Monday, September 12, 2016

ခေတ်လွန်ထာဝရဘုရားသခင် (The God of post-modernity)

             ၂၁ရာစုသို့ဆိုက်ရောက်ကာ ဤရာစုနှစ်၏ပထမဆယ်စုနှစ်ကိုကျော်လွန်လာခဲ့သော ခရစ်ယာန် ယုံကြည်သူများသည် မိမိတို့၏ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် ခေတ်ကာလကိုအထူးဂရုစိုက်ရန် လိုအပ်ပေသည်။ ၂၁ရာစုတွင် ကမ္ဘာနှစ်တ၀ှမ်း ခေတ်ပေါ်ကာလ(modernity) မှ ခေတ်လွန်ကာလ (post-modernity) သို့သိသာထင်ရှားစွာပြောင်းလဲလာခဲ့သည်။ ၎င်းပြောင်းလဲမှု၏ရလဒ်တစ်ခုအနေဖြင့် ကမ္ဘာ ပတ်ဆက်နွယ်မှုခေါ် ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) သည်အလွန်ပင် ခေတ်စားလာပါသည်။ တစ်ချိန်က အနည်းဆုံး ရက်ပေါင်း(၈၀)မှတစ်ပတ်ပတ်ရသော ကမ္ဘာသည် ယခုခေတ်တွင်ရက် အနည်းငယ်နှင့် ပတ်၍ရလာပါသည်။ အိုင်တီခေါ် ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာမှုကြောင့် မိနစ်ပိုင်းနှင့်ကမ္ဘာတ၀ှမ်းလုံးကို ဆက်သွယ်၍ရလာသည်။ အလွန်ကျယ်ပြန့်ကာ ဝေးကွာလှသည်ဟု ထင်ခဲ့ရသော ကမ္ဘာသည် ယခုအချိန်မှာသေးငယ်သော ကမ္ဘာရွာလေးတစ်ခုသာ ဖြစ်လာပါပြီ။ ရှေး ပဝေသဏီမှစ၍ ပထ၀ီဘာရပ်က ကမ္ဘာမြေကြီးသည် လုံးသည်ဟုသင်ပေးရာမှ ယခုအချိန်တွင် ကမ္ဘာမြေကြီးသည် မလုံးတော့ဘဲ ပြားလာပါသည်။ (The World is Flat- Thomas L. Friedman) ဟု ခံယူကြပါသည်။ ဆိုလိုသည်မှာ တစ်ချိန်က ကမ္ဘာသည် လုံးသောကြောင့် နှစ်ခြမ်းရှိကာ တစ်ခြမ်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် အခြားတစ်ခြမ်းတွင်ရှိသော ကမ္ဘာသူ၊ကမ္ဘာသားများ က မတွေ့နိုင်၊ မမြင်နိုင်ချေ။ 
             သို့ရာတွင် ယခုအချိန်မှာကမ္ဘာတ၀ှမ်းလုံး၌ ဖြစ်ပျက်နေသော အဖြစ်သနစ်အားလုံးတို့ကို အခြား ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့က မိမိတို့၏အိပ်ခန်းမှ ကောင်းမွန်စွာကြည့်ရှုနိုင်ကြ ပါတော့သည်။ ၂၁ ရာစုကို ပညာခေတ်(the age of knowledge) ဟုခေါ်ပါသည်။ ဤကဲ့သို့ပြောင်းလဲမှုသည် အရှိန်ကြီးမား စွာဖြစ်ပေါ်လာသောအချိန်မှာ ခရစ်ယာန်ယုံကြည်သူများကလည်း သူတို့၏နှစ်နှစ်ကာကာ သက်ဝင် ယုံကြည်သော ဘုရားသခင်အကြောင်း (the doctrine of God) ကို ပြန်လည်ဆန်းစစ်ကာ ဤခေတ်ကာလ တွင် ဖွင့်ဟလျှက်လှုပ်ရှားတော်မူသော ဘုရားသခင်ကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ခေတ်လွန်ကာလတွင် ဖွင့်ဟသောဘုရားသခင်ကို အကျဉ်းချုပ်၍ ဤဆောင်းပါးကို အောက်ပါ အတိုင်း ဖော်ပြလိုပါသည်။


၁။   ဖန်ဆင်းတော်မူသောဘုရားသခင် (God the Creator)

Thursday, September 8, 2016

ဘုရားကျောင်းသွားခြင်းသည်အပြစ်ရှိနိုင်ပါသလား

ကျမ်းချက် ။         ။  “ဗေသလမြို့သို့သွား၍ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသော ပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဘို့ တစ်ဖို့ကို၎င်း ဆောင်ခဲ့ကြလော့။ လုယူသောဥစ္စာထဲက ကျေးဇူးတော်ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလိုပြုသောပူဇော်သက္ကာများကိုလည်းကြားပြော၍ ကြော်ငြာစေကြလော့။ အိုဣသရေ  အမျိုးသားတို့ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (အာမုတ် ၄း၎-၅)

        ဘုရားကျောင်းမှန်မှန်တက်ရောက်သောသူတို့သည် သာမန်အားဖြင့် စစ်မှန်သောခရစ်ယာန် တစ်ဦး၏ လက္ခဏာဖြစ်သည်ဟု အများကသတ်မှတ်ကြသည်။ လူတစ်ယောက်၏ ယုံကြည်ခြင်း အတိုင်း အတာကို ဘုရားကျောင်းတက်ခြင်းအားဖြင့် ဆုံးဖြတ်နိုင်ပါသလော။ ဘုရားကျောင်းမှန်မှန်တက်ခြင်းသည် စစ်မှန်သောခရစ်ယာန် ဖြစ်ခြင်းနှင့်အမှုတော်မြတ်၌ အမှန်တကယ်ဆက်ကပ်အပ်နှံ လုပ်ဆောင်သော ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု သတ်မှတ်ခြင်း၌ မှားယွင်းသောအတွေးအခေါ် အားနည်းသော ယူဆချက် တစ်ခုဖြစ်နိုင်ပါသည်။
               လုကာ (၁၈း၁၀-၁၂) တွင်ခရစ်တော်က ထုံးတမ်းစဉ်လာအတိုင်း ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း များသည် အဓိပ္ပါယ်ကင်းမဲ့ပြီး အချည်းနှီးသာဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ ထိုနေရာတွင် ဖာရိရှဲတစ်ဦးနှင့် အခွန်ခံတစ်ဦးကို သာဓကအနေဖြင့် ဖော်ပြခဲ့ပါသည်။ ဖာရိရှဲံ၏၀တ်ပြုခြင်းသည် မိမိ၏ဖြောင့်မတ်ခြင်းကို အတည်ပြုရန် ဗိမ္မာန်တော်သို့သွားခြင်းဖြစ်ပြီး အခွန်ခံမှာမူ မိမိ၏အားနည်းချက်ကိုဖော်ပြပြီး ပြောင်းလဲ လိုသောဆန္ဒကို ဖော်ပြသော စစ်မှန်သောဝတ်ပြုခြင်းဖြစ်သည်ဟု သွန်သင်ပါသည်။
             ပရောဖက်အာမုတ်က သူ့ခေတ်၌ရှိသော လူများဗိမ္မာန်တော်သို့လာခြင်းသည် မိမိတို့အပြစ်ကို တိုးပွါးများပြားအောင် လုပ်ကြသည်ဟုပြောခဲ့ပါသည်။ သူတို့၏၀တ်ပြုခြင်း၊ သူတို့၏လုပ်ဆောင်ချက်များ၌ တစ်ခုခုမှားနေကြောင်း ပရောဖက်ကြီးက ထောက်ပြခဲ့ပါသည်။ ကျွန်ုပ်တို့လည်း ထိုသို့မဖြစ်နိုင်ပေဘူးလား။

Wednesday, September 7, 2016

အငယ်ဆုံးသောသူတစ်ယောက်အားမပြုကြသမျှတို့ကိုငါ့အားမပြုကြပြီ

                “အငယ်ဆုံးသောသူတစ်ယောက်အားမပြုကြသမျှတို့ကိုငါ့အားမပြုကြပြီ”
                 အထက်ပါစကားကို သခင်ခရစ်တော်က လူမှုဝန်းထမ်းခြင်းလုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ဆောင် နေသာ လူတစ်စုကိုနောက်ဆုံးမိန့်တော်မူသော စကားများမှကောက်နှုတ်ထားခြင်းဖြစ် ပါသည်။(မသဲ ၂၅း၄၅)။ ယခုခေတ်တွင် အငယ်ဆုံးသောသူတည်းဟူသော အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခဆင်းရဲခြင်း ပင်လယ်ထဲကျရောက်၍လွတ်မြောက်ရန် ရုန်းကန်နေရသော သူများ၏ကယ်တော်မူပါ ဟူသောအော်ဟစ်သံ ကိုနေ့စဉ်ကြားနေရပါသည်။ ထိုကဲ့သို့ဒုက္ခရောက်နေသော သူတို့၏ပုံရိပ်သည် ကမ္ဘာ့လူ့အဖွဲ့အစည်းထဲတွင် ပါတီတစ်ခုပမာထင်ရှားစွာ ဖြစ်ပေါ် တိုးတက်လာနေသည် ကိုလည်း သတင်းမီဒီယာထဲမှ မကြာခဏဖတ်ရှုရပါသည်။ သို့ဖြစ်၍ဒုက္ခဆင်းရဲထဲ ကျရောက်နေသူတို့အား ကူညီမစရန်အတွက် သမ္မာကျမ်းစာကအောက်ပါအတိုင်း ကျမ်းပြုထားသည်ကို တင်ပြလိုပါသည်။ အထက် ပါကဲ့သို့ အငယ်ဆုံးသောသူတစ်ယောက်အား မပြုကြသမျှတို့ကို ငါ့အားမပြုကြပြီးဟု မိန့်တော်မူခြင်းကို မခံရလေအောင် ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင်သင်တို့အဖို့ပြင်ဆင် ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့ ဟူသော ကောင်းချီးမင်္ဂလာပေးတော်မူခြင်း ကို ခံရလေအောင် မျှော်လင့်လျက် ရေးသားတင်ပြအပ်ပါသည်။

၁။   ဒုက္ခဆင်းရဲရောက်သူများကိုမထင်မဲ့မြင်မပြုရန်။
                   မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူတို့ကို သနားသော သူမူကား မင်္ဂလာရှိ၏။(သု ၁၄း၂၁)။ တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောက်ယှက်မညှင်းဆဲရ။ သင်တို့သည် အဲဂုတ္ထုပြည်၌ဧည့်သည်ဖြစ်ကြဖူးပြီ၊ မိဘမရှိသောသူငယ်နှင့်မုဆိုးမကို သင်တို့သည် မနှောက်ယှက်ရ။ နှောက်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည်ငါ့အားအနည်းငယ် အော်ဟစ်လျှင် ငါသည်ထိုအသံကိုအမှန်ကြား၍ ငါအမျက်ပြင်းစွာထွက်၍ သင်တို့ကိုထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍ သားသမီးများသည်လည်း မိဘမရှိသောသူငယ် ဖြစ်ကြ လိမ့်မည်။ ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်အတိုးစားသော သူကဲ့သို့ သူ၌မပြုရ။ အတိုးကိုမတောင်းရ။ အိမ်နီးချင်းသည်မိမိစောင်ကို သင်၌ပေါင်ထားလျှင် မိုးမချုပ်မီပြန်ပေး ရမည်။ အကြောင်းမူကား အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည်အဘယ်သို့ အိပ်နိုင်မည်နည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည်သနားသောသဘောရှိ၏။ (ထွက် ၂၂း၂၁-၂၇)


Tuesday, September 6, 2016

အစာရှောင်ဆုတောင်းခြင်း

                အစာရှောင်ခြင်းနှင့် ပတ်သက်၍လူအများသိသည်မှာ အ၀လွန်သဖြင့်  မိမိ၏ ကိုယ် အလေးချိန် ကိုလျော့နည်းစေရန်စားနေကျအစားအစာဖြင့်သောအဆီသို့မဟုတ်ထောပတ်စသည်တို့ကိုရှောင် ခြင်းဖြစ်သည်။ သို့သော်လည်းအစာရှောင်ခြင်းနှင့်ပတ်သက်ပြီးကျနော်တို့နားလည်သဘောပေါက်ရန်အလွန်အရေးကြီးပါသည်။
                ကျမ်းစာထဲတွင်အစာရှောင်ခြင်းအကြောင်းကို အလွန်အလေးထားပြောဆို လျက်ရှိပါသည်။ အစာရှောင်ခြင်းသည်ဝိညာဉ်ရေးရာ အတွက်ဖြစ်ရမည်ကို သင်ကြားထားပါသည်။ သခင့်တပည့်တော်များ အစာရှောင်ရန်သခင်ယေရှုအလိုတော်ရှိပါသည်။ တပည့်တော်များမှသခင်ယေရှုအားအဘယ်ကြောင့်အခြား ဘာသာဝင်များကဲ့သို့အစာမရှောင်သည်ကိုမေးမြန်းကြည့်ရာတွင် သခင်ယေရှုပြန်လည်ဖြေကြားချက်သည် အလွန်တိုတောင်းလှပြီးသူ၏ တပည့်တော်များနှင့် အတူရှိနေခြင်းကြောင့်ဖြစ်သည်။ သခင်ယေရှုက“ယဇ် ပူဇော်ခြင်း အကျင့်ထက်သနားခြင်းကရုဏာအကျင့်ကိုငါနှစ်သက်၏ဟူသော ကျမ်းစကားကိုနားလည်ခြင်းငှာ သင်တို့ သွား၍သင်ကြလော့ဖြောင့်မတ်သောသူတို့ကိုနောင်တရရန်ခေါ်ခြင်းငှာငါလာသည်မဟုတ်၊ဆိုးသော သူတို့ ကိုခေါ်ခြင်းငှာငါလာသတည်း”ဟုပြန်လည်ဖြေကြားခဲ့ပါသည်။(မသဲ ၉း၁၃)

Sunday, September 4, 2016

ရိုးသားခြင်းသည်လူ၏တန်ဖိုး

                “စိတ်နှလုံးနှိမ့်ချသော သူတို့သည်မင်္ဂလာရှိကြ၏။  အကြောင်းမူကားကောင်းကင်နိုင်ငံတော် သည် ထိုသူတို့၏နိုင်ငံဖြစ်၏”။ ခရစ်တော်သည်လည်း စိတ်နှလုံးနှိမ့်ချစွာဖြင့် တပည့်တော်တို့၏ခြေကို ကိုယ်တိုင် ဆေးကြောခဲ့ပါသည်။ ခရစ်တော် လူကိုစေစားရန်မဟုတ်လူ၏အစေခံရန်ကြွလာခြင်းဖြစ်ပါသည်။
               ဤတွင်ရိုးသားသောခေါင်းဆောင်များ အကြောင်းရေးသားရန် စိတ်ကူးပေါ်လာ ပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက်အနစ်နာခံဆောင်ရွက်ပြီးနောက်ဆုံးအချိန်တွင် မိမိ၏ကိုယ်ကျိုးအတွက်ငွေကြေး ပစ္စည်း ဥစ္စာတပြားတချပ်မှယူဆောင်သွားခြင်းမရှိသောပုဂ္ဂိုလ်များအကြောင်းကိုဖော်ပြလိုပါသည်။

ဦးပေါ်ဦး
                  အမတ်ကြီးဦးပေါ်ဦးဆိုလျှင်ရာဇ၀င်တွင်နာမည်ကြီးလှသည်။သူ၏ရာထူးမှာဘိုးတော်ဘုရား မင်းတရားလက်ထက်မှာ ကက်ဘိနက်မင်ဘာအဆင့်ရှိဝန်ကြီးတစ်ဦးဖြစ်သည်။ ဘိုးတော်ဘုရားအပါအ၀င် မင်းသုံးဆက်ခစားခဲ့တဲ့ သက်တော်ရှည်အမတ်ကြီးဖြစ်ပါသည်။
              မှတ်သားဖူးသည်မှာ........ သေခါနီးမှာကြားပုံကသူ့အလောင်းကိုခေါင်းထဲထည့်ပြီးခေါင်းရဲ့ဘေး မှာအပေါက်တစ်ပေါက်ဖောက်၊လက်တစ်ဖက်ကိုအပြင်မှာထုတ်ထားဖို့နဲ့ အသုဘအခမ်းအနားလာကြသူများ ကိုပြဖို့မှာခဲ့သည်။သဘောကတော့သေတဲ့အခါလက်ချည်းပဲ။ ဘာမှပါမသွားဘူးဆိုတာပြတာပါ။ဦးပေါ်ဦး တမလွန်ဘ၀ကိုဘာပစ္စည်းမှယူမသွားဘူး။ လက်ဗလာနဲ့သွားတယ်။ဥိးပေါ်ဦးဟာအကျင့်သီလစောင့်ထိန်း ပြီးခြစားမှုကင်းစင်တဲ့ အမတ်တဦးဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
                   ဗိုလ်ချုပ်ရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ အတ္တအကျိုးကင်းစင်မှု ကိုမြန်မာပြည်သူပြည်သားတွေ သိကြပါသည်။အထူးသဖြင့် ဗိုလ်ချုပ်ပြတိုက်ကိုရောက်ဖူးသူများတွေ့ရှိရတာက သူကလေးတွေကစားဖို့ အဖိုးတန်ပစ္စည်းတွေမတွေ့ရပါ။ အ၀တ်အစားဆိုလည်းအကောင်းဆုံးဆိုစစ်ဝတ်စုံကြီးနှစ်စုံသာတွေ့ ရမှာဖြစ်ပါတယ်။အစားအသောက်ဆိုလည်းဗလာ စာရွက်တစ်ရွက်ပေါ်မှာရေးထားတဲ့ “ကြည်ပဲပြုတ်နဲ့နံပြား ရရင်စားချင်တယ်” ဆိုတဲ့ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာရွက်ကလေးတစ်ရွက်တွေ့ရမှာဖြစ်ပါတယ်။ သူနဲ့ လက်တွဲ့ခဲ့တဲ့ရဲဘော်တစ်ဦးပြောဖူးတာက “မင်းတို့ဝန်ကြီးချုပ် ထမင်းဝိုင်းကိုစားဖူးသည်ရှိအောင်ဝင်စား သွားပါ” လို့ပြောတဲ့အတွက်သူက ထမင်းဝိုင်းကိုဝင်တဲ့အခါ ကြက်သားဟင်းတစ်ခွက်နဲ့ ဗူးရွက်ဟင်းချို တစ်ခွက်သာပါတဲ့ ထမင်းဝိုင်းဖြစ်ကြောင်းပြောပြခဲ့ဖူးပါသည်။ တိုင်းပြည်ဘဏ္ဍာကိုအလွဲသုံးစား မလုပ်ပဲ ရိုးသားနှိမ့်ချတဲ့ ဗိုလ်ချုပ်ပါ။


Friday, September 2, 2016

ကျေးဇူးတင်ရှိခြင်း

         ကျေးဇူးတော်ကြောင့်စင်္ကာပူသို့ဆယ်ရက်တာသွားရောက်လည်ပတ်ခွင့်ရခဲ့ပါတယ်။ စင်္ကာပူ သို့ရောက်ရှိစဉ် တည်းခိုခွင့်ပေးသောအိမ်ရှင် ဆရာဦးအောင်နိုင်နှင့်မိသားစု ကိုလည်းကောင်း၊ လိုက်လံပို့ဆောင်ပေးပြီး ဧည့်ခံကျွေးမွေးခဲ့ကြသောဆရာဦးတင်ဝင်းမှန်၊ မယမင်းစိမ်းနှင့်မယမင်းဖြူ၊ ဆရာတော်ဦးမျိုးသူ၊ မယာခေလ၊ ဆရာစောသောဝါးတို့အားအထူးပဲကျေးဇူးတင်ပါတယ်။
           ထိုအပြင်ဝတ်ပြုခြင်းတွင်ကျိုက္ခမီအကြောင်းဝေမျှခွင့်ပေးသောစင်္ကာပူယုဒသန်အသင်းတော်မှ အဖသင်းအုပ်ဆရာနှင့်အသင်းသူအသင်းသားများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးကို ဘုရားရှင်သာ၍ကောင်းချီးပေးပါစေ။ 
              ခရီးစဉ်ဖြစ်မြောက်ရေးအတွက်စီမံဆောင်ရွက်ပေးသောဆရာဦးမန်ဇာမင်းအား လည်းအထူး ကျေးဇူးတင်ရှိပါသည်။









Tuesday, August 18, 2015

ဘုရားသခင်အတွက်စွန့်စားသော ဒေးဗစ်လစ်ဗင်းစတုံး

              “ ဗွာနာ၊ဗွာနာ” ဟု အသံထွက်လုမတတ် အော်ပြေးလာသောအာဖရိကန်လူငယ်လေးသည် လစ်ဗင်းစတုံး၏ ခြေရင်း၌ လဲကျသွားတော့၏။ သနားကြင်နာတတ်သောဆရာကြီးက ငိုနေသောကလေးငယ်အား အကျိုးအကြောင်း မေးမြန်း၏။ လူငယ်လေးက ကြောက်စရာကောင်းသော အရာကို မြင်၍အသက်ပြင်းပြင်ရှုလျက် သစ်ရွက်လှုပ်ရှားသွားသည်အထိ ပြင်းထန်လှသော စိတ်ဆိုးအမျက် ထွက်နေသည့် ခြင်္သေ့ဟောက်သံကို ကြားရသောအခါ တုန်လှုပ်လျက် နေသည်။ 
               သေမင်းတမန်နှင့် တူသောညိုဝါရောင်ရှိသော ခြင်္သေ့သည် ခြုံ ပုတ်မှထွက်လာသည်။ ကြောက်ရွံခြင်းမရှိသော ဘုရားသခင်၏ အမှုတော်ဆောင်ကြီး၏ ပုခုံးကို ကိုက်ခဲ မြေသို့လှဲပစ်လိုက်သည်။ တိုင်းရင်းသားများက ခြင်္သေ့ကိုမောင်းနှင့်ပစ်လိုက်ပြီးနောက် ဆရာလစ်ဗင်း စတုံးသည် အလွန်ပြင်းသောဒဏ်ရာကို ရ၍ ၎င်း၏လက်တစ်ဖက်ကို အသုံးမပြုနိုင်ဘဲ ဖြစ်သွား သည်သာမက ဒဏ်ရာမှထွက်လာသောအရိုးသည်လည်း ၎င်းကုပ်အကျီအောက်တွင် ဖုထွက်နေသည်။ အာဖရိသို့ရောက်သွားသောပထမနှစ်များ၌ တွေ့ရသော အနှောက်အယှက်များသည် ဆရာကြီးကို တားဆီး၍ မရချေ။