ကျိုက္ခမီသာသနာမြေသည် နှစ်ခြင်းသာသနာ၏ ဘူမိနက်သန်မြေ ဖြစ်သည်။ ဆရာကြီး ယုဒသန်ကိုယ်တိုင်မျိုးစေ့ကြဲခဲ့ပြီး၊သူ၏ချစ်လှစွာသော ဇနီးနှင့်သမီးဆုံးပါးခဲ့ရသည့်နေရာလည်းဖြစ်သည်။ သို့သော် ဆရာကြီးသည်မျက်ရည်ကြားမှ သာသနာမျိုးစေ့ကို ဆက်လက်စိုက်ပျိုးခဲ့သည့်အတွက် ယနေ့ များစွာသော အသီးအပွင့်များ မြန်မာ့မြေပေါ်တွင် ရှင်သန်ခွင့်ရလျက်ရှိပေသည်။
ကျိုက္ခမီတွင် ဆရာကြီးယုဒသန်၏သာသနာပြုခြင်းနှင့်ပတ်သက်၍ သမိုင်းပြခန်းတစ်ခုကို အောက်ပါရည်ရွယ်ချက်များအားဖြင့် တည်ဆောက်ရန်ရူပါရုံ ထားရှိပါသည်။
(၁) ဆရာကြီး ယုဒသန်၏ အစေခံဆက်ကပ်ခြင်းကို နောင်လာနောက်သားများ ပိုမိုသိရှိလေ့လာခွင့် ရရှိစေရန်။
(၂) ဆရာကြီး ယုဒသန်၏ သာသနာပြုစိတ်ဓာတ်နှင့် ခံယူချက်များ ရှင်သန်လာစေရန်
(၃) မြန်မာ့မြေပေါ်တွင် နှစ်ခြင်းသာသနာသမိုင်းတစ်ရပ် စိုက်ထူထားရှိနိုင်စေရန် တို့ဖြစ်သည်။
လုပ်ငန်းစဉ်
(၁) ပြခန်းအဆောက်အဦတည်ဆောက်ရန်
(၂) သမိုင်းဝင်ဓာတ်ပုံများနှင့်ပစ္စည်းများ ရှာဖွေစုဆောင်းရန်
(၃) သမိုင်းဝင်အဖြစ်အပျက်များကို ပြန်လည်ပုံဖော်ပန်းချီရေးဆွဲရန်
(၄) ဆရာကြီးယုဒသန်နှင့်ဇနီးပုံတူရုပ်တုကို အမှတ်တရထုလုပ်ထားရှိရန်
ဆရာယုဒသန် ပြခန်းတည်ဆောက်ရန် ခန့်မှန်းလိုအပ်ငွေ သိန်(၂၀၀) ရှိပါသည်။ ဆရာကြီး ယုဒသန်၏ ကျေးဇူးကိုအောက်မေ့သတိရသူများ၊ ပါဝင်ဆက်ကပ်ပေးလှူလိုသူများကို ဖိတ်ခေါ်ပါသည်။
သိက္ခာတော်ရဆရာစောမူးတော (သင်းအုပ်)
ကျိုက္ခမီနှစ်ခြင်းအသင်းတော်
ဖုန်း- ၀၉၇၇၀၀၀၂၅၄၄
No comments:
Post a Comment