ဆူတည်းသောဘုရားမို့ မခြားနားပါဘူး။ ပုံစံအမျိုးမျိုးနဲ့ပေါ်ထွက်လာတာ မဟုတ်ဘူးလားဟု မေးကြပါ
တယ်။ အချို့ကမူပို၍လေးနက်ပါသည်။
ဘာသာတရားအားလုံးဟာ ဘုရားသခင်ဆီသို့ဦးတည်ခေါ်ဆောင်သွားတာပဲ
မဟုတ်ဘူးလားဟုမေးပြန်တယ်။
တကယ်တော့အဲသလိုမေးခွန်းမျိုးအတွက်အဖြေကမဟုတ်ဘူးဆိုတာပါပဲ။ဘာသာတရားများအကြောင်းခြေခြေမြစ်မြစ်လေ့လာသောအခါ ဘုရားတစ်မျိုးနှင့်တစ်မျိုးသည်
မတူခြားနားကွဲပြားမှုရှိပါသည်။ မောရှေက ဘုရားတစ်ဆူတည်းရှိသည်ဟုဆို၍ အချို့သောဘာသာများမှာ
ဘုရားအများရှိပါသည်။ အချို့သောဘာသာများကဘုရားကိုမသိ၊ရှိလည်းမရှိ၊ မိမိကိုယ်သာ ကိုးကွယ်ရာဟု
သွန်သင်ပါသည်။ ဥပမာအများကိုရှာဖွေလေ့လာခဲ့လျှင် ဘုရားများသည်တူညီမှုမရှိသလို၊ အချို့က
ကောင်းကင်ဘုံမှဆင်းသက်၍ အချို့ကမြေကြီးပေါ်ကနေဖြစ်လာကြပါသည်။
စင်စစ်ဘာသာတရားများသည်လူတို့၏အကျင့်သီလကိုမြှင့်တင်ဖို့ရန်တိုက်တွန်းသောဒေသနာများ
ဖြစ်ကြပါတယ်။ခရစ်ယာန်ဘာသာတရားကမူ နိမ့်ကျသောအကျင့်သီလရှိသူများအတွက် မျှော်လင့်စရာ
ဖြစ်ပါတယ်။ ကောင်းသောသူက သာ၍ကောင်းကာ၊ အန္တိမပန်းတိုင်သို့သွားရောက်နိုင်ရန်ကြိုးစားသော
ဘာသာတရားများသည် ဘုရားသခင်ထံသို့မရောက်နိုင်ပါ။ ခရစ်ယာန်ဘာသာကမူ၊ ကယ်တင်ခြင်းတရား
ဖြစ်၍လူမတတ်နိုင်သောအရာကို ဘုရားရှင်၏ဂရုဏာ၊မေတ္တာအားဖြင့် ဘုရားသခင်ထံသို့ရောက်ရှိဖို့
ဖြစ်သည်။ ဘုရားသခင်ထံသို့ရောက်ဖို့ ပို့ဆောင်ပေးသောဘာသာတရား၏အခြေခံဖြစ်သော သခင်ယေရှု
ကိုတော့ကျိန်းသေသိရှိ၍ ယုံကြည်လက်ခံကိုးကွယ်မှရပါမည်။ သခင်ယေရှုက
ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏အသက်လည်းဖြစ်၏။
ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ဟု မိန့်တော်မူခဲ့ပါတယ်။ (ယောဟန် ၁၄း၆) ။ အဘယ်သူမျှ (No one) ဟူသောစကားတော်ကိုသတိပြုရန်ရှိပါ၏။ ခရစ်ယာန်တို့၏ဘုရားသခင်ဟူသောစကားကလည်း ဘုရားတို့၏သခင် ဟုအဓိပ္ပါယ် ဖော်ပြ
ပါရစေ။
ထိုသခင်၏နာမတော်မှတစ်ပါး၊ ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ
ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိ။
(တမန်တော် ၄း၁၂)
No comments:
Post a Comment