်းရွက်၊ လျူရွက်၊မြက်ပင်အမျိုးမျိုး (mint, rue, kinds of garden herbs) တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်။ တရားသဖြင့် စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းကိုလည်း ပေးရသည်။ (Pay)
            လုကာ ၁၈း၁၂ - ဥစ္စာရှိသမျှတို့ကို ဖယ်၍ ဆယ်ဖို့တစ်ဖို့ လှူကြသည်။ (give)
          ကမ္ဘာ ၁၄း၁၄-၂၀၊ ဟေရှာ ၇း၂၊၄၊၅၊၈-၉ - မေလခိဇေဒက်သည် အာဗြဟံ၏ လက်ရဥစ္စာရှိသမျှ ဆယ်ဖို့တစ်ဖို့ကို ခံယူရသည်။ (receive)
          မသဲ ၅း၁၇ - ကျမ်းစာပြည့်စုံစေခြင်းငှာ သခင်ယေရှုကြွလာသည်။
        တရား ၁၄း ၂၂-၂၇ - လယ်ယာတွင် တစ်နှစ်တစ်နှစ် သိမ်းရသော အသီးအနှံ ဆယ်ဖို့တစ်ဖို့ကို  အမှန်ခွဲထားရသည်။ စပါး၊ စပျစ်ရည်၊ ဆီ၊ သိုး၊ နွား အဦးဖွားသော သားငယ်စသည့် ဆယ်ဖို့တစ်ဖို့ကို ရှေ့တော်မှာ စားရမည်။ ရွေးကောက်တော်မူသော အရပ်ဝေးလွန်း၍ ခရီးရှည်သဖြင့် ဥစ္စာဆယ်ဖို့တစ်ဖို့ကို  ဆောင်၍ မသွားနိုင်လျှင်  ထိုဥစ္စာကိုရောင်း၍ စားချင်သောအရာများကို ၀ယ်ကာ အိမ်သူ၊အိမ်သားများနှင့် တကွ စားသောက်ရမည်။ 
            တတိယနှစ်တွင် သိမ်းသော ဆယ်ဖို့တစ်ဖို့သည် လေ၀ိနှင့် တပါးအမျိုးသားများ၊ မိဘမရှိသော သူငယ်များ၊ မုတ်ဆိုးမများ တို့ကို ကျွေးမွေးရမည်။


ဆယ်ဖို့တစ်ဖို့ပေးရမည့် အမျိုးအစား (၃)မျိုး  (Three types of tithe)

(၁)  ဗိမ္မာန်တော်ရှိ ယဇ်ပရောဟိတ်ကို ပေးရမည်။ (Give tithe to Jerusalem Temple)
(၂) လေ၀ိလူကို ပေးရမည်။ (give levitical tithe)
(၃) တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမများကို ပေးရမည်  (give charity tithe) 

                တော ၁၈း၂၀-၂၄၊၂၈ - ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေတွင် သင်တို့နှင့် ရော၍ပိုင်သော အဘို့ မရှိစေရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်မွေဥစ္စာ ဖြစ်၏။
           လေ၀ိသားတို့သည် ဣသရေလတို့နှင့် ရော၍ အမွေမခံရပါ။ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို လေ၀ိသားတို့အဖို့ ပေးပြီး၊ လေ၀ိသားတို့သည် ရရှိသော ဆယ်ဖို့တစ်ဖို့ ထဲမှ ဆယ်ဖို့တစ်ဖို့ကို ထာဝရဘုရားကို ပူဇော်ရမည်။ ထိုပူဇော်သက္ကုာကို ယဇ်ပရောဟိတ် အာရုန်ကိုအား လှူရမည်။

အသင်းတော်နှင့်ဆိုင်ရာ သွန်သင်ခြင်း

          ၁ကော ၉း၁၄ - ဓမ္မကိစ္စများ ဦးဆောင်သူ ဗိမ္မာန်တော်ကို အမှီပြု၍စားရသည်။ ဧ၀ံဂေလိ ဟောပြော သူသည်လည်း ဧ၀ံဂေလိတရားကို အမှီပြု၍ စားရသည်။ ၁ကော ၁၆း၁၊ ဂလာတိ ၂း၁၀ - ရှင်ပေါလုသည် ပဌမနေ့ရက်တွင် အသီးသီးကောင်းစားသည့်အတိုင်းတစ်ဘို့ကို ထုတ်ထားကြရမည်။ ထိုအလှူတော်ကို ယေရှုရှလင်ဗိမ္မာန်တော်သို့ ပို့ဆောင်သည်။
          ၂ကော ၉း၁၀ - စေတနာစိတ်နှင့် ပေးကမ်းရမည်။ အရာရာ၌ ကျေဇူးတော်ချီးမွမ်းရမည်။ ရောမ ၁၃း၆-၇ - မင်းတို့သည်လည်း ဘုရားသခင်၏ အမှုစောင့်ဖြစ်သောကြောင့် အသီးသီးခံထိုက်သည့် အတိုင်း ပေးကြရမည်။ ကြောက်ထိုက်သောသူကို ကြောက်ရမည်။ ရိုသေထိုက်သောသူကို ရိုသေ ရမည်။
              ၂ကော ၉း၆-၈ - စေတနာစိတ်နှင့် လှူသောအလှူကိုသာ ဘုရားသခင် နှစ်သက်တော်မူသည်။ ဆင်းရဲသားများကို စွန့်ကြဲရမည်။ ရောမ ၁၄း၁၂ - ငါတို့ရှိသမျှသည် ဘုရားသခင်၏ စစ်တော်မူခြင်းကို ခံရကြမည်။ 


          ကမ္ဘာ ၁၄း၂၀ - အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို ထိုမင်း (မေလခိဇေဒက်) အား ဆယ်ဖို့တစ်ဖို့ လှူလေသည်။ စစ်အောင်နိုင်လာသော စစ်သူကြီးသည် ယဇ်ပရောဟိတ်ကို ဆယ်ဖို့တစ်ဖို့ ပေးရသည့် အစဉ်အလာသည် ထိုခေတ်ကတည်းက စတင်ခဲ့သည်။ မေလခိဇေဒက်သည် ယေရုရှလင်မြိ့၏ မင်းကြီး ဖြစ်သည့်အပြင် ယဇ်ပရောဟိတ်လည်းဖြစ်သည်။
              တရား ၂၆း၁၂-၁၃ - သုံးနှစ်တွင်တစ်ကြိမ်၊ အစီးအပွား ရှိသမျှကို ဆယ်ဖို့တစ်ဖို့ ကောက်ယူ၍ လေ၀ိသား၊ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို သင့်နေရာ မြို့များ၌ ၀စွာ ကျွေးမွေး ပြီးမှ ဟူ၍ ဖော်ပြထားသည်။


                          Rev. Dr. အေးမင်း












No comments:

Post a Comment