ဟူသော............. လွှား” ဟုတင်စားခဲ့ပါသည်။ (ဧဖက် ၆း၁၆)။ အင်မတန်အရေးပါသော မေးထိုက်သော
မေးခွန်းဖြစ်ပါသည်။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာကဖော်ပြချက်အတိုင်းဆိုရင် ......
၁။ ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော
အရာတို့ကိုသိမှတ်စွဲလန်းခြင်းဖြစ်ပါသည်။ (ဟေဗြဲ ၁၁း၁) ။ စင်စစ် ယုံကြည်ခြင်းသည် သစ္စာခိုင်မာခြင်း
လည်းဖြစ်သည်။ ကိုယ်မျှော်လင့်သမျှ သေချာပေါက်ဖြစ်ရမည်ဟု သစ္စာရှိစွာစောင့်နေတာမျိုးလည်းဖြစ်
ပါသည်။
၂။ ယုံကြည်ခြင်းသည်ယခုမမြင်ရ။ ဖြစ်လာခြင်းမရှိ။ မိမိအသက်တာ၌ပြည့်စုံခြင်းမရှိသည့်
တိုင် မှားယွင်းသွားသည်ဟုမအောက်မေ့ဘဲ၊ထိုကတိတော်သည် တစ်ချိန်မှာသေချာပေါက်ပြည့်စုံလာ
မည်ကိုအာမခံခြင်းဖြစ်သည်။ လွနခဲ့သောကာလ၌ ဘုရားသခင်၏ကတိတော်တည်မြဲခဲ့သည်ကို သိမြင်
၍တစ်ဖန်အနာဂတ်မှာလည်း ဆက်လက်ဖြစ်ပေါ်မည်။ ကတိတည်ဦးမည်ဟုစိတ်ချသော စိတ်သဘော
ပင်ဖြစ်သည်။
၃။ ယုံကြည်ခြင်းသည် ၀ိညာဉ်ရေးရာအန္တရာယ်များကို ခုခံကာကွယ်ရန် ခွန်အားဖြစ်သည်။
အသိပညာ၊ အတတ်ပညာနှင့်ရောနှောခြင်းမရှိရပါ။ ကမ္ဘာပေါ်တွင်လူသန်းပေါင်းများစွာသည် ဧ၀ံဂေလိ
ဆရာ ဘီလီဂရေဟမ်၏ရုပ်မြင်သံကြားမှ တရားဒေသနာကိုကြားရပါသည်။ ယုံကြည်ထိုက်သည်ဟု
ဆင်ခြင်သော်လည်း မယုံကြည်နိုင်ဘဲရှိပါသည်။ ယုံကြည်ခြင်းသည်ပညာဥာဏ်၊ ဦးနှောက်ထက်ပို၍
လေးနက်သောစိတ်နှလုံးလုပ်ဆောင်မှုပင်ဖြစ်ပါသည်။
ရှင်ယာကုပ်သြ၀ါဒစာ (၂း၁၉)မှာ
ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏ ။
နတ်ဆိုးတို့သည်ယုံ၍ ကြောက်ရွံတုန်လှုပ်ကြ၏။
ဟုလာပါသည်။ အချို့ကမူ ယုံချင်သည့်တိုင်မယုံနိုင်ကြပါ။ ယုံကြည်ခြင်းသည်စိတ်နှလုံးပြောင်းလဲမှု၌ အခြေခံသောကြောင့် ခက်ခဲခြင်းရှိနိုင်ပါသေးသည်။
No comments:
Post a Comment