ကမ္ဘာပေါ်၌အသင်းတော်တည်ထောင်ရခြင်းမှာဤကမ္ဘာမြေကြီး၌ဘုရားသခင်၏အလိုတော်တည်
ထောင်ရန်နှင့်လောကတစ်ခုလုံးကိုအစေခံရန်ဖြစ်သည်။ထိုသို့အစေခံမည့်အသင်းတော်သည်ရှင်သန်ကြီးထွား
သောအသင်းတော်ဖြစ်ရန်လိုအပ်ပါသည်။
အသင်းတော်ရှင်သန်ကြီးထွားခြင်းဆိုင်ရာနိယာမ(၅)ခုရှိပါသည်။ထိုနိယာမ(၅)ခုကိုတမန်တော်
ဝတ္ထု၏အစောပိုင်းအခန်းကြီးများတွင်တွေ့ရှိနိုင်ပါသည်။ကနဦးအသင်းတော်သည်ညှင်းပန်းနှိပ်စက်မှုအောက်
တွင်ရှင်သန်လျက်ရှိပြီးခရစ်တော်အတွက်သက်သေခံကောင်းများဖြစ်ကြလျက်ကမ္ဘာကြီးကိုကောင်းမွန်စွာအစေခံ
နိုင်ကြပါသည်။ထိုကြောင့်ယနေ့အသင်းတော်ရှင်သန်ကြီးထွားရေးအတွက်ဤနိယာမ(၅)ခုကိုအကျဉ်းမျှဖော်ပြ
သွားပါမည်။
၁။ သွန်သင်သောအသင်းတော် (တ ၂း၄၂)
(Teaching Church)
ကနဦးအသင်းတော်သည်သွန်သင်ခြင်း၌မွေ့လျော်သောအသင်းတော်များဖြစ်ကြသည်။ဤသွန်
သင်ချက်များကိုခရစ်တော်၏နောက်လိုက်များဖြစ်ကြသောတမန်တော်တို့ကိုယ်တိုင်သွန်သင်ပေးပါသည်။
တမန်တော်တို့၏သွန်သင်ချက်သည်မျက်မြင်သက်သေရှိခြင်းအပေါ်၌အဓိကသွန်သင်ကြပြီး၊ယနေ့ခရစ်ယာန်
များ၏အခြေခံယုံကြည်ချက်ပင်ဖြစ်သည်။ဤတွင်အသင်းတော်ရှင်သန်ကြီးထွားေးအတွက်အဓိကကျသော
နိယာမတစ်ခုမှာခရစ်ယာန်တို့၏အခြေခံယုံကြည်ချက်ကိုသွန်သင်ခြင်းပင်ဖြစ်သည်။သွန်သင်ခြင်းသည်လမ်း
မှားမလိုက်လျှောက်ရန်ထိန်းသိမ်းစောင့်ရှောက်ခြင်းပါဝင်သကဲ့သို့ယုံကြည်ခြင်းအရာ၌လည်းပိုမိုရင့်ကျက်
စေပါသည်။ယုံကြည်ခြင်းအားနည်းလာပါကခိုင်မြဲမှုမရှိဘဲယိုင်လဲလာနိုင်ပါသည်။ထိုမျှမကယုံကြည်ခြင်းလည်း
မှုန်ဝါးလာကာအဆုံးတွင်ခရစ်ယာန်ဖြစ်ခြင်း၏အနှစ်သာရပါပျောက်သွားနိုင်ပါသည်။
ယနေ့ခရစ်ယာန်များအနေဖြင့်သမ္မာကျမ်းစာ၏သွန်သင်ချက်၌လည်းကောင်း၊ခရစ်ယာန်ရပ်
တည်ခြင်း၏အခြေခံယုံကြည်ချက်၌လည်းကောင်းပို၍လေးလေးနက်နက်သိရှိနားလည်ပြီးခရစ်ယာန်ဖြစ်ခြင်း
၌ခိုင်မာစွာရပ်တည်လာရန်အသင်းတော်သည်သွန်သင်သောအသင်းတော်ဖြစ်ရန်လိုအပ်ပါသည်။အသင်း
တော်သည်သွန်သင်ခြင်းအမှုတော်မြတ်တွင်ခရစ်ယာန်တို့၏ယုံကြည်ခြင်းနျင့်သမ္မာကျမ်းစာတော်မြတ်သွန်
သင်ခြင်းအတွက်အချိန်များစွာပေးရန်လိုအပ်ပါသည်။
၂။ မိသဟာယဖွဲ့သောအသင်းတော် (တ ၂း၄၂၊၄၆)
(Fellowship Church)
ကနဦးအသင်းတော်သည်မိသဟာယဖွဲ့ခြင်းဖြင့်လောကတိုက်ခိုက်မှုကိုကောင်းစွာရင်ဆိုလျက်
အောင်မြင်ကျော်လွှားနိုင်ခဲ့ပါသည်။ထိုအပြင်ဤမိသဟာယဖွဲ့ခြင်းဖြင့်တစ်နေ့တစ်ခြားရှင်သန်ကြီးထွားလာ
ကြသည်ကိုတွေ့ရှိရပါသည်။
ဤလောကတွင်လူသားအဖြစ်မွေးဖွားလာပြီး၊အသက်ရှင်လာခြင်းသည်တစ်ဦးတစ်ယောက်
တည်းနေရန်မဟုတ်ပါ။အပေါင်းအသင်း၊အသိုက်အ၀န်းနှင့်နေကာကောင်းသောအသက်တာနျင့်အသက်
ရှင်ရန်ဖြစ်သည်။ထိုသို့မိသဟာယဖွဲ့ခြင်းဖြင့်လူသားများသည်အချင်းချင်းယိုင်းပင်ကူညီမှု၊၀န်ထုတ်ဝန်ပိုး
ကူညီထမ်းရွက်မှု၊ဖေးမမှုများရှိလာကာစိတ်၏ပျော်ရွှင်ခြင်း၊ကိုယ်၏ကျန်းမာခြင်းများရှိလာစေပါသည်။မိသဟာ
ယဖွဲ့ခြင်းသည်အချင်းချင်းမျှဝေခံစားခြင်းပင်ဖြစ်သည်။
ကနဦးအသင်းတော်များသည်ဗိမ္မာန်တော်၌နေ့တိုင်းအစဉ်တညီတညွတ်တည်းစုဖွဲ့လျက်မိသဟာ
ယဖွဲ့ကြပါသည်။မိသဟာယဖွဲ့လျက်အချင်းချင်းဝေမျှသက်သေခံခြင်း၊အခက်အခဲပြသနာများကိုဝေမျှခံစား
ခြင်းများပြုကြပါသည်။ထိုသို့ဖြစ်ကနဦးအသင်းတော်သည်တစ်နေ့တစ်ခြားတိုးပွါးလာပြီး၊ယုံကြည်ခြင်းအရာ၌
လည်းပိုမိုရင့်ကျက်လာကြပါသည်။တစ်ဦးနှင့်တဦးအစေခံကြပြီးလောကတစ်ခုလုံးကိုစုပေါင်းအစေခံနိုင်ကြ
ပါသည်။ဤသည်ကားမိသဟာယဖွဲ့ခြင်း၏ရလဒ်ပင်ဖြစ်သည်။
ထိုကြောင့်မိသဟာယဖွဲ့ခြင်းသည်အသင်းတော်ရှင်သန်ကြီးထွားခြင်းဆိုင်ရာနိယာမတစ်ခုပင်
ဖြစ်သည်။အသင်းတော်ရှိလူကြီး၊လူငယ်၊လူရွယ်မရွေးမိသဟာယဖွဲ့နိုင်သည့်အစီအစဉ်ကိုရေးဆွဲသင့်ပေ
သည်။တနင်္ဂနွေနေ့ဝတ်ပြုခြင်း၌မိသဟာယဖွဲ့ခြင်းအပြင်အခြားသောနည်းလမ်းဖြင့်မိသဟာယဖွဲ့ခြင်းအစီ
အစဉ်များရှိရန်လိုအပ်ပေသည်။ထိုသို့မဟုတ်ပါကအသင်းတော်သည်တဖြည်းဖြည်းခြောက်ကပ်လာကာ
ငြီးငွေ့ဖွယ်ကောင်းသောအဖွဲ့အစည်းဖြစ်လာနိုင်ပါသည်။
၃။ ဆုတောင်းသောအသင်းတော် (တ ၂း၄၂)
(Praying Church)
ခရစ်ယာန်အသက်တာ၌ဆုတောင်းခြင်းသည်အလွန်အရေးကြီးသောအရာဖြစ်သည်။ဆုတောင်း
ခြင်းသည်မှန်ကန်သောအသက်တာတစ်ခုတည်ဆောက်ခြင်းပင်ဖြစ်သည်။ဆိုလိုသည်မှာဆုတောင်းသည့်
အခါမိမိ၌ရှိသောအားနည်းချက်များ၊အမှားများကိုဝန်ချတောင်းပန်ခြင်းနှင့်အတူကောင်းသောအသက်တာဖြင့်
အသက်ရှင်ရန်ဆက်ကပ်ခြင်းဖြစ်သောအကြောင့်မှန်ကန်သောအသက်တာကိုတည်ဆောက်ခြင်းဖြစ်သည်။
ထိုအပြင်ဆုတောင်းခြင်းသည်ခွန်အားယူခြင်းလည်းဖြစ်သည်။မိမိ၌အားနည်းနေသည့်အချိန်
တွင်တောင်းခံခြင်းဖြစ်သောကြောင့်ဆုတောင်းခြင်းသည်ခွန်အားယူခြင်းဖြစ်သည်။ဆုတောင်းခြင်းသည်
တကမ္ဘာလုံးနျင့်မိသဟာယဖွဲ့ခြင်းလည်းဖြစ်သည်။
ကနဦးအသင်းတော်သည်ဆုတောင်းခြင်းဖြင့်ခွန်အားယူခြင်း၊အချင်းချင်းအားပေးခြင်း၊ကောင်းမှု
ပြုခြင်းများပြုလုပ်ကြပါသည်။စုရုံးလျက်အတူတကွဆုတောင်းခြင်းအားဖြင့်တဦးကိုတဦးအစေခံကြပါသည်။
အားယူကြပါသည်။ဤသို့ဖြင့်မျက်မြင်မရသောအသင်းတော်သည်စဉ်မပြတ်ရှင်သန်ကြီးထွားလာပြီးသာသနာ့
အရောက်မှေးမှိန်သောကမ္ဘာကြီးကိုယုံကြည်ခြင်း၊သာသနာ့အလင်းလင်းလက်တောက်ပလာစေပါသည်။
ဆုတောင်းခြင်းအားနည်းသောအသင်းတော်သည်တဖြည်းဖြည်းလောကီဆန်သောအဖွဲ့အစည်း
အဖြစ်သို့ပြောင်းလဲသွားနိုင်ပါသည်။ဆုတောင်းခြင်းဖြင့်အသင်းတော်သည်စစ်မှန်သောခရစ်တော်၏ကိုယ်
ခန္ဓာတော်အဖြစ်ရှင်သန်ကြီးထွားလာစေမည်ဖြစ်သည်။
၎။ ချီးမွမ်းသောအသင်းတော် (တမန် ၂း၄၇)
(Praising Church)
ချီးမွမ်းခြင်းသည်မမြင်နိုင်သောခွန်အားတစ်ခုပင်ဖြစ်သည်။ခရစ်ယာန်တို့၏တမူထူးခြားသော
ကောင်းမြတ်ခြင်းတစ်ခုလည်းဖြစ်သည်။ချီးမွမ်းခြင်းသည်အမှန်တရားတစ်ခုကိုသိရှိခြင်းနှင့်ချီးမွမ်းထိုက်သော
အရှင်ထံကျေးဇူးတုံ့ပြန်ခြင်းဖြစ်သည်။ဤကမ္ဘာမြေကြီး၌အသင်းတော်တည်ထောက်ရခြင်း၏ရည်ရွယ်ချက်
တစ်ခုမှမချီးမွမ်းတတ်သူ၊ကျေးဇူးတရားကိုမသိဘဲကျေးဇူးမတင်တတ်သူ၏ရှေ့မှောက်တွင်ကျေးဇူးတော်
ချီးမွမ်းရန်ဖြစ်သည်။ဘုရားသခင်၏ကြီးမြတ်မှုကိုဝန်ခံခြင်း၊ဘုရားသခင်၏ကောင်းမြတ်မှုကိုဝန်ခံခြင်းနျင့်
လူသားများအပေါ်ဘုရားသခင်ထားရှိသောကျေးဇူးမေတ္တာတရားကိုသိမှတ်ပြုခြင်းဖြစ်သည်။
ကနဦးကတည်းကအသင်းတော်သည်တဦးချင်းစီဖြင့်သော်လည်းကောင်း၊စုဖွဲ့၍သော်လည်း
ကောင်းချီးမွမ်းကြပါသည်။ဤသို့ဖြင့်သူတို့၏အသက်တာကိုချီးမွမ်းသောအသက်တာဖြင့်ဖန်ဆင်းကြပြီး
အသင်းတော်သည်လည်းချီးမွမ်းခြင်းဖြင့်ရှင်သန်ကြီးထွားလာစေပါသည်။ချီးမွမ်းခြင်းဖြင့်စစ်မှန်သောခရစ်ယာန်
အသက်တာကိုဖော်ထုတ်ကြပါသည်။
၅။ ဝေမျှသောအသင်းတော် (တမန် ၂း၄၇)
(Sharing Church)
ကနဦးအသင်းတော်ရှင်သန်ကြီးထွားခြင်း၏ပဉ္စမအချက်မှာဝေမျှခြင်းပင်ဖြစ်သည်။တမန်တော်
အခန်းကြီး(၂)နောက်ဆုံးပိုင်းကိုလေ့လာပါကယုံကြည်သူများသည်မိမိ၌ရှိသောအသီးအနှံ၊ပစ္စည်းဥစ္စာများကို
ရက်ရောစွာထည့်ဝင်ကာဝေမျှကြပါသည်။ဝေမျှခြင်းသည်ချစ်ခြင်းမေတ္တာ၏အသီးအပွင့်ပင်ဖြစ်ပါသည်။
ခရစ်တော်သည်လူသားအားလုံးကိုသူ၌ရှိသမျှကိုဝေမျှပေးသောဘုရားဖြစ်သည်။ဒုက္ခကိုလည်းဝေမျှခံစားပြီး
ဘုရားသခင်၏သားတော်ဖြစ်ခြင်းကိုလည်းလူသားတွေကိုဝေမျှပေးခဲ့ပါသည်။
ကနဦးအသင်းတော်ရှိလူတို့သည်မိမိ၌ရှိသောအရာကိုသူတပါးကောင်းကျိုးအတွက်ဝေမျှပေးကြ
သည်။အခက်အခဲများကိုမျှဝေခံစားကြသည်။ဤသို့အချင်းချင်းဝေမျှသောကြောင့်အသင်းတော်သည်တလုံး
တ၀တည်းဖြင့်အသက်ရှင်လာကြသည်။ဝေမျှခြင်း၌ကြီးထွားလာကြသည်။ဖေးမကူညီကြသည်။ကရုပြုကြ
လာကြသည်။
အသင်းတော်သည်လူကုံတန်၊ဆင်းရဲသား၊ပညာရှိ၊ပညာမဲ့နှင့်မိဘမဲ့စသည်ဖြင့်အသွင်မတူသော
လူများဖြင့်ဖွဲ့စည်းထားကြသည်။သို့သော်တူညီချက်မှာခရစ်တော်ကိုမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်၊မိမိဘ၀ကို
ဝေမျှခံစားပေးသောအရှင်အဖြစ်လက်ခံကြသည်။ဤတွင်အသင်းတော်သည်ခရစ်တော်၏ဝေမျှခြင်းအသက်
တာကိုထင်ဟပ်သည်ဝေမျှခြင်းအသင်းတော်ဖြစ်လာသင့်ပေသည်။
နိဂုံး
အသင်းတော်ဟုဆိုရာတွင်လူတစ်ဦးတစ်ယောက်စီ၏ခရစ်တော်အပေါ်တည်ခြင်းကိုခေါ်ပါသည်။
(မဿဲ ၁၆း၁၈)။ ထိုသို့လူတဦးတယောက်စီသည်ခရစ်တော်၌တည်သောအသင်းတော်ဖြစ်ကြပြီး၊ထိုသူတို့
အတူတကွမျှဝေခံစားသောလူစု၊ချီးမွမ်းခြင်းပြုသောနေရာ၊ဆုတောင်းရသောအဆောက်အအုံ၊အချင်းချင်း
မိသဟာယဖွဲ့လျက်စုဖွဲ့ခြင်း၊သူတို့ယုံကြည်ခြင်းလမ်းမလွဲအောင်သွန်သင်ခြင်းကိုခံယူ၍ယုံကြည်ခြင်းနျင့်
ဆိုင်သောအသင်းအဖွဲ့ကိုအသင်းတော်ဟုခေါ်ပါသည်။
Rev. Dr ဖွန်ဟရန်အွေ