ဘာသာတရားနှင့်ဘုရား
Rev. စောထွန်းထွန်းလင်း ( SSKBMS)
အခြေပြုကျမ်း ။ ။ ယော ၄း၂၄
လေ့လာရန်ကျမ်း ။ ။ ယော ၄း၁၉-၂၄
လူသားများသည် ကြောက်ရွံခြင်း (ဘ၀လုံခြုံမှု မရှိ) ကြောင့် ကိုးကွယ်ယုံကြည်မှုမှ တဆင့်
ဘာသာတရားများပေါ်ပေါက်လာသည်။ ကိုးကွယ်ယုံကြည်မှု၏အစသည် နတ်ကိုးကွယ်မှုမှ တစ်ဆင့်
ဘုရားအများကို ကိုးကွယ်ကြပြီး၊ နောက်ဆုံး တစ်ဆူတည်းသောဘုရား ဆီသို့ လူသားများ ကိုးကွယ်
ဆည်းကပ်ကြသည်။
ဘာသာတရားဆိုတာ (ဓမ္မပညာရှင် Karl Barth)
၁။ မမြင်နိုင်သော ၀ိညာဉ်တန်ုခိုးကို လက်ခံယုံကြည်ခြင်း
၂။ လူက မိမိကိုယ်မိမိအားကိုးမရမှန်းသိ၍ ပုဂ္ဂိုလ် တစ်ဦးဦးအား လက်ခံယုံကြည်ခြင်း။
၃။ လူသားများလိုအပ်ချက်ပြည့်စုံရန် ၀ိညာဉ်တန်ခိုးများကို လက်ခံယုံကြည်ခြင်း
၎။ လူသားများမသိဘဲ သန့်ရှင်းသောပုဂ္ဂိုလ်တစ်ဦးဦးကို မသိစိတ်ကလက်ခံယုံကြည်ခြင်း။
၅။ မိမိကိုယ်ကိုချုပ်တည်း၍ ကောင်းတာလုပ်ဖို့ဆုံးဖြတ်ခြင်း။
၆။ လူသားများ၏အရေးကြီးဆုံးသောအချိန် နောက်ဆုံးသက်ဆိုင်မှုပင်ဖြစ်သည်။
အထက်ပါအချက်များသည်ပြီးပြည်စုံသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ မဟုတ်ချေ။ အဘယ်
ကြောင့်ဆိုသော် ဘာသာတရားကိုပြည့်စုံသော အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲသောကြောင့်ဖြစ်သည်။
ခရစ်ယာန်ဘာသာတရားတွင် ဘုရားကလူဆီလာခြင်းဖြင့် လူနှင့်ဘုရား ဆက်သွယ်ပုံကို
မြင်ရပြီး၊ အခြားသောဘာသာတရားများက လူကဘုရားဆီသို့ ဘာသာတရားဖြင့်သွားရောက်ခြင်းကို
မြင်တွေ့ရပါသည်။