နှစ်ခြင်းသာသနာ နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ကျိုက္ခမီမှာ အဲန်းဂျဒ်ဆင်
(မမယုဒဿန်) အောက်မေ့ဘွယ်ဗိမ္မာန်တော်ကို စတင်ပြီးဆောက်လုပ်နေပါပြီ။ ကျပ်သိန်း (၂၅၀)ခန့် ကုန်
ကျမည်ဟု ခန့်မှန်းထားပြီး ဆောက်လုပ်လျှက် အလှူငွေရှာဖွေဆဲဖြစ်ပါတယ်။ အားလုံး တတ်အားသ
ရွေ့ပါဝင်ခြင်းအားဖြင့် ဤအမှုကိုပြီးစီးစေခြင်းငှာ တည်ဆောက်ကြရအောင်။
ယခု ဆောက်လုပ်လျှက်ရှိနေတဲ့ ပုံတွေကိုဖော်ပြလိုက်ရပါတယ်။
Friday, March 8, 2013
Tuesday, February 26, 2013
ကရင်အမျိုးသားများအဖို့တမန်တော် (ဆရာဘို့ဒ်မန်)
ထူးဝေကျော်
ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေရသော်အခွင့်ကို
ကိုယ်တော်သည် ယခုတွင် ပေးတော်မူ၏။ ဟုရင်လှိုက်သည်းပါ စကားဆို၍ ခေါ်တော်မူခြင်းကို ၀မ်း
မြောက်ဝမ်းသာဆီးကြို ခဲ့သောသူသည် လောကတွင် ရှိခဲ့ပါသည်။
ထိုသူသည် ယုံကြည်ခြင်းကိုမျှား အသွင်ဖြစ်စေပြီး၊ သမ္မာတရား၏လေးညှို့မှာ
တပ်ဆင်ကာ ဘုရားသခင်၏စီမံ ပစ်ခတ်ရာကို ဦးလှည့်မသုန်စိုင်းနှင်ခဲ့ပါသည်။ ဘုရားသခင်အတွက်
လူအများအတွက်ဆိုရင် ရွက်ကျပင်ပေါက်ပမာ ရေမြေမရွေးနေရာဒေသမရွေး ရောက်ရာ၊ ထားရာမှာ
ကျေနပ်ပျော်နေတတ်သလို ရွှေငွေဥစ္စာပကာသန တစ်စိုးတစ်စေ့မျှ လိုလားဟန်လည်းမရှိပါ။
ထိုသူသည် သူတတ်သိသမျှသော ဓမ္မပညာအလင်းဖြင့် လောကအမှောင်ကို ပယ်ခွင်း
ကာလူများအား အလင်းသို့ဆောင်ယှူရန် သာလောဘဇောသန်နေ၏။
ထိုသူ၏အမည်မှာ “ဂျော့ဒါနာဘို့ဒ်မန်” ဖြစ်ပါသည်။ ၁၈၀၁ခု၊ဖေဖော်ဝါရီလ ၈ ရက်တွင်
အမေရိကန်ပြည်၊ မိန်းနယ်မှာမွေးဖွားပြီး ဖခင်မှာ သင်းအုပ်ဆရာဖြစ်ပါသည်။ ဖခင်ခြေရာကိုနင်းရုံမဟုတ်
ဖခင်ထက်ခြေလှမ်းသာအောင် လှမ်းလျှောက်နိုင်သောသားဖြစ်သည်။ ၁၈၂၂ခုနှစ်တွင် တက္ကသိုလ်ဘွဲ့
ကိုရရှိပြီး သူသင်အံတတ်ခဲ့သော ကောလိပ်ကျောင်းတွင် ကျောင်းဆရာအဖြစ်ပြန်လည်ခန့်ထားခြင်းကို
လက်ခံကာနေထိုင်စဉ်၊ သတင်းစာတစ်စောင်၌ ၁၈၂၂ခုနှစ်၊ ဇွန်လလေးရက်နေ့တွင် အန္ဒိယပြည်
စစ်တကောင်းနယ်၊ ကော့ဘဇားအရပ်တွင်သာသနာပြုဆရာ ကိုးလ်မန် ခေါ်တော်မူခြင်းခံရကြောင်း
ဖတ်ရသောအခါ ဘို့ဒ်မန်၏စိတ်နှလုံး၌ ဆရာကိုးလ်မန် အမှုတော်ဆောင်သောမြန်မာနိုင်ငံ၊ ရခိုင်ပြည်
နယ်တွင် အမှုတော်ဆောင်နေရာ လစ်လပ်သွားပြီဟုတွေးမိသလို၊ သူ၏နေရာကိုဘယ်သူသွားမည်နည်း
ဟု မေးမိသည်။ သူ၏အမေးကို သူပင်ပြန်ဖြေသည်။
“ ငါသွားမည်”

Sunday, February 24, 2013
အားလုံးပါဝင်ပေးကြပါ
အဲန်းဂျဒ်ဆင်အောက်မေ့ဘွယ်ရာဗိမ္မာန်တော်
ဆောက်လုပ်ခြင်း (ကျိုက္ခမီ)
ကျွန်တော်တို့မြန်မာနိုင်ငံအတွက် သာသနာအလင်းကိုသယ်ဆောင်လာပေးသူဆရာကြီးယု
ဒဿန်နဲ့မမအဲန်း(မမယုဒဿန်)ကို အောက်မေ့သတိရဖို့ အနှစ်(၂၀၀) ဆိုသည့်အချိန်ကာလရောက်ရှိ
လာပြီဖြစ်ပါသည်။ ဆရာကြီးနှင့်မမအဲန်းတို့ သာသနာပြုရာ ကျိုက္ခမီမြေ၊မမအဲန်း(မမယုဒဿန်) ခေါင်းချ
ခဲ့တဲ့ ကျိုက္ခမီ သာသနာမြေတွင် အောက်မေ့ဘွယ်ရာ ဗိမ္မာန်တော်တစ်ဆောင်ကို ယခုကျွန်တော်တို့
စတင်ဆောက်လုပ်နေပြီဖြစ်ပါသည်။ ကျပ်သိန်း(၂၀၀)ကုန်ကျမည်ဟုခန့်မှန်းထားပါသည်။ သို့ရာတွင်
ယခုကျပ်သိန်း(၁၀၀)သာ ရှိပါသည်။ သို့ဖြစ်၍ ပါဝင်လှူဒန်းမှုများလိုအပ်နေပါသည်။ ဘုရားသခင်၏
သတင်းကောင်းနှင့် ကယ်တင်ခြင်းဆုကျေးဇူးကိုရရှိရန် မိမိတို့၏အသက်၊ သွေး၊ ချွေး ပါမကျန် ပေးဆပ်
ခဲ့တဲ့ မမယုဒဿန်တို့ရဲ့ ပေးဆပ်မှုကိုကျွန်တော်တို့ ဘယ်လိုမှပေးဆပ်လို့မမှီပါဘူး။ သို့သော် မိမိ
တတ်နိုင်သည့်အတိုင်း သန့်ရှင်းသူတို့အား ဂုဏ်ပြုခြင်းသည် မင်္ဂလာရှိကြောင်း သမ္မာကျမ်းစာကလည်း
ဖော်ပြပေးခဲ့ပါတယ်။ အနှစ်(၁၀၀)မှ တစ်ကြိမ် ကြုံဆုံရမည့်အခွင့်အရေးဖြစ်တဲ့အတွက် ယုံကြည်သူ
ညီအစ်ကိုမောင်နှမများအားလုံးကို ပါဝင်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော်တို့ မမယုဒဿန် ကွယ်လွန်ခဲ့သည် အောက်တိုဘာ (၂၂) အမှီ အနုမောဒနာပြုနိုင်
ဖို့ရည်ရွယ်ထားပါတယ်။ အားလုံးပါဝင်မှာပြီးမြောက်မှာဖြစ်တဲ့အတွက် ခရစ်တော်၏နာမတော်၌ ဖိတ်ခေါ်
လိုက်ရပါတယ်။
ဆက်သွယ်လှူဒန်းလိုပါက
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချူပ်
၁၄၃၊မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့
phone; 01211278
သို့လည်းကောင်း
ကျိုက္ခမီနှစ်ခြင်းအသင်းတော်
မြို့မဈေးရပ်ကွက်၊ကျိုက္ခမီမြို့
phone; 09425269848
သို့လည်းကောင်း ဆက်သွယ်လှူဒန်းနိုင်ပါသည်။
Sunday, February 17, 2013
ထူးဆန်းသောလက်စွပ်
တစ်ခါသော်အမျိုးသမီးတစ်ဦးသည်ပညာရှိ သုခမိန်တစ်ပါးထံချဉ်းကပ်၍ မေးခွန်းတစ်ခု
ကိုမေးလေသည်။ သူမ၏မေးခွန်းမှာ “ဘယ်ဘာသာတရားက အစစ်အမှန်အဖြစ်ဆုံးလဲ” ဟူ၏။ သုခမိန်
ကြီးကလည်း မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်၍ “တစ်ခါတုန်းက ထူးဆန်းတဲ့လက်စွပ်တစ်
ကွင်းကိုပိုင်ဆိုင်ထားတဲ့ သူဌေးတစ်ဦးရှိတယ်။ အဲဒီလက်စွပ်ကိုစွပ်လိုက်တိုင်း ကောင်းချီးမင်္ဂလာတွေ၊
ချစ်ခြင်းမေတ္တာတွေ၊ ပေးကမ်းလှူဒန်းခြင်းတွေဟာ စွပ်လိုက်တဲ့သူအပေါ်မှာ ဖြစ်ပေါ်စေတယ်တဲ့။ အဲဒီ
သူဌေးကြီးသေခါနီးရောဂါနဲ့ အိပ်ယာထဲလဲနေတဲ့အခါမှာ သားသုံးယောက်စလုံးက တိုးတိုးတိတ်တိတ်
(တစ်ယောက်တောင်းတာကို တစ်ယောက်မသိအောင်) အဲဒီလက်စွပ်ကို တောင်းကြတယ်တဲ့။ သူဌေး
ကြီးကလည်း သားသုံးယောက်စလုံးကို ပေးဖို့ကတိပေးလိုက်တယ်။
ပြီးတဲ့အခါ သူတို့တိုင်း ပြည်မှာရှိတဲ့နာမည်ကြီး ကျွမ်းကျင်တဲ့ပန်းထိမ်ဆရာကိုခေါ်ပြီး
အဲဒီလက်စွပ်နဲ့ချွတ်စွပ်တူတဲ့ လက်စွပ်နှစ်ကွင်းကို သူဌေးကြီးက လုပ်ခိုင်းတယ်။ ပန်းထိမ်ဆရာလုပ်
ပြီးသွားတဲ့အခါ သူဌေးကြီးက သားသုံးယောက်ကိုတစ်ယောက်တစ်ကွင်းစီပေးလိုက်တယ်။ ဒါပေမယ့်
ဆင်တူလုပ်ထားတဲ့နှစ်ကွင်းအကြောင်းကို မပြောဘူးကွဲ့”
“သားသုံးယောက်စလုံးက လက်စွပ်တစ်ကွင်းစီရလို့ အံ့သြကြတယ်။ ဘယ်သူ့ဆီက
လက်စွပ်ဟာ အစစ်အမှန်ဖြစ်မလဲဆိုတာသိရအောင် ကျွမ်းကျင်သူတွေကိုမေးကြတယ်။ ကျွမ်းကျင်သူ
ကလည်း အားလုံးဟာအတူတူပဲ။ မင်းတို့ရဲ့အသက်တာမှာ ပေါ်လာမယ့်သက်သေတွေကိုကြည့်ပြီးမှ
ဘယ်လက်စွပ်ဟာ ထူးဆန်းတဲ့လက်စွပ်ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ရမယ်လို့ ကျွမ်းကျင်သူကပြောလိုက်
တယ်။”

အာဗြံဟံ၏ဧည့်ဝတ်ကျေပွန်ခြင်း
(Abramham's hospitality)
အာဗြံဟံနှင့်စာရာတဲကလေးသည် ဧည့်သည်အာဂန္တုများအတွက် အမြဲဖွင့်ထားသော
နေရာလေးတစ်ခုဖြစ်သည်။ ဧည့်သည်များအားဧည့်ဝတ်ပြုရခြင်းသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ
နှင့်ဆုကျေးဇူးတစ်ခုဖြစ်သည်ဟု ဇနီးမောင်နှံနှစ်ဦးစလုံးက သိရှိလက်ခံထားကြသည်။
တစ်နေ့သော်အဘိုးအိုကြီးတစ်ဦးအား အိမ်သို့ခေါ်လာသည်။ ညစာအတူစားသောက်
ကာကောင်းမွန်စွာ ဧည့်ဝတ်ပြုလေ၏။ ဧည့်သည်အဘိုးအိုက သူ့အားထိုသို့ဧည့်ဝတ်ပြုသည့်အတွက်
အလွန်ကျေးဇူးတင်ကာ ကျေးဇူးတင်စကားဆို၏။ အာဗြံဟံကလည်း သူ့အားကျေးဇူးတင်ဖို့မလိုအပ်
ကြောင်း နှင့်သူကိုယ်တိုင်ပင်သူ့အား ဧည့်သည်အာဂန္တုများအားဧည့်ဝတ်ပြုနိုင်ရန် ကောင်းချီးပေးထား
သော ဖန်ဆင်းရှင်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောပြလေသည်။
ထိုအခါအဘိုးအိုကလည်း “ကျွန်ုပ်လည်း ကျွန်ုပ်ရဲ့ ဘုရားကိုကျေးဇူးတင်ပါတယ်” ဟု
ဆိုကာ သူ့အိပ်ထဲကသစ်သားရုပ်ထုလေးတစ်ခုကို ကြမ်းပြင်ပေါ်သို့ချထားလိုက်သည်။ ပြီးလျှင်ဆက်
၍ “ဤဘုရားဟာ ကျွန်ုပ်ကိုယနေ့တိုင်အောင် စောင့်ရှောက်ပြီးကျွေးမွေး၊ ကူညီမစနေတဲ့ဘုရား ဖြစ်
တယ်” ဟု အာဗြံဟံအားပြောပြလေသည်။
ဖန်ဆင်းခြင်း၏သရဖူ
(The Crown of Creation)
ဘုရားသခင်သည်ဖန်ဆင်းခြင်းလုပ်ငန်းများကိုလုပ်ဆောင်၍ ပြီးစီးခါနီးတွင် စွမ်းအားရှိ
၍ဥာဏ်ပညာရှိသော လူသတ္တ၀ါကိုဖန်ဆင်းရန် စီစဉ်လေတော့သည်။ ထိုလူသတ္တ၀ါသည် ဘုရားသခင်
၏သဏ္ဍာန်တော်နှင့် တူသောတစ်ခုတည်းသော ဖန်ဆင်းခံသတ္တ၀ါအဖြစ် ဖန်ဆင်းရန်ဖြစ်လေသည်။
ထိုလူအား ကျိုးကြောင်းဆင်ခြင်းနိုင်သောဥာဏ်ပညာ၊ တွေးခေါ်သိမြင်နိုင်သောအစွမ်းနှင့် ထက်မြက်
သောစွမ်းဆောင်ရည် တို့ကိုလည်းပေးမည်ဟု ကြေငြာလေသည်။
ထိုအခါ “အမှန်တရား” က ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကာ တိုးလျှိုးတောင်းပန်
လျက် “အို.....ဘုရားသခင်ဤကဲ့သို့ ဥာဏ်ပညာနှင့်ပြည့်စုံသော သတ္တ၀ါကိုဖန်ဆင်းခြင်းကြောင့် ဤ
သတ္တ၀ါသည် လိမ်ညာခြင်းအတတ်နှင့် ပြည့်စုံလာကာ ကျွန်ုပ်တို့၏ကမ္ဘာသည် လိမ်ညာလှည့်ဖျားခြင်း
နှင့်ပြည့်နှက်သွားပါလိမ့်မည်” ဟုဆို၏။
ထိုနောက် “ငြိမ်းချမ်းရေး” ကလည်း ချဉ်းကပ်၍ “အိုအဖဘုရား ကျွန်ုပ်တောင်းပန်လို
ပါ၏။ ကိုယ်တော်၏ဖန်ဆင်းထားပြီးသော လှပသောကမ္ဘာကြီးကိုအနှောက်အယှက်ပေးမည့် ဤအ
တွေးအခေါ်ဥာဏ်ရှိသော လူသတ္တ၀ါကိုမဖန်ဆင်းပါနှင့်။ ဤလူသတ္တ၀ါသည် ကလဲ့စားချေတတ်ခြင်း
အားဖြင့် စစ်ကိုဖန်တီးမည်ကို စိုးရိမ်ပါသည်” ဟုတောင်းလျှောက်လေသည်။

Thursday, February 14, 2013
ချစ်သူများနေ့နှင့်ခရစ်ယာန်လူငယ်
ဒေါက်တာစောစေးခူ
ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်သူများနေ့ဟုခေါ်သော Valentine's Day ကို အနောက်
နိုင်ငံများတွင် ကျင်းပခဲ့ကြသည်။ ဖေဖေါ်ဝါရီလရောက်လျှင် မိမိချစ်သောသူကို ပန်းစည်း၊ သကြားလုံး
နှင့် မေတ္တာစာကဒ်များကို လက်ဆောင်ပေးလေ့ရှိသည်။ ယခုခေတ်တွင် အနောက်နိုင်ငံများ၌သာမက
ကမ္ဘာအနှံ့အပြားရှိ ဒေသအသီးသီးတွင် ချစ်သူများနေ့ကိုကျင်းပလာကြပါသည်။ နိုင်ငံတကာဈေးကွက်
တွင် ခရစ်စမတ်ကဒ်ပြီးလျှင် ဒုတိယအများဆုံးရောင်းရသောကဒ်များမှာ ချစ်သူများနေ့နှုတ်ခွန်းဆက်
သည့်ကဒ် များဖြစ်ပါသည်။
ဤသို့ကျယ်ပြန့်စွာကျင်းပနေသောချစ်သူများနေ့သည် မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အေဒီ
(၃၀၀)စုတွင် ရောမမြို့၌ Valentine ဟုခေါ်သော ဘုန်းတော်ကြီးတစ်ပါးရှိခဲ့သည်။ ထိုအချိန်တွင်ရောမ
နိုင်ငံကို ဧကရာဇ်မင်း ကလောဒီးယပ် ( Claudius 11) အုပ်စိုးနေသည်။ ဤဧကရာဇ်မင်းသည် ရောမတို့
၏စစ်အင်အား တောင့်တင်းစေရန် အမျိုးသားများကိုစစ်ထဲဝင်ခိုင်းပါသည်။ အိမ်ထောင်မပြုရသေးသော
လုလင်များများ လက်မထပ်ရဟု အမိန့်ထုတ်ပြန်လိုက်ပါသည်။ အမျိုးသားများမကျေမနပ်ဖြစ်ကြပါသည်။
ထိုအခါ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လက်ထပ်လိုသောအမျိုးသား၊ အမျိုးသမီးများကို
တိတ်တဆိတ် လက်ထပ်ပေးခဲ့သည်။ ဧကရာဇ်မင်းသိသွားသောအခါ ယင်းဘုန်းတော်ကြီးကို ကွပ်မျက်
ခဲ့ပါသည်။ ဤဘုန်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် Valentine's Day ဟုခေါ်သော ချစ်သူများနေ့
ကိုကျင်းပခဲ့ကြပါသည်။
Valentine's Day ၏အဓိကတန်ဖိုးမှာ ချစ်သောသူကို မိမိလက်ထပ်လိုသောအချိန်တွင်
လက်ထပ်ခွင့်ရှိသည်ဟူသော သဘောတရားပင်ဖြစ်သည်။ လူတစ်ဦးချင်း၏လွတ်လပ်ခွင့် ကိုအလေး
ထားသော ယခုခေတ်တွင် လူငယ်များသည် Valentine's Day ကိုနှစ်သက်ပျော်ရွှင်စွာ ကျင်းပကြပါ
သည်။ ချစ်သောသူကို လက်ထပ်ရမည်ဟုဆိုရာတွင် ခရစ်ယာန်လူငယ်များသည် မည်သူ့ကို လက်
ထပ်ရမည်နည်းဟု စဉ်းစားဆင်ခြင်ကု တင်ပြလိုပါသည်။

Subscribe to:
Posts (Atom)