“အိမ်သို့ဝင်လေသော်မယ်တော်မာရိနှင့်တကွ၊ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်၍
မိမိတို့၏ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လော်ဗန်နှင့်မုရန်ဟူသော နံ့သာမျိုးကိုလည်းကောင်း၊
ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏” မဿဲ (၂း၁၁)
ကျွန်ုပ်တို့သည် မိမိချစ်ခင်နှ စ်သက်၍ အကျွမ်းတ၀င်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို လက်ဆောင်ပေးလိုကြသည်။ လက်ဆောင်ပေးခြင်းသည် လူမှုအသိုင်းအ၀ိုင်းတွင် အရေးပါသော
ဆက်သွယ်မှုတစ်ခု တစ်ခုပင်ဖြစ်သည်။ ရှေးအခါက ရှင်ဘုရင်များတို့သည် လက်ဆောင်ပဏ္ဏာများ
အပြန်အလှန်ပေးခြင်းဖြင့် တိုင်းနိုင်ငံများ၏ ဆက်ဆံရေးကိုခိုင်ခံ့စေကြသည်။
ထာဝရဘုရားသခင်သည် အာဒံနှင့်ဧ၀တို့၏အပြစ်ကြောင့် ပြိုကွဲနေသောလူနှင့်ဘုရားကြား
ဆက်သွယ်မှုကို ပြန်လည်တည်ဆောက်ရန် အပြစ်သားများကိုကယ်တင်ရန် အတွက် မိမိ၏တစ်ပါးတည်း
သောသားတော် ယေရှုခရစ်ကို လက်ဆောင်အသွင်ပေးကာ ကမ္ဘာလောကကြီးထဲသို့ စေလွှတ်ခဲ့သည်။
(ယော ၃း၁၆)။ ဤအချက်သည် ဘုရားသခင်၏လူသားများအပေါ်တွင် ထားရှိသောမဟာမေတ္တာပင်
ဖြစ်သည်။ လောကအပြစ်သားများကိုကယ်တင်ရန် လူဇာတိခံကိုခံယူ၍ မွေးဖွားခဲ့သော သူငယ်တော်
ယေရှုခရစ်တော်အား ပညာရှိသုံးပါး (The three wisemen ) မှ မိမိတို့၌ရှိသော ရွှေ၊ လောဗန်၊ မုရန်
တည်းဟူသော နံ့သာမျိုးတို့ကို လက်ဆောင်အဖြစ်ပေးလှူခဲ့ကြပါသည်။
၁။ ရွှေ
ရွှေသည်လူသားတိုင်းအတွက် အလွန်တန်ဖိုးရှိသော ရတနာတစ်မျိုးပင်ဖြစ်သည်။ တန်ဖိုး
ကြီးသောရွှေကို ပညာရှိသုံးပါးအနက် “Melchior“ အမည်ရှိသော ပညာရှိကြီးက သူငယ်တော်ယေရှု
အားပေးလှူခဲ့ပါသည်။ “ William Barclay“ ၏ဖော်ပြချက်အရ ရွှေကိုပေးရခြင်း၏ပုံဆောင်ချက်မှာ
သခင်ယေရှုသည်လောက၏ ဘုရင်အဖြစ်မွေးဖွားလာခြင်း (The man born to be King) ဖြစ်သည်။
ထိုအရှင်သည် ကမ္ဘာပေါ်ရှိ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် (King of kings, Lord
of lords) ဖြစ်သည်။