ကိုချစ်ပါသတဲ့။ ဒါဆိုရင် ..... ဘာအတွက်ကြောင့် ကောင်းသောသူတွေ ဒုက္ခခံစားနေရပါသလဲ။ မေးစရာ
ရှိပါတယ်။ အမေရိကန်လူထုက ...... ပို၍မေးကြသည်။ ထင်ရှားကျော်ကြားသော သူများကိုဥပမာအဖြစ်
နမူနာထားပြီးတော့တောင် မေးကြပါတယ်။ တီဗီမှာ လာရီကင်း၏အစီအစဉ် (အင်တာဗျူး) တွေနာမည်
ကြီးလှပါတယ်။ အဲသည်မှာတောင် .... ဒီလိုမေးခွန်းတွေ မေးကြသေးတယ်။ ဆိုလိုတာက ဒီမေးခွန်း
မမေးရင်တောင် ရင်ထဲမှာ ရှိနေတယ်။ ကျွန်တော်တို့လည်းဆိုးဝါးတဲ့ အဖြစ်အပျက်များကို ကြုံလာလျှင်
ဘယ်လိုလဲ ဘုရားသခင်ဟု မေးချင်ကြသည်။
ကျွန်တော့်သူငယ်ချင်းသာသနာပြုဆရာမတစ်ယောက် .... ရင်သားကင်ဆာရောဂါရ၍
ဝေဒနာခံစားရလျှင် စိတ်ပျက်မိဖူးပါသည်။ ဒီလောက်ကောင်းတဲ့ဆရာမကို ဘုရားသခင်က ဝေဒနာအဖြစ်
ခံစားစေတာ .... စိတ်မသက်သာရပါ။ ကျွန်တော်မိတ်ဆွေ ဓမ္မဆရာ၊ စာရေးဆရာကြီး ရထားကြိတ်ခံရတော့
လည်းအဲသလိုပါပဲ။
တကယ်တော့အဖြေ(၃)ခုရှိပါတယ်။ Pantheism (အရာရာတွင်ဘုရားသခင်တည်ရှိမှုဝါဒ)
Philosopocal naturalism (ဒဿနိကသဘာဝဆင်ခြင်မှုဝါဒ) theism (စင်္ကြာဝဠာကို ဘုရားသခင်ဖန်ဆင်း
အုပ်စိုးမှုဝါဒ) သုံးခုက အဖြေဖြစ်နိုင်ပါတယ်။ ဒဿနိက သဘာဝဆင်ခြေမှုဝါဒီများက ခပ်သိမ်းသောအမှု
တို့သည် ပြန့်ကြဲသောအစီအစဉ်များသာဖြစ်သောကြောင့် ကောင်းတာဆိုးတာမရှိပါ။ ဖြစ်ချင်သလိုဖြစ်
နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမှာပဲ။ အကြောင်းရင်လည်းမရှိပါ။ ဆေးလိပ်မသောက်လည်းအဆုတ်
ရောဂါဖြစ်ချင်ဖြစ်မှာပဲ။ အရက်မသောက်လည်း အသည်းခြောက်ချင်ခြောက်မှာပဲ။
ထိုသဘောတရားနှင့်ဆန့်ကျင်သူများက theism များဖြစ်ကြသည်။ စင်္ကြာဝဠာကို ဖန်ဆင်း
၍ပိုင်သသောသူ၊ ဘုရားသခင်က လုပ်ဆောင်နေသောကြောင့်ဟု ဆိုပါသည်။
ဘုရားသခင်ကမေတ္တာရှင် စစ်မှန်ပါသည်။ ထိုကြောင့် လူများကိုလွတ်လပ်စွာ ရွေးချယ်
ခွင့်(freedom of choice) ကိုပေးပါသည်။ ဆိုးသောအရာများကိုလည်းဖန်ဆင်း၍ ကောင်းသောအရာကို
ဖြစ်စေ၊ ဆိုးသောအရာကိုဖြစ်စေ လူသားကိုရွေးချယ်ခွင့်ပေးသောအခါ ကျွန်တော်တို့က ကောင်းသော
အရာထက်၊ ဆိုးသောအရာကိုသာေ၇ွးချယ်မိကြပါသည်။
ဘုရားသခင်မှားသည်ဟုပြောရမှာလား။ တစ်ခါတလေတော့ ..... သားသမီးများကို အလို
လိုက်ခြင်း၊ မေတ္တာအားကြီးသဖြင့် မပြောရက်မဆိုရက်သလို နှိုင်းယှဉ်နိုင်ပါသည်။ မကောင်းတာကို
လုပ်နေတာပဲ ..... မလုပ်နဲ့ဟုပြောရုံမှတစ်ပါး၊ ဘယ်လိုမှမတားဆီးနိုင်တာမျိုးပေါ့လေ။ ဘုရားသခင်က
လွတ်လပ်ခြင်းကိုပေးထားပြီးဖြစ်၍ ကျွန်တော်တို့ရွေးချယ်မှုက အကျိုးသက်ရောက်မှုကိုဖြစ်စေပါသည်။
ဘုရားသခင်က တားဆီး၍ရလျှက်နဲ့ မဆီးတားတာကြောင့်ဟုလည်းပြောနိုင်ပါသည်။ တကယ်တော့
ကျွန်တော်တို့ကိုရွေးချယ်ခွင့်မပေးပြန်လျှင်လည်း၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အဓိပ္ပါယ် မရှိ
မပြည့်ဝသလိုဖြစ်နိုင်ပါသေးသည်။ လုပ်ချင်တာလေးမှမလုပ်ရလျှင် သားသမီးက၊ မိဘတွေကမချစ်ဘူး
လို့ အောက်မေ့ကြမှာကိုး။
မိဘကဆရာဝန်ဖြစ်စေချင်တယ်။ သားသမီးက၀ါသနာမပါ။ စိုက်ပျိုးရေးပဲလုပ်ချင်သည်။
မလုပ်ရဘူး။ဆရာဝန်ပဲလ်ုပ်ရမယ်လို့ အတင်းဆေးကျောင်းတက်ခိုင်းသဖြင့် ထွက်ပြေးသွားသော
လူငယ်တစ်ယောက်ကို မလေးရှားမှာ ကျွန်တော်တွေ့ခဲ့ရသည်။ သူ့မိဘက သူ့ကိုမချစ်ဘူးဟုပြော
ပါသည်။ အကယ်၍ဘုရားသခင်က ကောင်းကင်ကနေ အားလုံးကိုသူ့သဘောအတိုင်း အားလုံးအ
ကောင်းဖြစ်စေရမည်ဟု ပုံစံချလျှင် ဘုရားသခင်၏မေတ္တာကိုစုံလင်လှသည်ဟု ချီးမွမ်းနိုင်မည်
မထင်ပါ။
နောက်ဆုံးကတော့ ...... ခက်ခဲမှုကြောင့် ဘုရားသခင်ထံသို့ နောင်တနှင့်ပြန်လာဖို့ရန်
သွေးဆောင်ပါသည်။ လူတစ်ယောက်အနေဖြင့် ဘယ်လောက်ပဲစိတ်ကြိုက်သွားပါစေ။ မူရင်းဘုရား
သခင်ထံသို့ ပြန်လာနိုင်ဖို့ လမ်းတစ်ခုကတော့ ကိုယ်တော်၏မေတ္တာကိုလိုလားသောအချိန်၊ ကိုယ်
တော်မစခြင်းကို တောင့်တလာသောအအချိန် ဖြစ်တယ်။ နောက်ဆုံးသောဘုရားသခင်ကို ဖက်ရမ်း
မှ အဆင်ပြေမှာဖြစ်တယ်။
ဗျာဒိတ် ၂၁း၎ မှာ “ ဘုရားသခင်သည် သူတို့မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူ၏
နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းမရှိရ။ အကြောင်း
မူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ ” ဟုလာပါ၏။ ဘုရားသခင်ကိုပြန်လည်ရွေးချယ်သောအခါ နောင်တနှင့်ပြန်လည်၍ နောက်တစ်ခါဆိုးသောအရာများကို ငြင်းပယ်လျက် မိုးပွင့်
ကဲ့သို့ဖြူစင် သွားမည်ဖြစ်သည်။
ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော
သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ
၏။ (ရောမသြ၀ါဒစာ ၈း၂၈)
ဆိုး
No comments:
Post a Comment