ကျွန်မငယ်စဉ်ကမကြာခဏ ကြားဖူးသည်မှာ ကျွန်မတို့၏ အဘိုးသည် ဆယ်ဘို့တစ်ဘို့နှင့် အဦးသီးကို ဘုရားအတွက် ပေးလှူသည်တဲ့။ ကျွန်မ အလုပ်ဝင်သည့်အခါ ကျွန်မဖခင်က ပထမဦးဆုံးရသည့် လစာကို အသင်းတော်သို့ အားလုံးပေးလှူ စေပြီး၊ ထိုလအတွက် စားသောက်ရန် ငွေပို့ပေးခဲ့ပါသည်။ ဆယ်ဘို့တစ်ဘို့ကို အမြဲပေးလှူ ရန် နှိုးဆော်ခဲ့ပါသည်။
တစ်နေ့ အသင်းတော်တစ်ပါး၏ ၀တ်ပြု ကိုးကွယ်ခြင်း ကြေညာချိန်တွင် ဆယ်ဘို့တစ်ဘို့ အလှူငွေကို အသင်းတော်သို့ မပေးဘဲ ဆောက်လုပ်ရေး အဆောက်အဦ သို့ ပေးလှူ ကြရန် အသင်းတော် ကောင်စီက ဆုံးဖြတ်ကြောင်း ပြောကြားလေသည်။ ကျွန်မစိတ်ထဲမှာ မကျေလည်ပါ။ အသင်းတော် အဆောက်အဦအတွက်သည် ကျန်ဆယ်ဘို့ ကိုးဘို့ထဲမှ ပေးလှူ ရမည်ဟု နားလည်ထားသော ကြောင့် ဖြစ်သည်။
ကျွန်မသည်လည်း အဖသင်းအုပ်ဆရာနှင့် ဆွေးနွေးပြောဆို သောအခါ ဆယ်ဘို့တစ်ဘို့ပင် မပေးလှူ ကြဘဲ အဆောက်အဦအတွက် ငွေလို၍ ဤသို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ထိုပြင် ကျမ်းကိုးစာအုပ်၌ ပါသော ဆယ်ဘို့တစ်ဘို့နှင့် ပတ်သက်သော ကျမ်းချက်များကို ထောက်ပြကာ ဆယ်ဘို့ တစ်ဘို့အလှူကို မည်သို့လှူ ဒန်းသင့်သည်ကို ရှဖွေရာ အဘအိမ်တော်၊ လေ၀ိ၊ မိဘမဲ့နှင့် မုဆိုးမများ၊ သီချင်း သည်များအတွက် ပေးလှူ ရန် ဖော်ပြထားကြောင်း သိရလေသည်။ ထိုပြင် ဆယ်ဘို့တစ်ဘို့မက လှူ ဒန်းရန် ကျမ်းစာက ပြောနေသကဲ့သို့ ခံစားရပါသည်။






