Sunday, October 16, 2016

တနင်္ဂနွေနေ့ဘုရားကျောင်းတက်ဖို့လိုသလား

မေး ။            ။ တနင်္ဂနေ့တွင် ဘုရားကျောင်းတော်သို့သွားဖို့ လိုအပ်ပါသလား။ ကျမ်းစာဖတ်၊ ဆုတောင်း၍ နေရုံမက တစ်ခါတစ်ရံရေဒီယိုမှ အလွန်ကောင်းမွန်သော တရားဟောချက်များ သာယာ နာပျော်ဘွယ်ကောင်းလှသော ဓမ္မသီချင်းသံများကိုနားထောင်ပြီး ဘုရားကိုအာရုံပြုရင်လည်း မဖြစ်နိုင်ဘူးလား။ 

ဖြေ ။             ။ ဘုရားရှိခိုးကျောင်းတက်ရန်လိုပါသည်။
                    အသင်းတော်ဆိုသည်မှာ ခရစ်တော်ကတည်ဆောက်ပေးလိုက်သော လူ့အဖွဲ့အစည်း တစ်ရပ်ပင်ဖြစ်သည်။ လောကရှိအခြားအရာများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်၏ တစ်စိတ် တစ်ဒေသမျှသာဖြစ်သော်လည်း အသင်းတော်သည် ခရစ်တော်၏ သေခြင်းနှင်ရှင်ပြန်ထမြောက်ခြင်း တည်းဟူသော ကြီးစွာသော အမှုကြီးမှ ပေါက်ဖွားလာသော ကိစ္စရပ်ဖြစ်ပါသည်။
               အသင်းတော်ဆိုသည်မှာ မျက်မြင်ရသောအသင်းတော်၊ မျက်မြင်မဟုတ်သောအသင်းတော် ဟူ၍ ပါရှိသော်လည်း ခရစ်တော်၏ နောက်တော်လိုက်သိုးများ အနေဖြင့် မျက်မြင်ထင်ထင်ရှားရှား စုဝေးကြခြင်းသည် မျက်မြင်တွေ့ရသောအသင်းတော် ပင်ဖြစ်သည်။ ထိုသို့သော လူ့အဖွဲ့အစည်းများနှင့် ခရစ်ယာန်တို့ အမြဲဆက်သွယ်နေထိုင်ရပေမည်။ ရေဒီယိုမှာကြားရသော တရားဟောချက်များနှင့် ဓမ္မ တေးသံတို့သည် မည်မျှပင်ကောင်းမွန်ပါလေစေ ခရစ်ယာန်အချင်းချင် မိသဟာယဖွဲ့ပြီး အတူတကွ ၀တ်ပြုကြခြင်း၊ အတူတကွဆုတောင်းကြခြင်း၊ ကူညီရှိုင်းပင်းကြခြင်း အစရှိသည်တို့ကို ပြုနိုင်မည့် ဘုရားရှိခိုးကျောင်းတက်ခြင်းနှင့် အစားမထိုးပါနှင့်ခင်ဗျား

                                                       ဦးဖေသွင်









No comments:

Post a Comment