ဆိုး
ခရစ်ယာန်ဘာသာကို စစ်မှန်တယ်(True religion) ဖြစ်တယ်လို့ပြောနိုင်တာ ကတော့
သမိုင်းအထောက်အထား အတိအကျ ရှိနေတာပါပဲ။ နာဇရက်မြို့သားဖြစ်သော သခင်ယေရှုဟုပြောလျှင်
နာဇရက်မြို့က ယခုထိရှိနေပြီး ခရစ်တော်မွေးဖွားသောအချိန်၌ အုပ်စိုးသော ဆီဆာသြဂတ်စတပ်
ဧကရာဇ် ကလည်း သမိုင်းထဲမှာတကယ်ရှိနေတာပါပဲ။ ဗက်လင်မြို့ကလည်း အမှန်အကန်ဖြစ်ပြီး၊ သခင်
ယေရှုမွေးဖွားခြင်း၊ အသက်ရှင်ခြင်း၊ အသေသတ်ခံရခြင်း၊ နှင့်တကွ ရှင်ပြန်ထမြောက်ခြင်းက သမိုင်းမှတ်
တမ်း အသေအချာရှိနေ၍ ဒဏ္ဍာရီပုံပြင်မဟုတ်ကြောင်းထင်ရှားပါသည်။ သမ္မာကျမ်းစာကဖော်ပြချက်နှင့်
သမိုင်းနေ့စွဲများ ထပ်တူကျသောကြောင့် ခိုင်လုံသောဘာသာတရားအဖြစ် လက်ခံကြခြင်းဖြစ်သည်။
များစွာသောဘုရားများသည် လူသားစစ်စစ်မှဖြစ်ပေါ်လာကြသည်။ အသက်ရှင်စဉ်
ကျင့်ကြံအားထုတ်၍ တန်ခိုးများရလာကာ ဘုရားများဖြစ်လာခဲ့တာရှိပါသည်။ ခရစ်ယာန်ဘာသာ၏
ဘုရားကတော့ ပင်ကိုယ်ကပင်ဘုရားဖြစ်လျက် လူဇာတိခံယူခြင်းက ထူးခြားပါသည်။
ကျမ်းစာက သခင်ယေရှုကို
“ လူ့ဇာတိအားဖြင့် ဒါဝိဒ်အမျိုးဖြစ်တော်မူထသော၊ သေခြင်းမှထမြောက်တော်မူ၍ သန့်ရှင်း
သောဝိညာဉ်တော်အားဖြင့် တန်ခိုးနှင့်တကွဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့
သခင်ယေရှုခရစ်” ဟု ဖော်ပြပါသည် (ရောမ၁း၁-၄)။ ဘုရားသခင်၏သားတော်စစ်စစ်ဖြစ်သောကြောင့်
အခြားဘုရားနှင့်မတူသလို၊ သွန်သင်ချက်လည်းကွဲပြားခြားနားပါသည်။
ခရစ်ယာန်ဘာသာ၏သွန်သင်ချက်များသည် ယုတ္တိတန်၍ သဘာဝကျပါသည်။ အချို့သော
သွန်သင်ချက်များကို ဆင်ခြင်လိုက်လျောက်ဖို့ရန် ဥာဏ်မမှီနိုင်သော်လည်း ပြင်းထန်သောတောင်းဆိုမှု
မျိုးမပြုသည့်အတွက် လူ့သဘာဝနှင့်ကိုက်ညီပါသည်။ ခေတ်တိုင်းနှင့်အဆင်ပြေသော တရားစစ်၊တရား
မှန်ကိုလည်း ပုံစံပြုစရာဖြစ်စေပါသည်။ အသက်တာ၏ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ အရာ
ခပ်သိမ်းအတွက်အဖြေရှိသည်။ ခေတ်ကာလအားလုံးနှင့်သက်ဆိုင်၍ လူသားတိုင်းအတွက်သက်ရောက်
မှုပေးနိုင်သော အကြောင်းက သာမန်မဟုတ်ဘဲ၊ အမှန်တရားစစ်စစ်ဖြစ်ကြောင်း လက်ခံနိုင်ကြရပါ
သည်။ တမန်တော်ကြီးရှင်ပေတရုက “ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်
မူခြင်းကို၎င်း၊ သင်တို့အားကြားပြောသောအခါ ငါတို့သည်ပရိယာယ်နှင့် ပြင်ဆင်ထားသော ဒဏ္ဍာရီ
စကားကိုမလိုက်။ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏” ဟုကြေငြာခဲ့ပါသည်။
ရှင်ပေတရုသြ၀ါဒစာ ဒုတိယစောင် (၁း၁၆)
No comments:
Post a Comment