Tuesday, October 11, 2016

ဘုရားနှင့်ဝေးကွာသကဲ့သို့ခံစားရခြင်း

မေး ။          ။ ဘုရားသခင်ရှိမှန်းကိုကျွန်တော်သိပါသည်။ သို့သော်ဘုရားသခင်သည်အလွန်ဝေးကွာနေ သကဲ့သို့ဖြစ်နေပါသည်။ အဘယ်ကဲ့သို့ပြုလုပ်ရမည်နည်။

ဖြေ ။            ။ ဘုရားသခင်နှင့်သင့်အားဆက်သွယ်ပေးမည့်အရာတစ်ခုမှာ “ယုံကြည်ခြင်း” ပင်ဖြစ်ပါ၏။ သမ္မာကျမ်းစာက “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသော သူအားအကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟုဆိုထားပါသည်။ ဘုရားသခင် ရှိကြောင်းကိုသင်သိသည်ဟုဆိုထားပါသည်။



               ဘုရားသခင်ရှိမှန်းယုံကြည်လျှင်သင်သည် ကိုယ်တော်အဖို့တာဝန်ရှိသည်ကို သိလာရမည်။ ထိုအခါ မိမိကိုယ်ကိုပြန်ကြည့်ပါ။ အပြစ်သားတစ်ဦးဖြစ်မှန်းရိပ်မိပါ။ အပြစ်ရှိမှန်းသိလျှင် ထိုအပြစ်ကို ခရစ်တော်သာလျှင် ဆေးကြောနိုင်မှန်းသတိရါ။ ယုံကြည်ခြင်းသည် အကျင့်နှင့်ဒွန်တွဲရပ်တည်ရမည်။ သင်၌ရရှိသောယုံကြည်ခြင်းကို ဖော်ပြရန်အတွက်တခုခု လုပ်ပါ။ ထိုအခါ ထိုယုံကြည်ခြင်းက သင့်အတွက် အကျိုးကျေးဇူးဖြစ်ပေါ်လာ ပါလိမ့်မည်။

                                                              ဦးဖေသွင်

No comments:

Post a Comment