Sunday, October 14, 2012

ဖြောင့်မတ်ခြင်း


ဖြောင့်မတ်ခြင်း
ကိုဒ(နမ္မတူ)

ရိုးသားမှုတွေနေတဲ့တောမှာ
ဝံပုလွေနက်တွေရှိတယ်
လျှို့ဝှက်ခြင်းဓားသွားဟာ
ငါ့နောက်ကျောကိုစိုက်ဝင်ခဲ့ပြီးတဲ့နောက်......။
ဘာတတ်နိုင်မှာလဲ

ကြိုးနဲ့ယဉ်ပါးမှုနည်းခဲ့တဲ့
ငါ့လည်ပင်းကိုက
ခိုင်မာလွန်းခဲ့တာပဲ....။
ဒီတစ်ခါ
ဆော့ခရိတ္တိထက်
တည်ငြိမ်ဖို့တော့
လိုလိမ့်မယ်။

No comments:

Post a Comment