စွဲတာ၊ ပြုစားခံရတာကို ယုံကြည်ရမှာပါ။ ပုံပြင်ဝတ္ထုများမှာလည်း နတ်ဆိုးစွဲတာကိုဖတ်ဖူးပါသည်။ သို့
သော်နတ်ဆိုးစွဲတာ၊ ပြုစားခံရတာများသည် အန္တရာယ်ကြီးမား၍စာတန်၏မှောင်မိုက်တန်ခိုးဖြစ်တာကြောင့်
ထိတ်လန့်စရာလည်းဖြစ်ခဲ့ပါ၏။ သခင်ယေရှုကမူ ......
သူရဲကိုရှေ့ဦးစွာမချည်နှောင်လျှင်၊ အဘယ်သူသည်သူရဲ့အိမ်သို့ဝင်၍သူ၏ ဥစ္စာကိုလုယူအံ့နည်း။
သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကိုလုယူနိုင်၏။ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။
ငါနှင့်အတူမစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။
မဿဲ (၁၂း၂)
သူဖြစ်သောကြောင့် .......“ ငါဘက်၌မနေသောသူသည် ငါ့ရန်သူဖြစ်၏ ။ငါနှင့်အတူမစုမသိမ်းသောသူ
သည် ကြဲဖြန့်သောသူဖြစ်၏ဟုမိန့်တော်မူခြင်းဖြစ်သည်။
တစ်ခါကယုဒလူမျိုးများသည် သခင်ယေရှုကိုပင် နတ်ဆိုးစွဲသောသူဟု အထင်မှားကြပါသေး
သည်။ နတ်ဆိုးကိုမောင်းထုတ်နိုင်သဖြင့် နတ်ဆိုးစွဲသောသူဟု ကြံကြံဖန်ဖန်အတွေးရောက်သော
ယုဒလူတို့အား သခင်ယေရှုရှင်းပြသောအချက်မှာ
ငါသည်နတ်ဆိုးစွဲသောသူမဟုတ်။ငါ့ခမည်းတော်ကိုချီးမြှောက်၏။သင်တို့သည်ငါ့ကို
ရှုတ်ချကြ၏။ ငါသည်ကိုယ်ဘုန်းအသေရေကိုမရှာ။ ငါ၏ဘုန်းအသေရေကိုရှာ၍ စီရင်တော်မူသောသူ
ရှိသေး၏။ ရှင်ယောဟန် (၈း၄၉-၅၀)