နှလုံးသားတွင်မှတ်ကျောက်တင်ခြင်း
တစ်ခါကသူငယ်ချင်းနှစ်ဦးသဲကန္တာရတွင်ခရီးထွက်ကြသည်။ထိုသို့ခရီးထွက်ရင်းတစ်ဦးနှင့်တစ်ဦး
အငြင်းအခုန်ဖြစ်ကြသည်။ထိုအခါတစ်ဦးကကျန်တစ်ဦးကိုပါးရိုက်လိုက်မိသည်။ပါးရိုက်ခံရသောသူငယ်ချင်း
ကအရမ်းစိတ်ဆိုးနာကြဉ်းမှုဖြစ်သွားသော်လည်းမိမိခံစားချက်ကိုသဲပြင်ပေါ်တွင်စာဖြင့်ကဗျည်းတင်ရေးသား
လိုက်သည်။ “ဒီနေ့ငါ့အချစ်ဆုံးသူငယ်ချင်းငါ့ကိုပါးရိုက်လိုက်သည်” တဲ့ ။ ဒီလိုနဲ့ခရီးဆက်ရင်းစိမ်းလန်းတဲ့
အိုအေးစစ်အရပ်ကိုရောက်သွားကြသည်။ ရေကန်လေးကသန့်စင်ပြီးအေးမြလှသည့်အတွက်သူတို့နှစ်ဦး
ရေကူဖို့ဆုံးဖြတ်လိုက်ကြသည်။
ဒီလိုရေကူးရင်းပါးရိုက်ခံရသောသူငယ်ချင်းမှရေနစ်လေသည်။ထိုအခါသူ့သူငယ်ချင်းကသူအားပြန်
ဆယ်ယူပေးသည့်အတွက်အသက်ဘေးမှလွတ်မြောက်ရလေသည်။ ဒါနဲ့ပါးရိုက်ခံရသောသူငယ်ချင်းက
ကျောက်ပေါ် တွင် “ ဒီနေ့ငါ့အချစ်ဆုံးသူငယ်ချင်း ငါ့အသက်ကိုကယ်ခဲ့တယ်” လို့ကဗျည်းတင်ရေးသားခဲ့
လေသည်။ ဒါနဲ့သူ့သူငယ်ချင်းရဲ့အပြုအမူကိုနားမလည်နိုင်သော သူငယ်ချင်းက “ ငါမင်းကိုပါးရိုက်စဉ်က
သဲပေါ်မှာရေးသားပြီး၊ ငါမင်းအသက်ကိုကယ်တော့ဘာလို့ကျောက်ပေါ်မှာရေးသားရသလဲ” ဆိုပြီးမေးမြန်း
ပါတယ်။
ဒါနဲ့ပါးရိုက်ခံရသောသူငယ်ချင်းက သူတစ်ဦးနာကျင်အောင်လုပ်တယ်ဆိုရင် သဲပေါ်မှာသာရေး
သားသင့်သည်။ ဒါမှခွင့်လွတ်ခြင်းလေတိုက်လာတဲ့အခါ အားလုံးကိုဖျောက်ဖျက်ပစ်နိုင်တယ်။ လူတစ်ဦး
ကိုယ့်ကိုကူညီတဲ့အခါကျောက်ပေါ်မှာ သာရေးသားသင့်တယ်။ဒါမှဘယ်လေပဲလာလာ ၊ဘယ်မုန်တိုင်းပဲ
တိုက်တိုက် မပျောက်မပျက်မမြဲတမ်းရှိနေမှာ ဆိုပြီးပြန်လည်ရှင်းပြခဲ့သည်။
No comments:
Post a Comment