ကျွန်တော်.....“မဟုတ်ပါ”
ကျွန်တော်......“မသိပါ” ...ဟု
ကြက်မတွန်မီမှာ
သုံးကြိမ် သုံးခါ ငြင်းခဲ့သူ....။
မြင်လျက်
ကြားလျက်
ရှိသောအရာအတွက်
မပြောဘဲ မနေနိုင်ပါလို့
ဆိုလာသူ .....။
ပေတရု၏ပြောင်းလဲခြင်း
“ကြောက်ရွံခြင်း” မှ
“ရဲရင့်ခြင်း” ဖြစ်စေသူ ....သခင်ယေရှု
ထို သခင်၏ထမြောက်မှု
လောကကြီးကိုထုဆစ်
အသက်တာသစ်နှင့် ရှင်သန်ခြင်းကိုဖြစ်စေ ....။
မင်းမာန်ဟုန် (ကျောင်းကုန်း)
No comments:
Post a Comment