Saturday, January 5, 2013

ငါကိုခေါ်ပါ

စိမ်းလန်းတဲ့ဇန်န၀ါရီလ
အပြစ်မဲ့စွာကနေ၏
စိန်ရောင်မိုးစက်များ
နှင်းရောင်မိုးစပယ်ပွင့်များ
အားလုံးလက်ခုပ်တီးနေကြ
ဇန်န၀ါရီလဟာလှတယ်
အချိန်ရဲ့ပျံသန်းမှုကို
မတုပနိုင်တဲ့ငါ့မှာ
ကမ္ဘာမြေပေါ်တစ်နေရာ
ကျုံပျော်မြို့ကတောရွာကလေးမှာ
ငါ .....
ကဗျာတွေထုဆစ်နေခဲ့ပေါ့ ....
အို .....
နှစ်သစ်ရဲ့ဇန်န၀ါရီလရေ
အသစ်များနဲ့ငါကိုပွေ့ဖက်
ချစ်ခြင်းမေတ္တာမြို့တော်သို့
ငါ့ကိုလက်တွဲခေါ်ပါ
ငါ့ကိုခေါ်သွားပါ
ဒုက္ခများမြောင်
အဟောင်းကမ္ဘာ
လူတို့ဘောင်မှာ
ငါကြာရင်ရှုံးရချည်ရဲ့ ......။        ။

ဆန်တိဖာ (ကွင်းဘော)








No comments:

Post a Comment