Tuesday, September 25, 2012

ဘ၀ကိုထုဆစ်ခြင်း

                                 ဘ၀ကိုထုဆစ်ခြင်း (အမရာ)

သူငယ်ချင်း
ဘ၀ဆိုတာ
တောက်ပဖို့ လိုလို့လား။

သက်သောင့်သက်သာရှိဖို့
လူ  အမြင်တင့်ဖို့
ငါတို့နှလုံးသားတွေ
အရောင်  ဘယ်နှစ်ခါ  ပြောင်းခဲ့ရ ပြီလဲ။

ကြယ်တစ်လုံးရဲ့  ဂုဏ်သတ္တိဆိုတာ
တောက်ပမှုလည်း  မဟုတ်ဘူး
ကြီးမားမှုလည်း   မဟုတ်ဘူး။

ကြယ်တစ်လုံးဖြစ်ဖို့အတွက်
လင်းနေဖို့ပဲ  လိုတယ်လေ။

လူပေါင်းစုံ  နေထိုင်တဲ့
ဒီကမ္ဘာကြီးထဲမှာ
ဘ၀က ဘ၀ပီသဖို့ပဲ
လိုအပ်ပါတယ်ကွာ။

(အလင်းအိမ်မဂ္ဂဇင်းမှကူးယူဖော်ပြသည်)

No comments:

Post a Comment