Tuesday, June 2, 2015

ခရစ်တော်သင်ကြားသော ဆုတောင်းချက်

            ကဲ.... ဘာသိချင်ကြသေးသနည်း။ သိချင်သူများလက်ထောင် ဟုပြောလျှင် ကလေးများ လက်ထောင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် အစစအရာရာ သိချင်ကြသူသည် မဟုတ်ပါလား။ ဆယ်ကျော်သက်တွေကလည်း မည့်သည့်အချိန်တွင် ကားမောင်းခွင့်ရမည်နည်း စသည်ဖြင့် သိချင်သည်များ ရှိသကဲ့သို့ အရွယ်ရောက်သောသူများနှင့် အသက်ကြီးသူများက စာစောင်များတွင် အဖြေရှာ ကြသည်။ ဥပမာ- ဝနေသည်ကို ပိန်အောင် မည်ကဲ့သို့လုပ်ရမည်ကို သိလိုကြသည်။
              ခရစ်တော်၏ နောက်လိုက်တပည့်တော်များ သိလိုစိတ်က သူတို့၏စိတ်တွင် ဆာလောင် ငတ်မွတ် နေသည့်အရာ တစ်ခုဖြစ်သည့် မည်ကဲ့သို့ဆုတောင်းရမည်နည်း ဟူသောအချက်ဖြစ် သည်။ သခင်ခရစ်တော်က ဆုတောင်းရန် တပည့်တော်များကို သင်ကြားသည့် ပဌာနာတော်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာနှင့်တူသော ဆုတောင်းချက်ဖြစ်သည်။
               ခရစ်တော်၏ ပဌနာတော်ဟု ထိုအချိန်မှစ၍ သိကြသည့်ဆုတောင်းချက်အား ယနေ့တိုင်အောင် သန်းပေါင်းများစွာသော ယုံကြည်သူများတို့သည် ဦးထိတ်ထားရွတ်ဆိုကြသည်။ လူတိုင်းအလွတ်ရကြသည်။ ထိုသို့ ဆုတောင်းချက်တိုတိုလေးကို ကလေးများပင်အလွတ် ဆိုနိုင်သည်။ ခရစ်တော်၏ ပဌနာသည် အလွန်ပင် နက်ရှိုင်းပါသည်။ ဤနက်ရှိုင်းမှုအတိုင်းအတာ မည်မျှရှိသည်ကို မည်သူမျှ မတိုင်းတာနိုင်ပါ။ ဆုတောင်းချက်များကို တစ်ချက်ချင်း ဆင်ခြင် နှလုံးသွင်းကြပါစို့။
           

Friday, May 29, 2015

သင်းအုပ်နေအိမ်နှင့်ဧည့်သည်တည်းခိုရာအဆောက်အဦးဆောက်လုပ်ခြင်း

          ကျိုက္ခမီသာသနာမြေသည် နှစ်ခြင်းခရစ်ယာန်တို့၏ သာသနာဘူမိနက်သန်မြေတစ်ခုဖြစ်ပါသည်။ ဆရာကြီးယုဒဿ     န်နှင့် မမအဲန်းတို့အခြေချသာသနာပြုခဲ့သောနေရာတစ်ခုဖြစ်သလို၊ မမအဲန်း ခေါင်းချခဲ့ သည့် နေရာလည်းဖြစ်ပါသညါ။
             ထိုကြောင့် နှစ်ခြင်းတို့၏ သမိုင်းဝင်သာသနာမြေတစ်ခု ဖြစ်သည့်အတိုင်း အရပ်ရပ်မှ ရှိသော ပြည်တွင်း၊ ပြည်ပ ဧည်သည့်များလာရောက်လည်ပတ် တည်းခိုကြသည့်နေရာလည်း ဖြစ်ပေသည်။ သမိုင်းဝင် နေရာတစ်ခုဖြစ်သည့်အတိုင်း အခြေခံလိုအပ်ချက်များရှိသည့်အတိုင်း ယခုအခါ သင်းအုပ်နေထိုင်ဖို့ရန်နှင့် ဧည့်သည်တော်များ လာရောက်တည်းခို နေထိုင်နိုင်ရန် နှစ်ထပ်အဆောက်အဦး တစ်ခုကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
                  အဆောက်အဦးကို ယခုအခါ ခေတ္တရပ်နားထားကာ ထပ်မံတည်ဆောက်ဖို့ရန်အတွက် လိုအပ်သော အလှူတော်ငွေများကို ရှာဖွေစုဆောင်းလျက်ရှိပါသည်။ ထပ်မံလိုအပ်သော အလှူတော်ငွေမှာ ကျပ်သိန်း (၂၀၀) ခန့်ရှိပါသည်။ ထိုကြောင့် ယုံကြည်သူညီအစ်ကိုမောင်နှမများ၏ ပါဝင်ပေးလှူ မှု၊ သတိရဆုတောင်းပေခြင်းများ အထူးပင်လိုအပ်နေပါသည်။ သာသနာ့အဆောက်အဦးတစ်ခု တည်ဆောက်ရန် အထူးပင်ခက်ခဲနေချိန်တွင် ကျေးဇူးတော်ခံစားရသောအချိန်၌ အမြန်ဆုံးပြီးမြောက်ရန် လိုအပ်လျက်ရှိရာ ကျိုက္ခမီတွင် သာသနာဆက်လက်ရှင်သန်ရပ်တည်ရေးနှင့် သမိုင်းဝင်နေရာသာယာ လှပရေး အတွက် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် နှိုးဆော်အပ်ပါသည်။


                                                                       (ကျိုက္ခမီအသင်းတော်)

စတင်ပန္နက်ရိုက်ခြင်း


အုပ်မြစ်စီခြင်း

ပထမအထပ်အတွက်တိုင်ပုံများလောင်းခြင်း

ဒုတိယအထပ်အထပ်အတွက်တိုင်ပုံထောင်ခြင်း

ဒုတိယအထပ်တိုင်ပုံလောင်းခြင်း
လက်ရှိအခြေအနေ

            လက်ရှိအခြေအနေတွင် ရပ်နားထားရပြီး၊ မိုးရာသီဝင်ရောက်လာမည်ဖြစ်သော်ကြောင့် အမိုးပြုလုပ်ရန် လိုအပ်နေပါသည်။ အမိုးအကာအကြမ်းအတွက် ကျပ်သိန်း (၁၀၀) လိုအပ်နေပါသဖြင့် ယုံကြည်သူ ဓမ္မမိတ်ဆွေများ၏ ပါဝင်ပံ့ပိုးမှုများ အထူးပင်လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။






ပေးလှူခြင်း

            ကျွန်ုပ်တို့ကိုးကွယ် ယုံကြည်သော ဘုရားသခင်သည် အလွန်ကြွယ်ဝချမ်းသာပြီး ရက်ရော စွာ ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်အား အလွန် ချစ်သောကြောင့် အကောင်းဆုံးပေးခဲ့ပါသည်။ (ယော ၃း၁၆)။ ပုဂ္ဂိုလ်တစ်ဦးက “ပေးကမ်းခြင်းတိုင်း တွင် မေတ္တာမရှိသော်လည်း ချစ်ခြင်းမေတ္တာရှိလျှင် အမြဲပေးကမ်းမည်” ဟု ဆိုခဲ့သည်။
              ပေးကမ်းခြင်းသည် ဘဝအောင်မြင် တိုးတက်ခြင်း၏ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါသည်။ ဘုရား သခင်ကို ဘယ်သောအခါမျှ သင်ပေး၍မနိုင်ပါ။ (You can never out give God ) (တ ၂၀း၃၅)။
              ဘုရားသခင်သည် ကျွန်ုပ်တို့အား အရာခပ်သိမ်းကို ပေးခဲ့ပါပြီ။ သင်သူ့ကို ဘာပြန်ပေးမည်နည်း။ (ဆာလံ ၁၁၆း၁၂)

၁။   ဆယ်ဖို့တစ်ဖို့  (Tithing) 
           ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်းသည် အလှူ လှူ ခြင်း မဟုတ်ပါ။ ဘုရားသခင်နှင့်ဆိုင်သော အရာကို ပြန်ပေးခြင်းသာ ဖြစ်သည်။ ဆယ်ဖို့ကိုးဖို့ထဲက ပေးလှူ မှသာလျှင် အလှူ လှူ ခြင်း ဖြစ်ပါသည်။ (ဆရာကြီးဘတူ- ပုသိမ်)

မာလခိကျမ်းကိုလေ့လာခြင်း
             ဤဓလေ့ထုံးစံကို မောရှေ၏ရှေ့အတော်ဝေးဝေးအချိန်ကပင် တွေ့ရှိနိုင်ပြီး ဗာဗုလုန်မှ ရောမ အချိန်အထိ ထိုဓလေ့ ရှိခဲ့ပါသည်။ အာဗြံဟံသည် မေလခိဇေဒက်ကို ဆယ်ဖို့တစ်ဖို့ ပေးခဲ့သည်။ )က ၁၄း၂၀၊ ဟေဗြဲ ၇း၂၊၆)။ ယာကုပ်သည် ဘုရားသခင်အား ဆယ်ဖို့တစ်ဖို့ပေးရန် ကတိပြု ခဲ့သည်။ (က ၂၈း၂၂) ။ မောရှေ၏ ပညတ်တရားသည် မြှေထွက်သော အသီးအနှံမှ ဆယ်ဖို့တစ်ဖို့ကို လေဝိအမျိုးသား များနှင့် ယဇ်ပရောဟိတ်များကို ပေးရန် တောင်းဆိုသည်။ (ဝတ် ၂၇း၃၀-၃၃၊ တောလည် ၁၈း၂၁-၃၂)။
               ဆယ်ဖို့တစ်ဖို့စနစ်ကို လက်တွေ့ကျကျ နည်းလမ်းမှန်ကန်စွာ ကျင့်သုံးခြင်းအားဖြင့် သင့်အသင်းတော်၊ သင့်အဖွဲ့အစည်း၏ ဘဏ္ဍာရေး တိုးတက်ကောင်းမွန်လာပေမည်။

ဘဝ၏ အရည်အသွေးများ

             လူ့ဘဝတွင် မည်သည့်အရာသည် အရေးကြီးဆုံးနည်းဟု တစ်ခါ အမေးခံရခဲ့ဖူးသည်။ စာဖတ်သူ များထဲမှ တစ်ချို့က အကြံအစည်ဟု အမျိုးမျိုးထင်ကြေးပေးကြမည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ စာအုပ် စာပေနှင့် ရုပ်ရှင် ဗွီဒီယို ပေါင်းမြောက်မြားစွာ ကို ကျွန်တော်သေချာစွာ ကြည့်ရှုလေ့လာ ကြည့် သည်။ ငွေကြေး ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အတော်လေးဆင်းရဲခံရပြီးမှ နောင်တရကာ နောက်ဆုံးတော့ ငြိမ်းချမ်းမှုဘက်သို့ ဦးတည်သွားပုံကို ဇတ်များက ညွှန်းကြသည်။ စိတ်ထောင်းရင်ကိုယ်ကြေ ဟူသောစကား သည် လွန်စွာမှန်ကြောင်း ကျွန်တော်တစ်ယောက်အနေဖြင့် လက်ခံပါသည်။
            ဘဝ၏အရည်အသွေးများတွင် စိတ်ပညာရှင်အများစုက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဤနှစ်ခုသည် ငွေထက်အရေးကြီးသည်ဟု တင်ပြကြသည်။ လူတစ်ဦးသည် ငွေကြောင့်ပျော်ရွှင်မှု ကိုရသည်မှာ အပြည့်အဝမမှန်ချေ။ ရသလောက်နှင့် ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းက စိတ်ပိုင်းဆိုင် ရာ နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပေးဆုံးဖြစ်သည်။ 


                 လူတစ်ဦးသည် စဉ်းစားတွေးခေါ်တတ်သူဟု ဆိုပါစို့။ ဥစ္စာများခြင်း၊ နည်းခြင်းသည် သူ့အတွက် အရေးမကြီးဘဲ စိတ်ချမ်းသာပြီး စိုးထိတ်မှုကင်းစွာနှင့် လောကကြီးထဲမှာ နေထိုင်သွားပါက သူသည် သေသွားသည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်း သာရှိချေမည်။ ဥပမာ- အကြွေးရှိသော လူတစ်ဦး၏ ခံစားချက်နှင့် အကြွေးမဲ့သော သူ၏ခံစားချက်တို့သည် မတူညီနိုင်ပေ။ စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် အရင်ကြိုးစားပြီးလျှင် ကျန်သော နောက်ဆက်တွဲတို့သည် မခက်ခဲလှကြောင်း စိတ်ပညာရှင်တို့က တင်ပြထားသည်။ 
                စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် အဓိကလိုအပ်သော အချက် (၄)ချက်ကို တင်ပြလိုပါသည်။

Wednesday, May 27, 2015

တမန်တော် (၁၂)ပါး

 
 (၁)   ပေတရု (မ ၁၀း၂၊ ယော ၁း၄၂)
             ယောန၏သားဖြစ်သည်။ အနြေ္ဒ၏ အစ်ကိုလည်းဖြစ်သည်။ တံငါသည်ဖြစ်၍ အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ ဂါလိလဲပြည်၊ ကပေရနောင်မြို့၌ နေထိုင်သည်။ ရှိမုန်ပေတရု (သို့) ကေဖ ဟု အမည်ရသည်။ ကေဖ၏ အ ဓိပ္ပာယ်မှာ ကျောက် ဖြစ်သည်။ တမန်တော်တို့၏ ခေါင်းဆောင်ဖြစ်သည်။ နာဇရက်မြို့သား ယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဦးဆုံး သိမြင်သူဖြစ်သည်။ အဂြိပ္ပမင်း ၏ မောင်းမလေးဦးနှင့် ဧကရာဇ်ဘုရာင် အယ်ဘိန မြတ်နိုးသော မိဖုရား ဇန်သစ်ပီသည် ပြောင်းလဲ၍ ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် ပေတရုကို သတ်ရန်ဆုံးဖြတ်ကြသည်။ ထိုကြောင့် ရောမမြို့မှ ထွက်ခွာ တိမ်ရှောင်ရန် လာစဉ် သခင်ယေရှု ရောမမြို့ထဲ ဝင်လာသည်ကို ရူပါရုံဖြစ်သောကြောင့် သူတိမ်ရှောင်သော ကားတိုင်ကို ထမ်းရွက်ရန် ပြန်လာခဲ့သည်။ သူ၏ ဇနီးအား သူ့ရှေ့တွင် ကွက်မျက်ခဲ့သည်။ မိမိ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ ရိုက်ခြင်းငှာ မထိုက်တန်သောကြောင့် ဇောက်ထိုးထား၍ ကွပ်မျက်ရန် တောင်းဆိုလေသည်။
 

ဘယ်သူဘုရား စစ်သလဲ

           မိုးမရွာဘဲနေတာ သုံးနှစ်ပြည့်သွားပြီ။ တစ်လကုန်သွားတယ်။ ကောင်းကင်က မိုးတစ်စက်မှ မကျ လာဘူး။  တစ်နေ့ ပြီးတစ်နေ့ အရှေ့က နေမင်းထွက်လာပြီး၊ ခြောက်သွေ့တဲ့ ရောင်ခြည်ကို ထွက်စေ တယ်။ နေ့စဉ်နှင့်အမျှ လူတွေက ကြေးဝါနဲ့တူတဲ့ မိုးကို မျှော်ကြည့်ပေမဲ့လို့ တိမ်ခိုးတိမ်ရိပ်ကိုတောင်မှ မမြင် ရကြပါဘူး။ မြစ်တွေသွေ့ခြောက်ကုန်တယ်။ လယ်မြေတွေ ပြောင်နေတယ်။ တိရစ္ဆာန်တွေစားဖို့ မြက်တစ် ရွက်ကိုတောင် မရဘူး။ စားစရာမရဘဲ ငတ်ပြတ်နေကြတယ်။ လူတွေမှာရှိတဲ့ ဆန်စပါး အနည်းငယ်လေး ဟာကုန်သွားကြပါပြီ။ အဆာငတ်လာကြတယ်။
             ရှင်ဘုရင်အာဟတ်က ပရောဖက်အဘိယကို ပြောတယ်။ နန်းတော်ကထွက်ပြီး ချောင်း၊မြောင်း ရှိရာ မြက်ပေါက်တဲ့နေရာကို သွားကြရင် တိရစ္ဆာန်တွေအားလုံးမသေဘဲ၊ အသက်ရှင်နေနိုင်ကြ လိမ့်မယ်။ တစ်တိုင်းပြည်လုံးကို နှံ့စပ်အောင် ဘုရင်မင်းနဲ့  အဘိယ လမ်းခွဲထွက်ကြတယ်။ အဲဒီအချိန်မှာ ဧလိယဟာ မုဆိုးမအိမ်မှာပဲ ရှိနေသေးတယ်။ ဘုရားသခင်က “အာဟတ်၊ မင်းသွားတော့ မြေကြီးပေါ်ကို မိုးရွာစေတော် မူလိမ့်မယ်” လို့ပြောပါတယ်။


             ဧလိယဟာ ဣသရေလတိုင်းပြည်ထဲသို့ ဝင်လာပြီး အဘိယရှိရာကို ရောက်သွားတယ်။ အဘိယ က အံ့သြမဆုံး ဖြစ်သွားတယ်။ အာဟတ်မင်းက တစ်တိုင်းတစ်နိုင်ငံလုံး လိုက်ရှာမတွေ့ဘဲနဲ့ အခုတွေ့နေ ရတယ်။ အဘိယက မြေထိအောင် ဦးချပြီး ဧလိယကို တွေ့မြင်တာ အဟုတ်ပဲလားလို့ မေးတယ်။ ဧလိယက ငါ ဧလိယဖြစ်တယ်။ ရှင်ဘုရင်ကို ပြောချေ။ ငါဒီမှာရှိတယ်လို့ ပြောချေ။
             အဘိယက ကျွန်တော်မျိုးမပြောဝံ့ပါ။ နေရာတိုင်းမှာ လိုက်ရှာနေပါတယ်။ တွေ့တဲ့လူကို ဧလိယ အိမ်မှာမရှိဘူးလို့ ကျိန်စာရွတ်ခိုင်းတယ်။ ကိုယ်တော်က ဧလိယဒီမှာရှိပါတယ်လို့ ပြောခိုင်းတဲ့ အတိုင်း ပြောနေတုန်း ဝိညာဉ်တော်က တခြားပို့ထားလို့ရှိရင် အာဟပ်မင်း မတွေ့ဘဲရှိမယ်။ ဒီတော့ ကျွန်တော်မျိုးကိုပဲ သတ်ပါလိမ့်မယ်။ ဧလိယက ငါကတိပြုပါတယ်။ ဣသရေလရဲ့ ဘုရားသခင် အသက်ရှင် တော်မူသည့်အတိုင်း ဒီနေ့ အာဟပ်မင်းနဲ့ငါ တွေ့မယ်လို့ပြောတယ်။ ဒီတော့ အဘိယက အာဟပ်မင်းထံသွားပြီး ဧလိယကို တွေ့ပါပြီလို့ ပြောတယ်။

လူသားနှင့်အလှအပ

               အလှအပကို သိရှိခံစားခြင်း ဟူသောစိတ်အာရုံခံစားမှုမှာ လူသားများတွင် သာမက တိရစ္ဆာန် များ၌ ပါရှိသည်ဟု ဆိုကြသည်။ အထူးသဖြင့် လူသားများမှာ လှပမှုကို ကြည်နူးသည်မှာ ယုံမှားဖွယရာ မရှိပေ။ လူသားတို့အနေနှင့် လှပစွာ တန်ဆာမင်မှုအား တပ်မက်ခြင်းအကြောင်းကို သမိုင်းခေတ် အဆက်ဆက်၌ တွေ့ရှိခဲ့ရသည်။ အသားအရောင်၊ လူမျိုး၊ ဒေသကိုလိုက်၍ အလှအပတတပ်မက်မှုမှာ တစ်ဦးနှစ်တစ်ဦး မတူညီနိုင်ပေ။ ခံစားချက်ခြင်းလည်း တစ်ထပ်တည်း မကျနိုင်ပေ။ ဤနေရာတွင် ဒါဝိဒ်၊ စကူကရပ်၊ လစ်ဗင်းစတုန်း၊ အော်ဂက်စတေး၊ ကွန့်စ်စိန့်ဆိုင်မွန် စသူတို့၏ ကမ္ဘာကျော်အဆိုအမိန့်များကို ကိုးကား၍ တင်ပြသွားပါမည်။


            ပထမဦးဆုံး ကမ္ဘာဦးလူသားတို့၏ အဆင်တန်ဆာတို့တွင် တိရစ္ဆာန်တို့၏ အရေများ၊ လက်သည်း များနှင့် သွားများမှာ အလွန်အရေးကြီးသော ပစ္စည်းများဖြစ်သည်။ ၎င်းပစ္စည်းများကို ရတနာတစ်ပါးအသွင် သူတို့အထင်ရှိ သည်။ ကြမ်းကြုတ်သော်လည်း အဆင်တန်ဆာ အသွင်အပြင်ရှိသည်။ ၎င်းအရာ တို့သည် ပင်လျှင် ရှေးခေတ်ဟောင်းလူသားတို့၏ ပထမဦးဆုံး လှပမှုအတွက် ကိုယ်စားပြုပစ္စည်းသက္ကာရ များ ဖြစ်တော့သည်။
              လူရိုင်းတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းအောင် အရုပ်ဆိုးလွန်းလှသော အဆင်တန်ဆာများ၊ ဂီတသံစဉ်များကို ထောက်ရှုလျှင်ပင် ၎င်းတို့ အလှအပအာရုံ ခံစားမှုမှာ တိရစ္ဆာန်များ(ကျေးငှက်များ) ထက်ပင်လျှင် နိမ့်ကျကြောင်း တွေ့ရမည်။ အလှအပအပေါ် ထားရှိသော အမှတ်သညာ၊ သဘောတရားတို့ မှာလည်း အသားအရောင်တူသော လူမျိုးများတွင် ပင်လျှင် ကွဲပြားခြားနားမှုများစွာ ရှိလေသည်။